ဆံပင်ပါးတဲ့ ယောကျာ်းလေးတွေက ရှိရင်းစွဲထက်ကို အသက်ကြီးတဲ့ပုံ ပိုပေါက်စေပါတယ်။ ဒါပေမယ့် ကွီးတို့ အခုပြောပြမယ့် Tips လေးတွေကို သိထားမယ်ဆိုရင် ကွီးတို့ရဲ့ ရုပ်ရည်သွင်ပြင်ကို မထိခိုက်စေအောင် ပြုပြင်လို့ ရမှာပါ။ ဒီဆောင်းပါးမှာတော့ ဆံပင်ပါးတဲ့ ကွီးတို့အတွက် ဆံပင်ပါး ပေမယ့် စတိုင်ကျ ကြည့်ကောင်းနေစေဖို့ ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) မှန်ကန်တဲ့ ဆံပင်ပုံစံ ရွေးပါ

Hair Dryer

Photo : Bekky Barber

ဆံပင်ပါး ပေမယ့် ကြည့်ကောင်းစေဖို့ဆို Haircut ရွေးချယ်မှု မှန်ကန်ဖို့က ပထမပါ။ Haircut ရွေးတဲ့အခါ ဆံပင်အုံ ထူတဲ့ပုံပေါက်စေဖို့ ခပ်တိုတိုနဲ့ အလွှာစတိုင်တွေကို ရွေးသင့်ပါတယ်။ ဥပမာအားဖြင့် Classic Crop ၊ Textured Quiff နဲ့ Crew Cut တို့လို Haircut တွေက ဆံပင်ပါးတဲ့ ကွီးတို့အတွက် အသင့်လျော်ဆုံး ဆံပင်ပုံစံတွေ ဖြစ်ပါတယ်။

(၂) ဆံပင် ထိန်းသိမ်းမှု လုပ်ပါ

Hair Dryer

Photo : Brickell Men’s Products

ဆံသား ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အစားအစာတွေ စားပေးတာ ဒါမှမဟုတ် ဆံပင်အုံ ထူထည်လာစေဖို့ ပံ့ပိုပေးတဲ့ Volumising Shampoo တွေ သုံးတာ စတဲ့ အချက်လေးတွေကိုလည်း လုပ်ဆောင်ပေးရပါမယ်။ နောက်တစ်ချက်ကတော့ ဆံသားတွေကို ကပ်စေပြီး ဆံပင်ပါးတဲ့ နေရာတွေကို ပိုမိုပေါ်လွင်စေတဲ့ ဆီအခြေခံ Hair Styling ထုတ်ကုန်တွေ အသုံးပြုတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။

(၃) လေမှုတ်စက်နဲ့ ပုံသွင်းပါ

Hair Dryer

Photo : The Beard Club

ဆံပင်ပုံသွင်းတဲ့အခါ Hair Styling ထုတ်ကုန်တွေ လိမ်းကျံပြီးတဲ့နောက် Hair Dryer နဲ့ ပုံသွင်းပေးနိုင်ပါတယ်။ ဆံပင်ရဲ့အတွင်းပိုင်းကို လက်နဲ့ ထိုးဖွပြီး လေမှုတ်ပေးတာက ဆံပင်အုံကို ပိုမိုထူထည်သယောင် ပေါက်စေပြီး ပုံသွင်းထားတဲ့အတိုင်း ဆံပင်ပုံစံကိုလည်း အချိန်ကြာကြာ ပုံပေါ်နေစေမှာ ဖြစ်ပါတယ်။

Source : Men’s Health

Featured Photo : University of California