ကွီးတို့ရဲ့ ဆံပင်ကေသည် ကွီးတို့ရဲ့ ဖက်ရှင်အပေါ် (သို့) ကွီးတို့ ကြည့်ကောင်းခြင်း ရှိခြင်း မရှိခြင်း အပေါ်မှာ များစွာ အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့်လည်း စတိုင်လ်လစ်များက ကိုယ့် မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်ကေ နဲ့သာ ခေါင်မိုးချိန်း ဖို့ အကြံပေးကြခြင်း ဖြစ်ပါတယ်။​ ကိုယ့်မျက်နှာကျနဲ့ မလိုက်ဖက်တဲ့ ဆံပင်စတိုင်လ်များက ကွီးတို့ရဲ့ မျက်နှာကို ကြည့်ရဆိုးသွား စေနိုင်ပါတယ်။

ဒါဆိုရင် ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်ကေ နဲ့ ဘယ်လိုမျိုး ခေါင်မိုးချိန်း ကြမလဲဆိုတာ အတူတူလေ့လာ ကြည့်လိုက်ရအောင်။

လေးထောင့်ဆန်ဆန် မျက်နှာကျမျိုး ပိုင်ဆိုင်ထားတဲ့ ကွီးတို့အတွက်

man hairstyle

ကွီးတို့ မျက်နှာကျတဲ့ လေးထောင့်ဆန်ဆန် မျက်နှာကျမျိုး ပိုင်ဆိုင်ထားတာလား။ ဒါဆိုရင်တော့ ဒီဆံပင်ကေနဲ့ လိုက်ဖက်ပါတယ်။ ဆံပင် အရမ်းကြီး တိုတာမျိုး မကြိုက်ဘူး။ မတိုမရှည် ဆံပင်ပုံစံလေးအတိုင်း ညှပ်ချင်တယ်ဆိုရင်တော့ ဒီဆံပင်ကေက အသင့်တော်ဆုံးပါပဲ။

မျက်နှာကျရှည်သော ကွီးတို့အတွက်

man hairstyle

ကွီးတို့ မျက်နှာကျက ရှည်မျောမျောလေး ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဒီဆံပင်စတိုင်လ်မျိုးကို ရွေးချယ်သင့်ပါတယ်။ တိုတိုကပ်ကပ်ကလေးနဲ့ ကြည့်ကောင်းပြီး ကွီးတို့ကို လုံးဝ မိမိုက်နေစေမယ့် ဖက်ရှင် Look မျိုးကို ပေးစွမ်းနေမှာပဲ ဖြစ်ပါတယ်။ ဒီဆံပင်စတိုင်လ်က ဒီနှစ်ထဲမှာ လူကြိုက်များနေတဲ့ ဆံပင်စတိုင်လ်တစ်ခုဆိုလည်း မမှားပါဘူး။

ဆံသားကောက်တဲ့ ဆံပင်ပိုင်ရှင်တို့အတွက်

ဆံပင်ကေ ခေါင်မိုးချိန်း

ကွီးတို့ ဆံကေသာက ခပ်ကောက်ကောက်ဆံသားမျိုး ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဒီဆံပင်ကေက အသင့်တော်ဆုံးပါပဲ။ ရှုပ်ယှက်ခတ်နေတာမျိုးလည်း မရှိသလို လူငယ်ဆန်ဆန်နဲ့ ကြည့်ကောင်းနေစေမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ ဆံကေသာက ထိပ်ဖျားပိုင်းမှာသာ ကောက်တာလား

ဆံပင်ကေ ခေါင်မိုးချိန်း

တကယ်လို့ ကွီးတို့ ဆံကေသာက ထိပ်ဖျားပိုင်းမှာသာ မဆိုစလောက်ကလေ ကောက်နေတာဆိုရင်တော့ ဒီ ဆံကေသာ မျိုးနဲ့ ခေါင်မိုးချိန်း လိုက်တာ အကောင်းဆုံးပါပဲ။ ဘေးနှစ်ဖက်ကို ခပ်ပါးပါးလေး ညှပ်လိုက်ပြီးတော့ ထိပ်ဖျားနားကို ကောက်နေတဲ့ အသွင်မျိုးလေး ဖန်တီးလိုက်ပါ။ ဒါဆိုရင်တော့ ကြည့်ကောင်းသွားမှာ အသေအချာပါပဲ။

ဆံပင်အထောင်ကေကို ကြိုက်နှစ်သက်တာလား

ဆံပင်ကေ ခေါင်မိုးချိန်း

တကယ်လို့ ကွီးတို့က လူငယ်ဆန်လွန်းတာမျိုးလည်း မကြိုက်ဘူး၊ လူကြီးပိုင်း အသက်အရွယ်ကြီးလွန်းတဲ့ ပုံမျိုးကိုလည်း မကြိုက်ဘူးဆိုရင်တော့ ဒီလိုမျိုး ဆံပင်အထောင်ကေက အမိုက်စားပါပဲ။

ကွီးတို့ အခုလောလောဆယ်မှာ ခေါင်မိုးချိန်းဖို့ စဥ်းစားနေပါသလား။ ဘယ်လို ဆံပင်စတိုင်လ်မျိုးကို ချိန်းပစ်မယ်လို့ စဥ်းစားထားပါသလဲ။

Source: Gatsby.sg

Featured Image: Manofmany