ဒီနှစ်ထဲမှာ အမျိုးသားတွေအတွက် အထူးရေပန်းစားတဲ့ ဆံပင်စတိုင်တွေ အများကြီး ပေါ်ထွက်လာပါတယ်။ ခပ်တိုတို ခပ်ပါးပါးနဲ့ Stylish ဖြစ်စေတဲ့ ဆံပင်ပုံစံတွေကနေ သပ်သပ်ရပ်ရပ်နဲ့ လူကြီးလူကောင်းဆန်တဲ့ ဆံပင်စတိုင်တွေ ရွေးချယ်စရာအများကြီး ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ရာသီဥတုနဲ့လည်း ကိုက်ညီပြီး ဆော်ကြည်ဘဲတစ်ယောက်ဖြစ်စေမယ့် အလန်းစား ဆံပင်စတိုင် တချို့ကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။

(၁) Spiky Hair

Spiky Hair

Photo : The Trend Spotter

၉၀ ခုနှစ်တွေမှာ လူကြိုက်များ ရေပန်းစားခဲ့တဲ့ ဆံပင်စတိုင်တစ်ခုပါ။ ရှင်းရှင်းသန့်သန့်နဲ့ ယောကျာ်းဆန်တဲ့ Look ကို ပေးပါတယ်။ ဘေးဘက်ကို ခပ်ပါးပါးညှပ်ထားပြီး အပေါ်ကို မတိုမရှည် အနေအထား ထားရပါတယ်။ ဆံပင်ပုံစံကိုက သီးသန့်ပုံသွင်းစရာမလိုပဲ သဘာဝဆန်ဆန်နဲ့ ကြည့်ကောင်းစေတဲ့ ဆံပင်စတိုင် ဖြစ်ပါတယ်။

(၂) Bald Fade

Bald Fade

Photo : The Trend Spotter

ခပ်ဂေါ်ဂေါ် ဘဲတွေ ရွေးချယ်သင့်တဲ့ ဆံပင်စတိုင် တစ်ခုဖြစ်ပါတယ်။ စမတ်ကျပြီး သန့်သန့်ပြန့်ပြန့်နဲ့ ကြည့်ကောင်းတဲ့ အသွင်အပြင်ကို အပြည့်အဝ ပေးပါတယ်။ ဘေးနဲ့အနောက်ဘက်ကို အပြောင်ရှိတ်ထိုးပြီး အပေါ်ဆံပင်ကိုတော့ နောက်ကိုလှန်ဖြီးထားတဲ့ ပုံစံပါ။ လူငယ်/လူလတ်ပိုင်း ကွီးတို့တွေနဲ့ ပိုလိုက်ဖက်ပြီး ခေတ်ဆန်ဆန်နဲ့ အထာကျစေမှာ ဖြစ်ပါတယ်။

(၃) Undercut

Undercut

Photo : The Trend Spotter

ပြီးခဲ့တဲ့ နှစ်တွေအတွင်း အမျိုးသားတွေကြားမှာ ရေပန်းအစားဆုံး ဆံပင်အတိုစတိုင်တွေထဲက တစ်ခုကတော့ Undercut ဆံပင်စတိုင် ပါပဲ။ ဘေး/နောက် ဆံပင်ကို အပြောင်နီးပါး ခပ်တိုတိုညှပ်ထားပြီး အပေါ်ကိုတော့ Pompadours ၊ Quiffs နဲ့ Fringe စတိုင်များ အပါအဝင် ပုံစံအမျိုးမျိုး နှစ်သက်သလို ပုံသွင်းလို့ရပါတယ်။

(၄) Shaved Sides

Shaved Sides

Photo : The Trend Spotter

Shaved Sides ဆံပင်စတိုင် ကတော့ ရှင်းရှင်းသန့်သန့်နဲ့ ယောကျာ်းဆန်တဲ့ ဆံပင်ပုံစံတစ်ခုပါ။ ဆံပင်ရဲ့ဘေးဘက်ခြမ်းနဲ့အတူ မုတ်ဆိတ်ကိုလည်း ခပ်ပါးပါး ရှိတ်ထိုးထားရမှာ ဖြစ်ပါတယ်။ အပေါ်ကိုတော့ ခပ်တိုတိုအထောင်စတိုင်မျိုးပါ။ အခုလို ပူအိုက်တဲ့ နွေရာသီနဲ့ လိုက်ဖက်ပြီး ကြည့်လိုက်တာနဲ့ အေးမြလန်းဆန်းတဲ့ စတိုင်ကို ပေးစွမ်းပါတယ်။

(၅) Mullet

Mullet

Photo : The Trend Spotter

Mullet ကေကတော့ လူငယ်တွေကြားထဲမှာ အရမ်းကို အညှပ်များနေတဲ့ ဆံပင်စတိုင် တစ်ခုပါပဲ။ အဓိကအားဖြင့် အရှေ့ဘက် ဆံသားထိပ်ဖျားနဲ့ အနောက်ဘက်ဆံပင်အောက်ဖျားကို အရှည်ပုံစံထားရပြီး အပေါ်နဲ့ ဘေးနှစ်ဖက်အောက်ပိုင်းကိုတော့ ခပ်တိုတို ၊ ခပ်ပါးပါး ညှပ်ထားပါတယ်။ ဒီဆံပင်ပုံစံက အမျိုးသားတိုင်းနဲ့ လိုက်ဖက်မှုရှိမှာမဟုတ်ပေမယ့် ကိုယ့်ရဲ့မျက်နှာကျအတိုင်း ဆံပင်အတိုအရှည်ကိုတော့ ညှိပြီး ထားလို့ရပါတယ်။ လူငယ်ဆန်ဆန် ၊ အထာကျကျ ဂေါ်ချင်ရင်တော့ Mullet ဆံပင်စတိုင်က သေချာပေါက် ရွေးချယ်သင့်တဲ့အထဲမှာ ပါပါတယ်။

ကွီးတို့ရော ဒီနှစ်ထဲမှာ ဘယ်လို ဆံပင်စတိုင်တွေကို သဘောတွေ့နေပါသလဲ???

Featured Photo : Men’s Hairstyles Today