ဆံပင်အရှည်မြန်အောင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လို ဆံကေသာထုတ်ကုန်ပစ္စည်းတွေက ဆံပင်အရှည်မြန်အောင် ကူညီပေးနိုင်မလဲဆိုတာကို စဉ်းစားခန်းဝင်နေပါသလား။ သဘာဝအတိုင်း ဆံပင် အရှည်မြန်အောင် ဖန်တီးချင်တဲ့ ကွီး တို့အတွက် နည်းလမ်း ကောင်းအချို့ရှိပါတယ်။

ကျွန်တော်တို့ လူသားတွေရဲ့ ဦးရေပြားပေါ်မှာ ဆံကေသာမွှေးညှင်းပေါင်းများ ၁ သိန်းနီးပါးခန့်ရှိပါတယ်။ အရေပြားပညာရှင်များရဲ့ ပြောကြားချက်အရ လူတစ်ယောက်သည် တစ်နေ့လျှင် ဆံပင်မွှေး အချောင်း ၅၀ မှ ၁၀၀ ခန့် ကျွတ်ခြင်းသည် ပုံမှန်ပဲဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဆံပင် ကွီး နည်းလမ်း

ဦးရေပြားအောက်မှာ တည်ရှိတဲ့ သွေးတွေသည် မွှေးညှင်းပေါက်လေးတွေဆီသို့ စီးဆင်းသွားပြီး အောက်စီဂျင်ဓာတ်နှင့် ဆံကေသာအတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို စုပ်ယူပေးခြင်းအားဖြင့် ဆံပင်ရှည်လာရခြင်း ဖြစ်ပါတယ်။

ဆံပင်သန်ခြင်း မသန်ခြင်းသည် မျိုးရိုးဗီဇနှင့်လည်း များစွာသက်ဆိုင်ပါတယ်။ ဆံပင် အရှည်မြန်အောင် ဆံပင်သန်ချင်တဲ့ ကွီး တို့အတွက် မှော်ဆေးနည်းတွေ မရှိသေးပေမယ့် သဘာဝ နည်းလမ်း ကောင်းတွေတော့ ရှိပါသေးတယ်။

အုန်းနို့အသုံးပြုပါ

ဆံပင် ကွီး နည်းလမ်း

အုန်းနို့ထဲတွင် ဆံကေသာအတွက် လိုအပ်တဲ့ သံဓာတ်၊ ပိုဆက်စီယမ်ဓာတ်နှင့် သဘာဝအဆီဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ အသုံးပြုမယ်ဆိုရင်တော့ ရယ်ဒီမိတ်အုန်းနို့ထက် လတ်လတ်ဆတ်ဆတ်ပြုလုပ်ထားတဲ့ အုန်းနို့က ပိုပြီးအာနိသင်ရှိပါတယ်။

အုန်းနို့အနည်းငယ်ကို သံပုယိုရည် (သံပုယိုသီး တစ်ခြမ်းကို အရည်ညှစ်ထားပါ)၊ လာဗန်ဒါအဆီ ၄ စက်ခန့်တို့ ဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဆံကေသာ အရင်းကနေ အဖျားအထိ လိမ်းကျံပေးလိုက်ပါ။ ၄ နာရီ၊ ၅ နာရီခန့် ထားထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တော့မှ ခေါင်းလျှော်ချလိုက်ပါ။

ကြက်ဥနဲ့ ပေါင်းတင်ပါ

ဆံပင် ကွီး နည်းလမ်း

Photo: Oliveoil.com

ကြက်ဥထဲတွင် ဆာလဖာ၊ ဇင့်၊ သံဓာတ်၊ ဆယ်လီနီယမ်၊ ဖော့စဖရပ်နှင့် အိုင်အိုဒင်းဓာတ်တို့ ပါဝင်ပါတယ်။ ထိုအာဟာရဓာတ်များသည် ဆံကေသာ ကျန်းမာသန်စွမ်းအောင် ကူညီပေးနိုင်ပါတယ်။

ကြက်ဥအကာတစ်လုံးကို ပန်းကန်လုံးထဲ ထည့်ထားလိုက်ပါ။ ထို့နောက် သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ သံလွင်ဆီ အသုံးမပြုချင်ပါကလည်း လာဗန်ဒါအဆီကို အသုံးပြုနိုင်ပါတယ်။ သမအောင် ရောမွှေပြီးတဲ့နောက်မှာတော့ ဦးရေပြားနဲ့ ဆံကေသာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ခန့်ကြာတဲ့အခါမှာတော့ ရေအေးအေးလေးနှင့် ခေါင်းလျှော်ချလိုက်ရုံပါပဲ။

ထိုသဘာဝနည်း (၂) မျိုးတည်းက ကွီးတို့ကြိုက်နှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။

အရေးအကြီးဆုံးတစ်ချက်

hair care for men

ဒါ့အပြင် အရေးအကြီးဆုံးတစ်ချက်ကတော့ ဆံပင်ကို အစိုဓာတ်ထိန်းပေးရမှာပဲ ဖြစ်ပါတယ်။ ဆံပင်ကို အစိုဓာတ် ထိန်းပေးဖို့အတွက်နဲ့ အမြဲတမ်း နူးညံ့ပျော့ပျောင်းနေဖို့အတွက်ဆိုရင် ခေါင်းလျှော်ပြီးတိုင်းမှာ ဆံကေသာကို Conditioner နဲ့ ထပ်လျှော်ပေးဖို့ လိုအပ်ပါတယ်။

နောက်ထပ်ဆောင်ရန်အချက်တစ်ခုကတော့ ကွီးတို့အနေနဲ့ ဆံပင်ကို တိုကပ်သွားသည်အထိ မညှပ်ချင်ရင်တောင်မှ ဆံပင်အဖျားတွေကို ပုံမှန်ညှပ်ပေးဖို့လိုအပ်ပါတယ်။ ဦးရေပြားကိုလည်း အမြဲတမ်းသန့်ရှင်းနေအောင်ထားပါ။ တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်မှ အများဆုံး နှစ်ကြိမ်၊ သုံးကြိမ်အထိသာ ခေါင်းလျှော်သင့်ပါတယ်။

Source: Mindbodygreen

Featured Image Source: Themanual