ဆေးလိပ် သောက်သုံးခြင်းသည် ကွီးတို့ရဲ့ အဆုတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ ကွီးတို့အားလုံး သိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါဆို ဆေးလိပ် များများ သောက် ရင်ရော ကွီးတို့ စကီလေးနဲ့ ချစ်တင်းနှော ခြင်း ဖြစ်စဥ်ကို သွားရောက် ထိခိုက်မှု ရှိစေနိုင်ပါသလား။

ကွီးတို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ပါ။

ဆေးလိပ် သောက် ခြင်းနဲ့ ချစ်တင်းနှော ခြင်းတို့အကြား ပတ်သက်ဆက်နွယ်မှု

man smoking

အမေရိကန် အဆုတ်ကျန်းမာရေး အဖွဲ့အစည်းရဲ့ ပြောကြားချက်အရ ဆေးလိပ်ထဲတွင် ပါဝင်ပစ္စည်းအမျိုးပေါင်း ၆၀၀ ကျော် ပါဝင်ပြီး အများစုက အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေချည်းပါပဲ။ လူတစ်ယောက်သည် ဆေးလိပ်ငွေ့ကို ရှူရှိုက်လိုက်တာနဲ့တစ်ပြိုင်နက် အမိုးနီးယား၊ ကာဗွန်မိုအောက်ဆိုဒ်နဲ့ ဟိုက်ဒဂရိုဂျင်ဆိုက်ရာနိုက်ဒ်တို့ကို ရှူရှိုက်ပြီးသားဖြစ်သွားပါတယ်။

ဒီလို ရှုရှိုက်မိခြင်းက လူတစ်ယောက်ရဲ့ ယေဘုယျ ကျန်းမာရေးကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ အဆုတ်ရောဂါတို့ကိုပါ ခံစားရနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်များက ပြောကြားထားပါတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ လူတစ်ယောက်ရဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေးနဲ့ မျိုးအောင် နိုင်ခြင်းတို့ကိုပါ အကျိုးသက်ရောက်မှု ရှိသွားပါတယ်။ ကွီးတို့အနေနဲ့ ဆေးလိပ် များများ သောက်ရင် ချစ်တင်းနှော ခြင်း ဖြစ်စဥ်အပေါ် သွားပြီး အကျိုးသက်ရောက်မှု ရှိမှာ အသေအချာပါပဲ။

ရွှေပန်းညှိုးသွားခြင်း

ဆေးလိပ် သောက် ချစ်တင်းနှော

ညိုကီတို့အနေနဲ့ ချစ်တင်းနှောဖို့အတွက် အရင်ဦးဆုံး ဘာလုပ်သင့်သလဲဆိုတာ သိပြီးသားဖြစ်ပါလိမ့်မယ်။ ညိုကီတို့ရဲ့ ညီလေးကို အရင်ဦးဆုံး နိုးထလာအောင် ပြုလုပ်ရတာပဲ ဖြစ်ပါတယ်။ ကွီးတို့က ဘယ်လောက်ပဲ စိတ်ပါလက်ပါနဲ့ တက်ကြွနေတယ်ပဲဆိုဆို ကွီးတို့ရဲ့ ညီလေးက မနိုးထနိုင်ရင်လည်း ချစ်တင်းမနှော နိုင်တော့ပါဘူး။

ဘာ့ကြောင့် ဆေးလိပ်သောက်တာနဲ့ ရွှေပန်းက ညှိုးသွားရတာလဲ

ဆေးလိပ် သောက် ချစ်တင်းနှော

ဆေးလိပ်သောက်ခြင်းကြောင့် ကွီးတို့ရဲ့ ခန္ဓာကိုယ်တွင်းရှိ သွေးကြောများကို သွားပြီး ထိခိုက်မှု ရှိသွားတာဖြစ်ပြီး ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ်မှုကို ထိခိုက်သွားတာပဲဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကွီးတို့ ညီလေးဆီ သွေးမလျှောက်နိုင်တော့တာကြောင့် ကွီးတို့ ညီလေးက ပန်းသေ ပန်းညှိုး ဖြစ်သွားရတာပဲဖြစ်ပါတယ်။

တခြားရော ဘာတွေဖြစ်နိုင်သေးသလဲ

ဆေးလိပ် သောက် ချစ်တင်းနှော

တကယ်လို့ ကွီးတို့ ညီလေးက ပန်းသေ ပန်းညှိုး မဖြစ်ဘူးဆိုရင်တောင်မှ အခြားသော ဘေးထွက်ဆိုးကျိုးတွေ ရှိပါသေးတယ်။ လိင်မှုဘဝ ကျန်းမာရေး ရှုထောင့်ကနေ ပြောရမယ်ဆိုရင် ကွီးတို့ရဲ့ ဟိုစိတ် ဒီစိတ်တွေသည် တဖြည်းဖြည်း လျော့နည်းသွားမှာဖြစ်ပြီး ဖဲမွေ့ရာထက်မှာ အချိန်ကြာကြာ ချစ်တင်းနှောနိုင်ဖို့အတွက် သက်လုံလည်း ကောင်းတော့မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကွီးတို့ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်လိုက်တဲ့ သုတ်ပိုးအရေအတွက်ကလည်း မျိုးအောင်ဖို့ရန်အတွက် ကွာလတီ ပြည့်မှီနိုင်တော့မှာ မဟုတ်ပါဘူး။

ဒီလို ဆိုးကျိုးတွေကို သိပြီးတာတောင်မှ ဆေးလိပ်ကို မဖြတ်နိုင်သေးဘူးလားဗျာ။

Source: Healthline.com

Featured Image: Pristyncare.com