ကျန်းမာရေး ပြဿနာတွေဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ကြုံတွေ့ရသမျှ ကျန်းမာရေး ပြဿနာများကို လျစ်လျူရှုထားမယ်ဆိုရင်တော့ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အထူးသဖြင့် မျိုးပွားအင်္ဂါနဲ့ ပတ်သက်လာတဲ့အခါ ရှက်ကြောက်နေပြီး ဆေးမြီးတို တွေနဲ့ ကိုယ့်ဘာသာ ရမ်းသမ်း ကုသနေမယ်ဆိုရင်တော့ ကွီးတို့ ညီလေးက ချစ်တင်းနှော ဖို့အတွက်တောင် အဆင်ပြေတော့မှာ မဟုတ်ပါဘူး။
ကွီးတို့ ညီလေး ယားယံရခြင်း အကြောင်းအရင်း များစွာရှိပါတယ်။
ဘယ်လိုအချက်တွေက ကွီးတို့ ညီလေးကို ယားယံစေသလဲ
လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများကြောင့်သော်လည်းကောင်း၊ အရေပြား ဓာတ်မတည့်ခြင်းကြောင့်သော်လည်းကောင်း ကွီးတို့ရဲ့ ဖွားဖက်တော်က ယားယံတတ်ပါတယ်။ ဒါ့အပြင် ဂျုတ်နဲ့ ရိပ်တဲ့အခါမှာလည်း ဘလိတ်ဓားရှရာကြောင့်လည်း ယားယံတတ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးကြောင့် ဖြစ်တတ်သလဲဆိုရင် ကွီးတို့က ဖွားဖက်တော်ရဲ့ အမွှေးအမျှင်များကို အလျင်စလိုရိတ်တဲ့အခါ (သို့) Shaving Foam မသုံးဘဲ ရိတ်တဲ့အခါမျိုးမှာ ဖြစ်ပေါ်တတ်ပါတယ်။
နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ သန်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ဖွားဖက်တော်ရဲ့ ဆံပင်တွေပေါ်မှာလည်း သန်းတွေ တွယ်ကပ်တတ်ပါတယ်။ ကိုယ်တိုင်က တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်းကြောင့်သော်လည်းကောင်း၊ သန်းရှိထားတဲ့ အခြားတစ်ယောက်နဲ့ ခန္ဓာကိုယ် ထိကပ်မှုရှိခြင်းကနေတဆင့် ကူးစက်တတ်ပါသေးတယ်။ သန်းကြောင့် ယားယံပြီး ကုတ်ဖဲ့ခြင်းကနေ ဖွားဖက်တော် အရေပြား ပွန်းပဲ့ခြင်း၊ ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။
နောက်ထပ် အကြောင်းအရင်းတစ်ချက်ကတော့ အမွှးအမျှင်များ ရိတ်ပြီးတော့ ပြန်ပေါက်လာတဲ့ ငုတ်တို Ingrown Hair များကြောင့်လည်း ယားယံတတ်ပါတယ်။
ယားယံနေတာကို ကိုယ့်ဘာသာ ကုမယ်ဆိုရင် နောက်ဆက်တွဲ ဘာတွေ ခံစားရနိုင်သလဲ
ဆရာဝန် သွားမပြဘဲ ကိုယ့်ဘာသာ ဆေးမြီးတို တွေနဲ့ ရမ်းသမ်း ကုသမယ်ဆိုရင်တော့ နောက်ဆက်တွဲ ခံစားရမှာတွေက အများကြီးပါပဲ။
ယားယံနေချိန်မှာ ချစ်တင်းနှောဖို့ကိုလည်း အောင့်ထားသင့်ပါတယ်။ ဦးထုပ် ဆောင်းပြီး ချစ်တင်းနှော မယ်ဆိုရင်တောင်မှ ဘယ်လိုမှ အဆင်မပြေပါဘူး။ ယားယံနေချိန်မှာ ဦးထုပ် သွားဆောင်းတဲ့အခါ ကွန်ဒုံးရဲ့ ရာဘာက ယားယံမှုကို ပိုဆိုးစေပြီး ကွီးတို့ရဲ့ ညီလေးကို ပိုမိုရောင်ရမ်းလာစေပါတယ်။ အကောင်းဆုံးကတော့ ဒီလိုမျိုး ယားယံနေချိန်မှာ ဦးထုပ် ဆောင်းဖို့နေနေသာသာ ကိုယ့်ရဲ့စကီလေးနဲ့ ချစ်တင်းနှောခြင်းကိုလည်း ခဏတဖြုတ် ရပ်ထားသင့်ပါတယ်။ လိင်ဆက်ဆံလို့ မရတာ မဟုတ်ပေမယ့် ဆက်ဆံသင့်တဲ့ အခြေအနေမျိုး မရှိနေတာပါ။ ကွီးတို့ရဲ့ ညီလေးကလည်း ယားယံနေတာကြောင့် ကွီးတို့ရဲ့ စွမ်းဆောင်ရည်ကလည်း ကျဆင်းနေမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ စကီလေးဆီကိုလည်း ရောဂါပိုး ကူးနိုင်ပါသေးတယ်။ ဒါ့ကြောင့်မို့လို့ ဒီလို ယားယံနေချိန်၊ ဆေးဝါး မှီဝဲနေရချိန်၊ ညီလေး ကျန်းမာရေး မကောင်းတဲ့အချိန်မှာ ကွီးတို့ရဲ့ ညီလေး အားပြန် ပြည့်ဖို့ကိုပဲ ဂရုစိုက်သင့်ပါတယ်။
ကွီးတို့လည်း ကိုယ့်ရဲ့ ညီလေးက ပြဿနာတစ်ခုခုနဲ့ ကြုံရတဲ့အခါ ဆေးမြီးတို နဲ့ ကုသဖို့ ယောင်လို့တောင် စိတ်မကူးပါနဲ့၊ မတော်ရင် ချစ်တင်းနှော ဖို့ ညီလေး မရှိဘဲ ဖြစ်သွားပါလိမ့်မယ်။
Source: Healthline
Featured Image: Media.healthnews