ပုရိသတိုင်းကတော့ ဖဲမွေ့ရာထက်မှာ ပါဖောမန့်စ် ကောင်းကောင်းနဲ့ စွမ်းဆောင်ချင်ကြတဲ့ သူတွေချည်းပါပဲ။ သူတို့ရဲ့ ရှော်တီလေးရှေ့မှာ အားမာန်အပြည့်နဲ့ တက်ကြွလန်းဆန်နေတဲ့ ကျားကြီးတစ်ကောင်ရဲ့ အသွင်အပြင်ကို ဖော်ပြချင်တာကလည်း ဘီးကျဲတို့ရဲ့ အိပ်မက်ပဲ မဟုတ်လား။ ဒါပေမဲ့ ကွီးတို့က ကိုယ့်ကိုယ်ကိုယ် ခဏလေး ဂရုမစိုက်လိုက်တာနဲ့ ကွီးတို့ သက်လုံကို ထိပြီး ကျားကြီးအသွင်နဲ့ အားမာန်ပြည့်နေမှာ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ဒီအချက်တွေကို ဆောင် ထားပြီး ကိုယ့်ကိုယ်ကို သေချာ ဂရုစိုက်မယ်ဆိုရင်တော့ ကွီးတို့သည် သက်လုံ ကောင်းကောင်းနဲ့ ချစ်တင်းနှော နိုင်မှာ အသေအချာပါပဲ။

အိပ်ပျော်စေတဲ့ ဟော်မုန်းများကို များများ ထုတ်လွှတ်နိုင်အောင် ဖန်တီးပါ

man sleeping

Melatonin ဟော်မုန်းသည် ကွီးတို့ကို အိပ်ပျော်အောင် ကူညီပေးတဲ့အပြင် အခြားသော အကျိုးကျေးဇူးများ ရရှိအောင်လည်း ကူညီပေးပါတယ်။ တကယ်လို့ ထိုဟော်မုန်းက လျော့နည်းနေမယ်ဆိုရင်တော့ ကွီးတို့ဆီမှာ ပန်းသေ ပန်းညှိုးတဲ့အဖြစ်မျိုး ကြုံတွေ့ရနိုင်တယ်လို့ ၂၀၁၈ ခုနှစ်က လေ့လာထားတဲ့ လေ့လာချက်အရ သိရှိရပါတယ်။ကွီးတို့ ခန္ဓာကိုယ်က Melatonin ဟော်မုန်းသည် အလိုအလျောက် ထွက်ရှိတာဖြစ်ပြီး Pistachios လို့ခေါ်တဲ့ အစားအစာ စားသုံးခြင်းအားဖြင့်လည်း ထိုဟော်မုန်း မြှင့်တက်လာအောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါမှမဟုတ် ဖြည့်စွက်အစားအစာများ၊ အားဆေးများ သောက်သုံးကာ Melatonin မြင့်တက်လာအောင် လုပ်ဆောင်နိုင်ပါတယ်။

လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်တတ်တဲ့ အကျင့်

ဆောင် သက်လုံ ချစ်တင်းနှော

လေ့ကျင့်ခန်းများ ပုံမှန်လုပ်ခြင်းက ကွီးတို့အတွက် ကိုယ်ခံအားကို တိုးတက်စေပြီး ဇီဝကမ္မဖြစ်ပျက်မှု၊ ကြွက်သားများ ဖွံဖြိုးမှု၊ အဆီလောင်ကျွမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် စတာတွေကို ပိုမိုကောင်းမွန် တိုးတက်စေပြီး အလုံးစုံသော ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ကျန်းမာကြံ့ခိုင်ပြီး သက်လုံကောင်း မှသာ စိတ်သွားတိုင်း ကိုယ်ပါပြီး ပျော်ရွှင်စေမှာပါ။ ထို့အတူ လိင်မှုကိစ္စဆောင်ရွက်ရမှာတွင်လည်း စိတ်ကျေနပ်မှု အပြည့်အဝရဖို့ ကျန်းမာကြံ့ခိုင်ပြီး သက်လုံကောင်းဖို့ လိုပါတယ်။

မုန်လာဥနီ များများစားခြင်း

ဆောင် သက်လုံ ချစ်တင်းနှော

ကွီးတို့အနေနဲ့ မုန်လာဥနီ မကြိုက်ဘူးဆိုရင်တောင်မှ ညီလေးရဲ့ ကျန်းမာရေးကို ထည့်စဥ်းစားပြီး များများစားသုံးပေးသင့်ပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ မုန်လာဥနီသည် Sperm အရေအတွက်နှင့် Sperm များ လှုပ်ရှားမှုကို တိုးတက်ကောင်းမွန်စေပြီး မျိုးမအောင်ခြင်းမှ ကာကွယ်ပေးပါတယ်။ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်းနဲ့ မုန်လာဥနီ များများ စားတတ်တဲ့ အလေ့အကျင့်တို့ကို ပေါင်းလိုက်မယ်ဆိုရင်တော့ ကွီးတို့သည် ဖဲမွေ့ရာထက်မှာ အပျော်ရွှင်ရဆုံး ဘီးကျဲတစ်ဗွေ ဖြစ်မှာ မယုံမရှိပါနဲ့။

 အလေ့အကျင့် များများရှိဖို့ လိုအပ်ပါတယ်

ဆောင် သက်လုံ ချစ်တင်းနှော

လေ့ကျင့်ခြင်းက ပြီးပြည့်စုံခြင်းကို ဖန်တီးပေးနိုင်တယ်ဆိုတာကို ကွီးတို့ ကြားဖူးပါလိမ့်မယ်။ တကယ်လို့ ကွီးတို့က ဖဲမွေ့ရာထက်မှာ ချစ်တင်းနှော ဖို့ အချိန် ကြာကြာ မစွမ်းဆောင်နိုင်ဘူး၊ ပါဖောမန့်စ် ကောင်း ကောင်း မပြသနိုင်ဘူးဆိုရင်တော့ အလေ့အကျင့်ကောင်းတွေ လိုအပ်နေတာပဲ ဖြစ်ပါတယ်။ ဘယ်လိုအလေ့အကျင့်မျိုးလဲဆိုတော့ တစ်ယောက်တည်း လက်သိုင်းကျင့်တဲ့ အလေ့အကျင့်ပဲ ဖြစ်ပါတယ်။ လက်သိုင်းကျင့်ခြင်းက ကွီးတို့ကို ဖဲမွေ့ရာထက်မှာ ပါဖောမန့်စ် ကောင်းအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ သင်ကြားပေးပါလိမ့်မယ်။

ကွီးတို့ရော သက်လုံကောင်းကောင်းနဲ့ ချစ်တင်းနှောနိုင်ဖို့ ဘယ်လိုနည်းလမ်းတွေကို အသုံးချလေ့ရှိပါသလဲ။ ဘယ်လို အချက်တွေကို ဆောင် ထားပြီး သက်လုံ ကောင်းကောင်းနဲ့ ချစ်တင်းနှော ဖို့ ကြိုးစားအားထုတ်နေပါသလဲ။

Source: Menshealth

Featured Image: Ottawamenshealthclinic.ca