ယောကျာ်လေး Gamer တော်တော်များများကတော့ ဘောလုံးဂိမ်း မကြိုက်တဲ့သူ မရှိလောက်ဘူး ထင်ပါတယ်။ ဘောလုံးဂိမ်းတွေက ဟိုးအရင် P1 , P2 ခေတ်လောက်ကတည်းက ဒီနေ့ခေတ်အထိ လူကြိုက်များ ရေပန်းစားနေဆဲ ဂိမ်းအမျိုးအစား တစ်ခုပါ။ မိုလ်ဘိုင်းဂိမ်းတွေ ခေတ်ထလာချိန်အထိ ဘောလုံးဂိမ်းတွေရဲ့ ဩဇာလွှမ်းမိုးမှုက မကျသွားပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ဘောလုံးဂိမ်းချစ်သူ ကွီးတို့အတွက် ဆော့ကိုဆော့ကြည့်သင့်တဲ့ Android ဘောလုံးဂိမ်း ခပ်မိုက်မိုက် လေးတွေကို ညွှန်းပေးချင်ပါတယ်။

(၁) Dream League Soccer 2024

Sourcce : DLS – FTS Songs

Dream League Soccer 2024 ကတော့ ဒီနှစ်ထဲမှာ ထွက်ရှိထားတဲ့ အသစ်စက်စက် ဘောလုံးဂိမ်း ဖြစ်ပါတယ်။ ဒီဂိမ်းက တော်တော်လေးကို ဆော့ရတာ မိုက်တယ်ပြောရမှာ ဖြစ်ပြီး နာမည်ကြီး ဘောလုံးသမား ၄၀၀၀ ကျော်နဲ့ အသင်းကို ကိုယ်တိုင်တည်ဆောက်တာ ၊ ဘောလုံးကွင်းတွေ တည်ဆောက်တာတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ 2024 ဗားရှင်းက ယခင်နှစ်တွေတုန်းက ထွက်ရှိခဲ့တဲ့ ဂိမ်းတွေထက် ကစားရတာ ပိုမို Smooth ဖြစ်ပြီး AI ပါဝင်တာကြောင့် ပိုမိုက်ပိုလန်းတဲ့ ဂိမ်းအတွေ့အကြုံကို ရရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး Dream League Soccer 2024 ဂိမ်းက Free To Play ဆော့ကစားနိုင်မှာပါ။

(၂) eFootball 2024

Source : IGN

eFootball 2024 ကလည်း ဒီနှစ်ထဲက အသစ်စက်စက် ဘောလုံးဂိမ်း တွေထဲက တစ်ခုပါပဲ။ Konami ရဲ့ PES ဂိမ်းတွေကို eFootball အဖြစ်ပုံစံပြောင်းထားတာ ဖြစ်ပြီး FIFA ဘောလုံးဂိမ်းတွေထက် ပိုကောင်းအောင် ဂိမ်းအရည်အသွေးကို မြှင့်တင်ပေးထားပါတယ်။ ကစားရတာ တော်တော်လေး Smooth ဖြစ်ပြီးတော့ Graphics ပိုင်းကလည်းလုံးဝ ချီးကျူးစရာပါ။ eFootball ဂိမ်းရဲ့ AI က ပိုခက်တဲ့ Levels တွေကို ပေးထားတဲ့အတွက် ကစားသူတွေအနေနဲ့ အမှန်တကယ် Challenge ဖြစ်ဖြစ် ဆော့ကစားရမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်း Modes တွေ ၊ User-Friendly Interface တွေနဲ့ အွန်လိုင်းပြိုင်ပွဲတွေလည်း ပါဝင်တဲ့အတွက် ဘောလုံးဝါသနာအိုး အကြိုက်တွေ့စေမှာ သေချာပြီး Free To Play လည်း ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

(၃) EA SPORTS FC™ Mobile Soccer

Source : EA SPORTS FC MOBILE

EA Sport ရဲ့ FC Mobile ကတော့ အခြား ဘောလုံးဂိမ်းတွေနဲ့ မတူညီတဲ့ ဂိမ်း Modes တွေ ၊ အသင်းဖွဲ့စည်းမှု ပုံစံတွေနဲ့ နည်းဗျူဟာကျကျ ဆော့ကစားနိုင်မယ့် Manager Modes တွေ ပါတဲ့ ခပ်မိုက်မိုက် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ EA ရဲ့ ဘောလုံးဂိမ်းတစ်ခု ဖြစ်တာနဲ့အညီ Gameplay ပုံစံတွေ ၊ Graphics တွေကတော့ ဘာမှအများကြီး ပြောစရာမလိုပဲ ရာသီအလိုက် ပွဲတွေ ၊ ဆုဖလားတွေကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။ UEFA Champions League နဲ့ Bundesliga တို့လို နာမည်ကြီး လိဂ်တွေရဲ့ ဒိတ်ဒိတ်ကြဲ ကစားသမား တော်တော်များများ ထည့်သွင်းပေးထားပြီး ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အမိုက်စား ဂိမ်းအတွေ့အကြုံ အသစ်တွေကို ပေးစွမ်းမှာပဲ ဖြစ်ပါတယ်။ EA SPORTS FC™ Mobile Soccer မိုလ်ဘိုင်းဂိမ်းကလည်း Free To Play ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

(၄) Football Strike

Source : Miniclip

Football Strike ကတော့ ထွက်တာ ကြာပါပြီ။ ဒါပေမယ့်လည်း အခုချိန်အထိကို ဆော့လို့ကောင်းနေဆဲ ဘောလုံးဂိမ်း List ထဲမှာတော့ ပါနေပါသေးတယ်။ ဒီဂိမ်းက FC Barcelona နဲ့ Liverpool FC တို့လို နာမည်ကြီး အသင်းတွေကို မှီငြမ်းဖန်တီးထားတဲ့အတွက် ဘောလုံးဂိမ်းချစ်သူတွေကြားမှာ ရေပန်းစား နာမည်ကြီးတာပါ။ သူငယ်ချင်းတွေနဲ့ရော မိသားစုတွေနဲ့ ပျော်ပျော်ပါးပါး ဆော့ကစားနိုင်အောင် ဂိမ်းဒီဇိုင်း ရေးဆွဲထားပြီး Free Kick နဲ့ One-On-One Modes တွေ ပါဝင်ပါတယ်။ အင်တာနက် ချိတ်ဆက်မှု ရှိပါက အခြားအမိုက်စား ဂိမ်း Modes အသစ်တွေကို Unlocks လုပ်နိုင်မှာဖြစ်ပြီး ဘောလုံးအသင်းနဲ့ ကစားသမားတွေကို အဆင့်မြှင့်တင်တာ ၊ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပြိုင်ပွဲနဲ့ ဆုဖလားတွေကို ယှဉ်ပြိုင်အနိုင်လုတာ စတဲ့ ဂိမ်းပုံစံတွေ ပါပါတယ်။ Football Strike ဂိမ်းကလည်း Free To Play ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

Source : Android Authority

Featured Photo : Google Play