သင့်ရဲ့ ဆံကေသာ များ ခြောက်သွေ့ကြမ်းတမ်းကာ ပျက်စီးသွားစေတဲ့ အဓိကတရားခံတွေကတော့ သင် အမှတ်တမဲ့ ပြုလုပ်မိလိုက်တဲ့ အလေ့အကျင့် တွေကြောင့်ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ ဆံကေသာ ကျန်းမာလှပချင်တယ် နူးညံ့တောက်ပြောင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အလေ့အကျင့် များကို ရှောင်ကြဉ်ဖို့ လိုအပ်ပါလိမ့်မယ်။

ဆံပင် အလျှော်များခြင်း

ဆံကေသာ အလေ့အကျင့်

ဆံပင် မကြာခဏ လျှော်ခြင်းကို ဆံကေသာကို ခြောက်သွေ့သွားစေပြီး ဆံပင်အရောင် မှိုင်းမှိုင်းကြီးဖြစ်သွားစေပါတယ်။ ဒါ့အပြင် ဆံပင်အလျှော်များသွားတဲ့အခါ ဆံပင်ကျွတ်ခြင်းကို များပြားစေပြီး ဆံပင်သန်ခြင်းကို နှေးကွေးသွားစေပါတယ်။

ရေပူဖြင့် ခေါင်းလျှော်မိနေခြင်း

ဆံကေသာ အလေ့အကျင့်

ရေပန်းနဲ့ ရေချိုးတဲ့သူတွေအနေနဲ့ သတိထားသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ ရေပူဖြင့် ခေါင်းလျှော်မိတဲ့အခါ ဦးရေပြားပေါ်ရှိ သဘာဝအဆီတွေသည် ပျက်စီးသွားပြီး ဦးရေပြားလည်း ပျက်စီးသွားကာ နောက်ဆုံးမှာတော့ ဆံပင်တွေ တဖြည်းဖြည်းကျွတ်လာပြီး ထိပ်ပြောင်ခြင်း၊ ဆံပင်ပါးသွားခြင်းတို့ကို ခံစားသွားရနိုင်ပါတယ်။

Conditioner အသုံးပြုတဲ့အခါ ဆံပင်အရင်းအထိ လိမ်းမိနေခြင်း

ဆံကေသာ အလေ့အကျင့်

Photo: Pantene

သင်သည် ခေါင်းလျှော်ပြီးတဲ့နောက် Conditioner အသုံးပြုတဲ့အခါ ဘယ်လို အသုံးပြုလေ့ရှိပါသလဲ။

Conditioner ဆိုတာကတော့ ခေါင်းလျှော်ရည်နှင့် မတူဘဲ အရည်ပျစ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ တကယ်လို့ သင်သည် Conditioner ကို ဆံပင်အမြစ်ကနေ စသုတ်လိမ်းနေမိမယ်ဆိုရင်တော့ သင့်ရဲ့ဆံပင်မွှေးညှင်းပေါက်လေးတွေကို သွားပြီး ပိတ်လှောင်ထားမိသလိုဖြစ်ကာ ဆံပင်မွှေးညှင်းပေါက်များကို ပျက်စီးသွားစေပါတယ်။ ဒါ့ကြောင့် Conditioner သုံးတော့မယ်ဆိုရင် ဆံပင်အဖျားနားတွေပဲ သုတ်လိမ်းသင့်ပါတယ်။

ဆံပင်အရှည်ထားတဲ့ ကွီးတို့အတွက်ကတော့ နားရွက်နားရှိ ဆံပင်အရှည်လောက်ကနေ စတင် သုတ်လိမ်းပေးလို့ရပါတယ်။

တဘက်ဖြင့် ဆံပင်ခြောက်အောင် သုတ်မိနေခြင်း

man dry his hair with towel

Photo: Menshairstylestoday

တဘက်ဖြင့် ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း သုတ်ခြင်းသည်လည်း ကွီးတို့ရဲ့ ဆံကေသာ ကို ကြမ်းတမ်းပျက်စီးစေတဲ့ အလေ့အကျင့် တစ်ခုပဲဖြစ်ပါတယ်။ ဆံပင်တွေသည် စိုစွတ်နေတဲ့အချိန်မှာ အားအနည်းဆုံးဖြစ်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်း သုတ်နေမိမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ဆံပင်တွေသည် ပျက်စီးပြီး ဆံကေသာတွေကို ဆုံးရှုံးရပါလိမ့်မယ်။ ဒါ့ကြောင့် ချည်သား တီရှပ်လေးများကို အသုံးပြုကာ သုတ်ပေးခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။

မနက်စာ စားဖို့ မေ့နေခြင်း

breakfast

ပရိုတင်းဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့ မနက်စာကို စားသုံးခြင်းသည် ခန္ဓာကိုယ်ကို စွမ်းအားများ ရရှိအောင် ကူညီပေးရုံသာမကဘဲ ဆံပင်အရှည်မြန်အောင်လည်း ကူညီပေးပါတယ်။ ဒါ့ကြောင့် ပရိုတင်းဓာတ် ကြွယ်ဝတဲ့ မနက်စာများ စားသုံးပေးဖို့ကိုလည်း မမေ့သင့်ပါဘူး။

နေရောင်ခြည် ထိတွေ့မှုများခြင်း

ဆံကေသာ အလေ့အကျင့်

Photo: Unsplash

နေပူထဲ ထွက်တဲ့အခါ ထီးတို့ ဦးထုပ်တို့ မဆောင်းဘဲ အကာကွယ်မဲ့စွာ ထွက်လေ့ရှိပါသလား။ ပြင်းထန်တဲ့ နေရောင်ခြည်သည် အရေပြားကင်ဆာကို ဖြစ်ပွားစေရုံသာမကဘဲ ဆံကေသာများ ခြောက်သွေ့ပျက်စီးအောင်လည်း တွန်းပို့နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်တစ်ခါ အပြင်ထွက်တော့မယ်ဆိုရင် သင့်ရဲ့အသားအရေကိုရော ဆံကေသာအတွက်ပါ လုံလောက်တဲ့အကာအကွယ်များ ပြုလုပ်ပြီးမှသာ အပြင်ထွက်သင့်ပါတယ်။

Source: https: Lofficielusa

Featured Image: Byrdie