အခုနောက်ပိုင်းမှာ ကိုရီးယားရုပ်သံစီးရီးတွေ ခေတ်စားလာသလို ကိုရီးယား လူမျိုးတွေရဲ့ ဆံကေသာ ထိန်းသိမ်းမှုပုံစံကိုလည်း လူတွေစိတ်ဝင်စားမှု များလာပါတယ်။ အိန္ဒိယလူမျိုးတွေလိုပဲ ကိုးရီးယား လူမျိုးတွေကလည်း ဆံပင်နဲ့ ဦးရေပြားကျန်းမာရေးကို ဂရုစိုက်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ကဲဒါဆို K-Hair Care Routine ဆိုတာ ဘာလဲ ၊ သင့် ဆံကေသာ ကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ Step တွေကို အနီးကပ်လေ့လာကြည့်ရအောင်ပါ။
အဆင့် (၁) Scalp Scaler

Photo : Lifeberrys.com
ကိုရီးယား လူမျိုးတွေက ဦးရေပြားပေါ်မှာရှိတဲ့ ဆဲလ်သေတွေ ၊ အဆီတွေနဲ့ ဖုန်နဲ့အညစ်အကြေးတွေကို ဖယ်ရှားဖို့ Scalp Scaler လို့ခေါ်တဲ့ထုတ်ကုန်ကို အသုံးပြုကြလေ့ရှိပါတယ်။ ဒီထုတ်ကုန်က ခေါင်းလျှော်လိုမျိုး အရည်တစ်မျိုးဖြစ်ပြီးတော့ ဦးရေပြားသန့်စင်ဖို့အတွက်ပဲ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ခေါင်းလျှော်တဲ့အခါ ဦးရေပြားပေါ် ပွတ်လိုက်ရင် အမြုပ်ထွက်တာမျိုးရှိမှာ မဟုတ်ပါဘူး။ တစ်ပတ်ကို တစ်ကြိမ်ထက်ပို မသုံးရဘဲ ခေါင်းမလျှော်ခင်မှာ ဦးရေပြားပေါ်ကို တိုက်ရိုက်လိမ်းပြီး ၁၀ မိနစ်အကြာမှာ ရေဆေးချပေးရပါမယ်။
အဆင့် (၂) Shampoo
Photo : Brickell Men’s Products
ကိုရီးယား လူမျိုးတွေရဲ့ ဆံကေသာ ထိန်းသိမ်းမှုမှာ ဆံပင်အမျိုးအစားနဲ့ ဆံသားလိုအပ်ချက်အတွက် သင့်လျော်ပြီး နူးညံ့စေတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုတာမျိုး ပါဝင်ပါတယ်။ ဦးရေပြားရဲ့ pH Level ကို မထိခိုက်စေပဲ ဆံပင်နဲ့ ဦးရေပြားကို သန့်စင်စေတဲ့အပြင် ဆံသားကို အာဟာရဖြည့်ပေးနိုင်တဲ့ ခေါင်းလျှော်ရည်မျိုးကို ရွေးချယ်ကြပါတယ်။ ဒါ့အပြင် ကိုရီးယားလူမျိုးတွေက ဆံပင်လျှော်နေစဉ်မှာ သူတို့ရဲ့ ဦးရေပြားနဲ့ ဆံပင်ကို နှိပ်နယ်ပေးဖို့ကို အာရုံစိုက်ကြတယ်လို့ ဆံသားပညာရှင်တွေက ဆိုပါတယ်။
အဆင့် (၃) Scalp Massager

Photo : Don’t Waste Your Money
နောက်တဆင့်အနေနဲ့ ကိုရီးယား လူမျိုးတွေက ဆံပင်ကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်တဲ့ ဦးရေပြားတစ်ရှူးတွေကို သွေးလည်ပတ်မှုကောင်းစေဖို့အတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ ဦးရေပြားနှိပ်နယ်တဲ့ စက် Scalp Massager လို့ခေါ်တဲ့ပစ္စည်းကို ပုံမှန်အသုံးပြုကြလေ့ရှိပါတယ်။ ခေါင်းလျှော်ပြီးတာနဲ့ ဆံပင်ကို စနစ်တကျ ခြောက်အောင်လုပ်ပြီး ဦးရေပြားကို စက်ဝိုင်းပုံစံ နှိပ်နယ်ပေးနိုင်ပါတယ်။
အဆင့် (၄) Hair Mask

Photo : Best Products
Hair Mask လိုခေါ်တဲ့ ဆံပင်အားဖြည့်ဆေးဟာ ကိုရီးယား ဆံပင်ထိန်းသိမ်းမှုလုပ်ရိုးလုပ်စဉ်မှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါနေပါတယ်။ Hair Mask အသုံးပြုတာက ဆံသားကို နက်ရှိင်းစွာ အာဟာရဖြည့်ပေးနိုင်ပြီး ဆံကေသာကို ပျော့ပျောင်းစေပါတယ်။ ဒါ့အပြင် ဆံပင်ခြောက်ခြင်း ၊ ကျွတ်ခြင်း ၊ ကွဲအက်ခြင်းနဲ့ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းတွေကို သက်သာစေတဲ့ ပျော့ပျောင်းစေတဲ့ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ အာဂျင်ဆီ ၊ အုန်းဆီ သို့မဟုတ် ကြက်ဆူဆီကဲ့သို့ အဆီတွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Hair Mask တွေကို တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ် အသုံးပြုနိုင်ပြီး ပုံမှန်လုပ်သွားမယ်ဆိုရင် သိသာတဲ့ရလဒ်ကို တွေ့ရမှာပါ။
အဆင့် (၅) Scalp And Hair Toners

Photo : GearHungry
Scalp Toner လိုခေါ်တဲ့ ဦးရေပြား Toner က ဦးရေပြားရောင်ရမ်းမှုကို သက်သာစေပြီး ရောဂါပိုးမွှားတွေကို ဆန့်ကျင်စေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ဗောက်နဲ့ ရောဂါပိုးမွှားများကို ဖယ်ရှားပေးနိုင်ပြီး ဦးရေပြားတစ်ရှူးတွေကို ရေဓာတ်ဖြည့်ပေးပါတယ်။ Hair Toner ကတော့ ဆံကေသာကို ညီတူညီမျှ အစိုဓါတ်ရအောင် လုပ်ဆောင်ပေးပါတယ်။ ဆံကေသာ အမျိုးအစားပေါ်မူတည်ပြီးတော့ သင့်လျော်တဲ့ပါဝင်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဦးရေပြားနဲ့ ဆံပင်အတွက်မှန်ကန်တဲ့ Toner ကို ရွေးချယ်ပေးဖို့ လိုအပ်ပါသည်။ Hair Toner ကို ခေါင်းလျှော်ပြီးတဲ့အခါ တဘက် သို့မဟုတ် ပုဝါနဲ့ ခြောက်အောင်သုတ်ပြီး ဦးရေပြားနဲ့ ဆံပင်အနှံ့ လိမ်းပေးနိုင်ပါတယ်။
Featured Photo : All Things Hair

