မိမိမျက်နှာကျနှင့် လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်များ ထားရှိခြင်းသည် ကွီးတို့ရဲ့ ဖက်ရှင်စတိုင်လ်ကို ပိုမိုကြည့်ကောင်းနေစေပါတယ်။ ကိုယ့်ရဲ့ ဆံပင်က ဆံပင်အုံပါး လို့ဆိုပြီးလည်း စိတ်ညစ်နေတဲ့ ကွီးတို့လည်း ဆံပင်အုံထူသယောင် ဖန်တီးပေးတဲ့ ဆံပင် စတိုင်လ် များကို ရွေးချယ်ကာ ညှပ်နိုင်ပါတယ်။

ဆံပင်အုံပါး တဲ့ ကွီးတို့ကို ဆံပင်အုံထူသယောင် ဖန်တီးပေးမယ့် ဆံပင် စတိုင်လ် များက ဘယ်လိုဆံပင်စတိုင်လ်တွေ ဖြစ်မလဲ။

အနောက်သို့ လှန်ဖြီးထားတဲ့ စတိုင်လ်

ဆံပင်အုံပါး စတိုင်လ်

ဒီစတိုင်လ်လေးကတော့ ဆံပင်အဖျားနားကို ခပ်ရှည်ရှည်လေး ချန်ထားပြီး ဘေးနှစ်ဖက်ကို ခပ်ပါးပါးလေး ရိတ်ထားကာ ဆံပင်ကို အနောက်သို့ လှန်ဖြီးထားတာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဆံပင်က အုံထူနေစေဖို့အတွက် အပြည့်အဝကူညီပေးမယ့် စတိုင်လ်တစ်မျိုးပဲ ဖြစ်ပါတယ်။

ကပိုကရိုဆံပင်စတိုင်လ်

ဆံပင်အုံပါး စတိုင်လ်

ကွီးတို့ လူငယ်ဆန်ဆန်နဲ့ ကြည့်ကောင်းတဲ့ ဆံပင်စတိုင်လ်လေး ညှပ်ချင်တယ်ဆိုရင်တော့ ဒီလိုစတိုင်လ်မျိုးကို ညှပ်နိုင်ပါတယ်။ ဆံပင်စတိုင်လ်က ကပိုကရိုနဲ့ ကြည့်ကောင်းအောင် ပုံဖော်ပေးထားမှာပဲ ဖြစ်ပါတယ်။

လှိုင်းတွန့်ဆံပင်ကေ

ဆံပင်အုံပါး စတိုင်လ်

နဂိုရှိပြီးသား လှိုင်းတွန့်ဆံပင်ကေကိုမှ သဘာဝအတိုင်း ပုံစံကျကျ ညှပ်ထားတဲ့ စတိုင်လ်တစ်မျိုးပဲဖြစ်ပါတယ်။ ကွီးတို့ကို ဆော်ကြည်ဘဲတစ်ဗွေဖြစ်အောင် ကူညီပေးမယ့် ဆံပင်စတိုင်လ်တစ်မျိုးဆိုလည်း မမှားပါဘူး။

ကြည့်ကောင်းနေစေမယ့် စတိုင်လ်တစ်မျိုး

ဆံပင်အုံပါး စတိုင်လ်

ဒီပုံစံကတော့ ကွီးတို့ကို အထာကျကျနဲ့ ကြည့်ကောင်းနေစေမှာပါ။ ဆံပင်အနားသားလေးကို ခပ်ရှည်ရှည်ထားကာ အနောက်သို့ လှန်ဖြီးထားတဲ့ စတိုင်လ်တစ်မျိုးပဲ ဖြစ်ပါတယ်။

အလယ်ခွဲစတိုင်လ်

ဆံပင်အုံပါး စတိုင်လ်

ကွီးတို့ရဲ့ ဆံပင်အုံပါး နေတဲ့ ပြဿနာကို ဆံပင်ထူသယောင် ဖန်တီးချင်တယ်ဆိုရင်တော့ ဒီ စတိုင်လ် မျိုးကို ရွေးချယ်နိုင်ပါတယ်။ အလယ်တည့်တည့်မှာ ခွဲကြောင်းလေးထားပြီး ခပ်မိုက်မိုက်လေး ပုံသွင်းထားနိုင်ပါတယ်။

အမိုက်စားစတိုင်လ်

hairstyle for men

ဘေးနှစ်ဖက်နဲ့ နောက်စေ့နားကို ခပ်ပါးပါးလေး ထားကာ ညှပ်ထားတဲ့ ဆံပင်စတိုင်လ်လေးပဲဖြစ်ပါတယ်။ ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာပါ။

တိုတိုကပ်ကပ်ဆံပင်စတိုင်လ်

hairstyle for men

ဒီစတိုင်လ်ကတော့ ဆံပင်ပါးလို့ ပါးမှန်းမသိသာစေတဲ့ စတိုင်လ်တစ်မျိုးပါ။ မျက်နှာကျချွန်တဲ့ကွီးတို့နဲ့ လိုက်ဖက်ပါတယ်။ နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးတို့ ထားရှိမယ်ဆိုရင်တော့ ခပ်မိုက်မိုက်လေး ဖြစ်နေမှာပါ။

ဆံပင်ကောက်ကောက်စတိုင်လ်

hairstyle for men

နဂိုအကောက်ရှိတဲ့ ကွီးတို့ကတော့ ဘေးနှစ်ဖက်ကို တိတိရိရိလေး ပုံဖောက်ထားပြီး ဆံပင်ထိပ်ပိုင်းကို တိုတိုကပ်ကပ်လေး ညှပ်နိုင်ပါတယ်။ ကြည့်ကောင်းနေစေမယ့် ဆံပင်ကေတစ်မျိုးပဲ ဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ ဆံပင်စတိုင်လ်လေးတွေကတော့ လတ်တလောမှာ လူကြိုက်များနေတဲ့ စတိုင်လ်တွေပဲဖြစ်ပါတယ်။ ကွီးတို့ရော လက်ရှိမှာ ဘယ်လိုဆံပင်ကေမျိုးတွေ ထားဖြစ်နေပါသလဲ။

Source: Haircutinspiration

Featured Image: Allthingshair