ဆံပင်ကောက် တဲ့ ကွီး တို့သည် ကံကောင်းတဲ့ လူသားများလို့တောင် ပြောနိုင်ပါတယ်။ ထို ဆံပင်ကောက် ကောက် ကွီး တို့သည် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဆွဲဆောင်မှုပြင်းလာအောင် ဆံပင်အရှည် ထားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆံပင်စတိုင်လ်များ ထားပေးနိုင်ပါတယ်။
ဆံပင်ကောက်ပြီး ဆံသားတွေ ရှုပ်ထွေးနေလို့ စိတ်ညစ်နေရတဲ့ ကွီးတို့လည်း အခုဖော်ပြပေးမယ့် ဆံပင်စတိုင်လ်များကို အကြိုက်တွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
မတိုမရှည်ဆံပင်အကောက်စတိုင်လ်
ဆံပင်အုံထူပြီး ဆံပင် မသိမသာလေး ကောက်တဲ့ ကွီးတို့အတွက် ဒီဆံပင်စတိုင်လ်က ကြည့်ကောင်းနေစေမှာပါ။
အပေါ်ထောင်ထားတဲ့ ဆံပင်အကောက်စတိုင်လ်
ဆံပင်ဘေးနှစ်ဖက်ကို တိုတိုကပ်ကပ်ကလေး ညှပ်ထားပြီး အလယ်ခြမ်းကို အပေါ်သို့ ထောင်ထားတဲ့ ဆံပင်ကေမျိုးပဲဖြစ်ပါတယ်။ မေးရိုးထင်ရှားတဲ့ကွီးတို့နဲ့ လိုက်ဖက်ပါတယ်။
အကောက်သေးတဲ့ ကွီးတို့အတွက် ဆံပင်စတိုင်လ်
ကိုယ့်ဆံသားက အကောက်သေးတယ်။ ဒါပေမဲ့ အရှည်ထားချင်တယ်ဆိုရင်တော့ ဒီလိုဆံပင်စတိုင်လ်မျိုး ထားနိုင်ပါတယ်။
ဆံသားအကောက်ကြီးတဲ့ ကွီးတို့အတွက် ဆံပင်ကေ
ဆံသားအကောက်ကြီးတဲ့ ကွီးတို့အတွက်တော့ ဒီဆံပင်ကေက အသင့်တော်ဆုံးပါပဲ။
ညှို့ငင်အားပြင်းစေမယ့် ဆံပင်စတိုင်လ်
ကိုယ့်ရဲ့ ခရက်ရှ်က ကိုယ့်ကို ပစ်ကြွေသွားစေမယ့် ဆံပင်စတိုင်လ်တစ်ခုပဲ ဖြစ်ပါတယ်။
ဆံပင်အနားသားလေးတွေ ကောက်တတ်တဲ့ ကွီးတို့အတွက်
ဒီဆံပင်ကေလေးကတော့ သက်လတ်ပိုင်းအမျိုးသားများနဲ့ လိုက်ဖက်တဲ့ ဆံပင်ကေတစ်ခုပဲ ဖြစ်ပါတယ်။
ဆံပင်ကောက်ပြီး အရှည်ထားချင်တဲ့ ကွီးတို့အတွက်
ဒီဆံပင်ကေကတော့ ဆံပင်အုံပါးတဲ့ အမျိုးသားတို့နဲ့ လိုက်ဖက်မယ့် ဆံပင်ကေတစ်ခုပါ။
ရင့်ကျက်တည်ငြိမ်ပြီး လူကြီးလူကောင်းဆန်တဲ့ ဆံပင်စတိုင်လ်
Gentleman စတိုင်လ် ရှိုးအပြည့်ထုတ်ချင်တယ်ဆိုရင်တော့ ဒီဆံပင်စတိုင်လ်မျိုး ပုံသွင်းယူနိုင်ပါတယ်။
တိုတိုကပ်ကပ်ဆံပင်စတိုင်လ်
စမတ်ကျကျနဲ့ ကြည့်ကောင်းနေစေမယ် ဆံပင်စတိုင်လ်မျိုးပဲ ဖြစ်ပါတယ်။
အရှေ့ဆံမြိတ်ကို ခပ်ရှည်ရှည်ညှပ်ထားတဲ့ ဆံပင်စတိုင်လ်
ရုပ်ရှင်ထဲက မင်းသားတွေလို ကြည့်ကောင်းနေစေချင်တယ်ဆိုရင်တော့ ဒီလိုဆံပင်စတိုင်လ်မျိုးက အသင့်တော်ဆုံးပါပဲ။
ဆွဲဆောင်မှုအပြည့်နဲ့ ကြည့်ကောင်းနေစေမယ့် ဆံပင်စတိုင်လ်
အမျိုးသားတိုင်းနဲ့ လိုက်ဖက်တဲ့ဆံပင်ကေ စတိုင်လ်တစ်မျိုးပဲဖြစ်ပါတယ်။
အနောက်လှန်ဖြီးထားတဲ့ ဆံပင်ကေ
ဒီဆံပင်စတိုင်လ်မျိုးကတော့ ဂျယ်လ်နဲ့ ပုံသွင်းလို့ရမယ့် ဆံပင်စတိုင်လ်တစ်မျိုးဖြစ်ပါတယ်။
ကွီးတို့ရဲ့ သွင်ပြင်ကို လုံးဝပြောင်းလဲသွားစေမယ့် ဆံပင်စတိုင်လ်
ဆွဲဆောင်မှုရှိရှိနဲ့ ညှို့ငင်အားပြင်းချင်တယ်ဆိုရင်တော့ ဒီဆံပင်မျိုး ညှပ်ယူနိုင်ပါတယ်။
ဆံပင်ကောက် တဲ့ ကွီး တို့အနေနဲ့ အရှည်ထားချင်ရင် ဒီလိုထားပါ
ဆံပင်ကောက်နေလို့ အရှည်မထားရဲတာမျိုး တွန့်ဆုတ်မနေပါနဲ့။ တစ်ခါလောက် လုပ်ဖူးတယ်ရှိအောင် အရှည်ထားကြည့်လိုက်ပါ။ လိုက် မလိုက်ကိုတော့ တဖြည်းဖြည်းတွေ့မြင်လာပါလိမ့်မယ်။
ဆံပင်ထုံးထားတဲ့ စတိုင်လ်
Photo: Haircutinspiration
ဆံပင်အရှည်ထားတဲ့ ကွီးတို့အတွက် အားသာချက်တစ်ခုကတော့ ဆံပင်ကို အခုလိုလေး ထုံးထားပြီး စတိုင်လ်မိမိုက်နေအောင် ရှိုးထုတ်နိုင်ခြင်းပါပဲ။
အခုဖော်ပြသွားတဲ့ ဆံပင်စတိုင်လ်များကို နဂို ဆံပင်ကောက် တဲ့ ကွီး တို့အားလုံးလည်း အကြိုက်တွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Source: Netluxury