ခပ်တိုတို ခပ်ပါးပါးနဲ့ လွတ်လပ်ပေါ့ပါးတဲ့ ဆံပင်အတို စတိုင်တွေက အမျိုးသားအများစု ထားဖြစ်ကြတဲ့ ဆံပင်စတိုင် တစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ပူအိုက်တဲ့ရာသီမျိုးမှာ တိုတိုရှင်းရှင်း ဆံပင်ပုံစံတွေက ပိုပြီး နေရတာ သက်တောင့်သက်သာ ရှိစေပါတယ်။ ဆံပင်ထိန်းသိမ်းမှုအတွက်လည်း အချိန်အများကြီး ပေးစရာမလိုပဲ အချိန်တိုင်း စတိုင်ကျချင်တယ်ဆိုရင်တော့ ဆံပင်အတို စတိုင်တွေက အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ။ ဒီနှစ်ထဲမှာ အမျိုးသားထုကြား ဘယ်လို ဆံပင်အတို စတိုင် တွေ ရေပန်းစားနေလဲ ဘယ်လိုပုံစံတွေ ညှပ်ဖို့ စဉ်းစားသင့်လဲ ဆိုတာ ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။
(၁) Ivy League
Photo : Luxatic
Ivy League က Crew Cut နဲ့ Side Part ပေါင်းစပ်ထား ဆံပင်စတိုင် တစ်မျိုးဖြစ်ပြီး အလွယ်ပြောရရင် ဘေးဘက် ၊ အနောက်ဘက် နဲ့ အပေါ်ဘက် ဆံပင်တွေကို ခပ်ပါးပါး ၊ ခပ်တိုတို ထားရတဲ့ ဆံပင်ပုံစံ ဖြစ်ပါတယ်။ အရှေ့ဘက်ဆံပင်ကတော့ အနည်းငယ်အရှည်ထားရတာဖြစ်လို့ဘေးဘက် ဒါမှမဟုတ် အပေါ်ကို လှန်ဖြီးထားလို့ ရပါတယ်။ အမျိုးသားတွေအတွက် အသက်အရွယ်မရွေး ၊ မျက်နှာပုံစံမရွေး လိုက်ဖက်တဲ့ ဆံပင်အတို စတိုင်တစ်ခု ဖြစ်ပါတယ်။
(၂) Crew Cut
Photo : Luxatic
ဆံပင်အတို စတိုင်တွေထဲမှာတော့ Crew Cut က Classic Hairstyle တစ်ခုလို့ ပြောရမှာပါ။ ဆံပင်ထိန်းသိမ်းမှု အများကြီးလုပ်စရာမလိုပဲ စတိုင်ကျနေစေမယ့် ဆံပင်စတိုင်တစ်ခုလည်း ဖြစ်ပါတယ်။ မျက်နှာလေးထောင့်ကျပြီး ဆံပင်အုံထူထူထဲထဲရှိတဲ့ အမျိုးသားတွေနဲ့ အလွန်လိုက်ဖက်တဲ့ ဆံပင်အတို စတိုင်တစ်ခု ဖြစ်ပါတယ်။
(၃) Short Push Up
Photo : Luxatic
လူငယ်ဆန်ပြီး ပေါ့ပါးလွတ်လပ်တဲ့ ဆံပင်စတိုင်မျိုး ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် Short Push Up ဆံပင်ပုံစံက ရွေးချယ်သင့်တဲ့ ဆံပင်အတို စတိုင်တစ်ခု ဖြစ်ပါတယ်။ ဘေးဘက်နဲ့ အနောက်ဘက် ဆံပင်ကို ပါးပါးရှိတ်ထိုးထားပြီး ရှေ့ဆံပင်က အပေါ်ကို ခပ်ဝဲဝဲ ထောင်ထားရတဲ့ ပုံစံဖြစ်ပါတယ်။ လူငယ်ပိုင်း ယောကျာ်းလေးတွေနဲ့ ပိုမိုလိုက်ဖက်မှုရှိပြီး ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျစေမှာ ဖြစ်ပါတယ်။
(၄) Skin Faded Sides
Photo : Luxatic
တိုတို ရှင်းရှင်း ဆံပင်စတိုင်မျိုး ကြိုက်ပေမယ့် ကတုံးဆံပင် စတိုင်ကလည်း ရိုးနေပြီဆိုသူတွေအတွက်တော့ ဒီဆံပင်စတိုင်က အသင့်တော်ဆုံး ဖြစ်ပါတယ်။ ဘေးဘက် ၊ အနောက်ဘက်တွေကို အပြောင်ထိုးထားပြီး အပေါ်ဘက် ဆံပင်ကို ခပ်တိုတို ကပ်ကပ်နဲ့ သပ်ရပ်တဲ့ နှစ်ထပ် ပုံစံ ဆံပင်စတိုင် ဖြစ်ပါတယ်။ ကွီးတို့ ဆံပင်ထိန်းသိမ်းမှုရယ်လို့ ထွေထွေထူးထူး လုပ်စရာမလိုပဲ စတိုင်ကျကျ ကြည့်ကောင်းနေစေမှာ ဖြစ်ပါတယ်။
(၅) Angular Fringe
Photo : Luxatic
၂၀၂၂ ခုနှစ်မှာ လူငယ်ပိုင်း ယောကျာ်းလေးတွေကြား ရေပန်းအစားဆုံး ဆံပင်အတို စတိုင် တစ်ခုပါပဲ။ ဘေးဘက်နဲ့ အနောက်ဘက်ကို ရှိတ်ထိုးထားပြီး အပေါ်ဘက် ဆံပင်ကို အနည်းငယ်ထူထူလေး ထားရတဲ့ ဆံပင်ပုံစံ ဖြစ်ပါတယ်။ ဘယ်လို မျက်နှာကျမျိုးနဲ့မဆို လိုက်ဖက်မှုရှိစေပြီး အထူး သဖြင့် မျက်နှာဝိုင်းတဲ့သူတွေနဲ့ ပိုပြီးသင့်တော်တဲ့ ဆွဲဆောင်မှုအရှိဆုံး ဆံပင်စတိုင် တစ်ခု ဖြစ်ပါတယ်။
Featured Photo : Man of Many