လက်ရှိဆံပင်အရောင်ကို ပြောင်းဖို့စဉ်းစားနေတဲ့ ကွီးတို့ရှိပါသလား။ တစ်ခါတစ်လေ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဆံပင်အရောင် ရွေးချယ်ရတာဟာ ဆံပင်စတိုင်လ် ရွေးချယ်ရတာထက် အနည်းငယ်ပိုပြီး ခက်ခဲနိုင်ပါတယ်။ ဆံပင်အရောင်ရွေးချယ်ရာမှာ မျက်နှာနဲ့ လိုက်မလိုက်နဲ့၊ မိမိရဲ့ အသားအရောင်ကိုပါ ထည့်သွင်းစဉ်းစား ရလို့ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဆံပင်အရောင် ပြောင်းဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် ရွေးချယ်ရ လွယ်ကူစေရန် ဆံပင် ကာလာ မျိုးစုံ ကိုဖော်ပြပေးချင်ပါတယ်။

(၁) အညိုရောင်

ဆံပင် ကာလာ

Photo : www.stretchspandexfabrics.com

ကွီးတို့ရဲ့ ဆံပင် ကာလာ ကို အနက်ရောင်လည်း မထားချင်ဘူး၊ အရမ်းတောက်တာလည်း မလိုချင်ဘူးဆိုရင် အညိုရောင် ကိုရွေးချယ်လိုက်ပါ။ အညိုရောင်က ကွီးတို့ကိုနွေးထွေးတဲ့ ပုံစံပေါက်စေပြီး အသားအရောက် မရွေးလိုက်ဖက်ပါတယ်။ ပုံသွင်းလောက်အောင်ရှည်တဲ့ ဆံပင်နဲ့ဆို ပိုမိုလိုက်ဖက် ပါတယ်။ ဒါ့အပြင် ဘယ်နေရာနဲ့မဆို လိုက်ဖက်ပြီး စတိုင်လ်ကျစေမှာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်နေရတဲ့ ကွီးတို့လည်း ဆံပင်ကို အနက်ရောင်မထား ချင်ဘူး ဆိုရင် ဒီအညိုရောင် ကိုရွေးချယ်လိုက်ပါ။

(၂) ငွေရောင်

ဆံပင် ကာလာ

Photo : Pinterest

ကွီးတို့အနေနဲ့ အလန်းစား ဆံပင် ကာလာကိုမှ ရွေးချယ်ချင်ရင် ငွေရောင် ကို စမ်းကြည့်လို့ရပါတယ်။ ကွီးတို့အနေနဲ့ အမြဲဆန်းသစ်တဲ့ ဖက်ရှင်တွေကို ဝတ်ဆင်လေ့ရှိရင်တော့ ဆံပင်ကာလာ အတွက် ငွေရောင် ကိုရွေးချယ်တာဟာ လုံးဝကိုမှန်ကန်ပါတယ်။ ဒီအရောင်ဟာ ဆံပင် အတိုနဲ့ဖြစ်စေ၊ အရှည်နဲ့ ဖြစ်စေ လိုက်ဖက်တဲ့ အရောင်ပါ။

(၃) အနီရင့်ရောင်

ဆံပင် ကာလာ

Photo : Hair Loss Geeks

အနီရင့်ရောင်ကတော့ အလယ်အလတ်နဲ့ ပုံမှန် အသားအရောင်ရှိသော သူများနဲ့ လိုက်ဖက်ပါတယ်။ ဆံပင် ထူတဲ့ သူတွေ ဆိုးဖို့ အကောင်းဆုံးရွေးချယ်မှုလည်း ဖြစ်ပါတယ်။ အရောင် ခပ်လန်းလန်းလေးနဲ့ တကယ်ကို မိမိုက်စေမှာပါ။

(၄) အညိုရောင် အဖျော့

hair colour

Photo : Pinterest

နောက်ထပ်ဖော်ပြချင်တဲ့ ဆံပင် ကာလာကတော့ အညိုရောင် အဖျော့ ပဲဖြစ်ပါတယ်။ ဒီအရောင်ကလည်း အသားအရောင် တော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ အရောင်ငြိမ်ပြီး ဘယ်လို ဆံပင် ပုံစံမျိုးနဲ့မဆို လိုက်ဖက်တဲ့ အရောင်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အနည်းငယ်တိုတဲ့ ဆံပင်ပုံစံ နဲ့ဆို ဒီအရောင် က ပိုကြည့်ကောင်းတယ် လို့ဆိုပါတယ်။

(၅) ရွှေအိုရောင်

hair color

Photo : Pinterest

ရွှေအိုရောင်က အမျိုးသား၊ အမျိုးသမီးမရွေးလိုက်ဖက်တဲ့ အရောင်ပဲဖြစ်ပါတယ်။ လူတော်တော်များများ ကြိုက်နှစ်သက်တဲ့ အရောင်ဆိုလည်း မမှားပါဘူး။ အလယ်အလတ် အသားအရေ တို့နဲ့ ကောင်းစွာ လိုက်ဖက်ပြီး မျက်နှာကို လင်းစေတဲ့အရောင်ပဲ ဖြစ်ပါတယ်။ သပ်ရပ်တဲ့ ဆံပင်ပုံစံတွေနဲ့ လိုက်ဖက်တဲ့အပြင် လှိုင်းတွန့်ရှိတဲ့ ဆံပင်ပုံစံမျိုးနဲ့လည်း တကယ်ကို လိုက်ဖက်ပါတယ်။

(၆) ခရမ်းပြာရောင်

hair colour

Photo : Pinterest

ကွီးတို့အနေနဲ့ လုံးဝကို အလန်းစားဖြစ်စေမဲ့ Crazy Colour တွေကိုမှ တစ်ခါလောက်တော့ စမ်းကြည့်ချင်တယ် ဆိုရင် Crazy Colour အများကြီးထဲကမှ ခရမ်းပြာရောင် ကိုစမ်းကြည့်လို့ ရပါတယ်။ လူငယ်ဆန်တဲ့ အရောင်ဖြစ်တဲ့ အတွက် မိမိုက်ပြီး စတိုင်ကျစေမှာ အမှန်ပဲ ဖြစ်ပါတယ်။

Source : Macho Hairstyles

Featured Photo : Pinterest