ဆံပင် ဆေးဆိုး ခြင်းသည် ယနေ့ခေတ်မှာ ခေတ်မှီပြီး ဖက်ရှင်ကျတဲ့ လူတိုင်းလိုလို ပြုလုပ်နေကြတဲ့အရာပဲ ဖြစ်ပါတယ်။ အချို့ကလည်း ဆံပင် ဆေးဆိုး ခြင်းကို ဆိုင်မှာပဲ အလွယ်လေး သွားဆိုးလေ့ရှိပြီး အချို့ကလည်း မိမိကြိုက်နှစ်သက်တဲ့ ဆေးရောင် တစ်မျိုးမျိုး ဝယ်ယူကာ အိမ်မှာပဲ ဆေးဆိုးလိုက်ကြပါတယ်။

ဒါပေမဲ့ အိမ်မှာ ဆံပင် ဆေးဆိုး တဲ့အခါ ကျွမ်းကျင်ဆံသဆရာတွေ ဆိုးပေးသလိုမျိုးတော့ ထွက်လာမှာမဟုတ်ပါဘူး။ ကွီးတို့က အမှန်တကယ် ကျွမ်းကျင်ပြီး ဆံပင်အကြောင်းနှင့် ဆိုးဆေးတွေအကြောင်း သိထားမှသာလျှင် မိမိ လိုချင်တဲ့ပုံစံအတိုင်း ပုံဖော်နိုင်မှာဖြစ်ပါတယ်။

ဒါဆိုရင် ပရော်ဖက်ရှင်နယ်ကျကျ ဆံပင် ဆေးဆိုး ဖို့ရန်အတွက် ဘယ်လိုအချက်တွေကို လေ့လာထားသင့်သလဲ။

အခုဖော်ပြပေးမယ့် အဆင့်များကို အသုံးပြုလိုက်ပါ။ ဒီအဆင့်များက ကိုယ့်အိမ်မှာပဲ ဆံပင်ဆေးဆိုးချင်တဲ့ ကွီးတို့အတွက် အကူအညီကောင်းတွေဖြစ်မှာပါ။

အဆင့် (၁) သန့်ရှင်းအောင် ပြုလုပ်ထားပါ

steps for hair dye

အရင်ဦးဆုံး ဘယ်နေရာမှာ ဆံပင် ဆေးဆိုးမလဲဆိုတာ ရွေးချယ်ပါ။ ရေချိုးခန်းထဲမှာ ဆိုးမယ်ဆိုရင် ဘေစင်ကို သန့်ရှင်းရေး ပြုလုပ်ထားပါ။ ဘေစင်ပေါ်မှာ တင်ထားတဲ့ သွားတိုက်တံခွက်များနှင့် အခြားသော အလှကုန်ပစ္စည်းများအားလုံးကို တစ်နေရာသို့ ရွေ့ထားပါ။ ဘေစင်မှာ ဘာဆိုဘာမှမရှိအောင် နေရာလွတ် ဖယ်ထားရပါမယ်။

အဆင့် (၂) ခေါင်းလျှော်ပါ

steps for hair dye

ဆံပင် ဆေးမဆိုးခင်မှာ သင့်ဆံပင်တွေသည် သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဆေးမဆိုးခင်မှာ အရင်ဦးဆုံး ခေါင်းလျှော်ပေးလိုက်ပါ။ ခေါင်းလျှော်တဲ့အခါ ရိုးရိုးရေနဲ့သာ လျှော်ပေးရပါမယ်။ ခေါင်းလျှော်ရည်နှင့် Conditioner တို့ သုံးစရာမလိုပါဘူး။ ဆံပင်ပေါ်မှာ ကပ်နေတဲ့ ဖုန်မှုန့်နှင့် အညစ်အကြေးများကို ဖယ်ရှားပေးရင်ပဲ လုံလောက်ပါပြီ။

အဆင့် (၃) ဆိုးဆေးများ အသားအရေပေါ် မကျဖို့ရန်အတွက် ကာကွယ်ပါ

steps for hair dye

Hairline လို့ ခေါ်တဲ့ ဆံပင်မွှေး သေးသေးလေးတွေ ပေါက်တဲ့နေရာရှိပါတယ်။ ထိုနေရာတစ်ဝိုက်ကို Petroleum Jelly အနည်းငယ်ဖြင့် လိမ်းကျံပေးလိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့အရေပြားက ဆိုးဆေးပေမှာကို စိတ်ပူစရာမလိုတော့ပါဘူး။ သတိထားရမယ့်အချက် တစ်ခုကတော့ Petroleum Jelly ကို ဆံပင်ပေါ်မှာ မလိမ်းမိဖို့ပါပဲ။ နို့မဟုတ်ရင် Petroleum Jelly ထိထားတဲ့နေရာက ဆိုးဆေးအရောင်မထွက်တော့ဘဲ ဆံပင်အကွက်လိုက်ကြီး မဲကျန်နေခဲ့ပါလိမ့်မယ်။

အဆင့် (၄) ဆေးဆိုးပါ

ဆံပင် ဆေးဆိုး

အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဆိုးဆေး စတင်ဆိုးလို့ရပါပြီ။ အရင်ဦးဆုံး လက်နှစ်ဖက် မပေကျံဖို့ရန်အတွက် လက်အိတ်အရင်ဝတ်လိုက်ပါ။ ထို့နောက် ဆေးရောင်များကို ကာလာစပ်လိုက်ပါ။ ပြီးတဲ့အခါမှာတော့ ဆံပင်ပေါ်မှာ တစ်လွှာချင်းစီ စိတ်ရှည်ရှည်နဲ့ ဆိုးပေးလို့ရပါပြီ။

အဆင့် (၅) စိတ်ရှည်ပါ

ဆံပင် ဆေးဆိုး

မိမိလိုချင်တဲ့ အရောင် ရဖို့အတွက်ဆိုရင် ဆံပင် ဆေးဆိုးပြီးတာနဲ့ အချိန်တစ်ခုစောင့်ဖို့ လိုအပ်ပါတယ်။ သင် သုံးတဲ့ ဆိုးဆေး ဘရန်းနှင့် အရောင်အမျိုးအစားပေါ် မူတည်ပြီး မိနစ် ၂၀ မှ ၄၅ မိနစ်အထိ ကြာနိုင်ပါတယ်။

အဆင့် (၆) ခေါင်းလျှော်ချလိုက်ပါ

ဆံပင် ဆေးဆိုး

သတ်မှတ်ချိန် ပြည့်အောင် စောင့်ပြီးတဲ့နောက်မှာတော့ ခေါင်းလျှော်ချလိုက်လို့ ရပါပြီ။ ဒီအချိန်မှာတော့ ခေါင်းလျှော်ရည် အသုံးပြုကာ လျှော်ပေးရမှာ ဖြစ်ပါတယ်။ ခေါင်းလျှော်ပြီးသွားလို့ ဆံပင် လေမှုတ်စက်ဖြင့် လေမှုတ်တဲ့အခါမှာလည်း မီးအပူ ပြင်းပြင်းနဲ့ မမှုတ်ဘဲ အလယ်အလတ် မီးအပူချိန်ဖြင့် မှုတ်ပေးလိုက်ရပါမယ်။

အဆင့် (၇) ဆိုးဆေး အရောင် ကြာရှည်ခံအောင် ပြုလုပ်ပါ

ဆံပင် ဆေးဆိုး

ဆံပင်ဆိုးဆေး အရောင်များသည် ကိုယ် သုံးလိုက်တဲ့ ဘရန်း အမျိုးအစားပေါ် မူတည်ပြီး အရောင် ကြာရှည်ခံခြင်းသည်လည်း ပြောင်းလဲသွားတတ်ပါတယ်။ ဒါ့အပြင် ဆံပင် အရှည်မြန်သူများအနေနဲ့လည်း ဆံပင်အသစ်တွေ ရှည်ထွက်လာတဲ့ အတွက်ကြောင့် ဆိုးထားတဲ့ ဆံပင်နဲ့ ရှည်ထွက်လာတဲ့ ဆံပင်အသစ်တို့သည်လည်း အရောင် ရောသွားမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဆိုးဆေး အရောင် ညီချင်တယ်ဆိုရင်တော့ အရောင် ပြန်ညှိပေးဖို့ လိုအပ်ပြီး နေ့တိုင်း ခေါင်းလျှော်ခြင်းကလည်း ဆံပင် ဆိုးဆေးအရောင်ကို မှိန်သွားစေတာကြောင့် ရှောင်ကြဥ်သင့်ပါတယ်။

Source: Realmenrealstyle

Featured Image: Menshealth