ဆံပင် ပျက်စီးစေတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ ဥပမာအားဖြင့် ရာသီဥတုနဲ့ နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးတတ်သလို Hair Care ကောင်းကောင်း မလုပ်တာကြောင့်လည်း ပျက်စီးတတ်ပါတယ်။ ဒီလို ဆံပင် ပျက်စီး စေတဲ့ အကြောင်းအရင်း များစွာရှိတဲ့အထဲကမှ အဓိက အကြောင်းအရင်း ၅ ချက်ကို ပြောပြပေးချင်ပါတယ်။
(၁) အာဟာရ မပြည့်ခြင်း
Photo : Men’s Health
ဗီတာမင်နဲ့ အာဟာရဓာတ်တွေဟာ ကျန်းမာတဲ့ ကိုယ်ခန္ဓာအတွက်မရှိမဖြစ် အရေးပါသလို ဆံပင်သန်စွမ်းမှုအတွက်ပါ အကျိုးကျေးဇူးများပါတယ်။ အကြော်အလှော်တွေ စားတာ လျှော့ပြီး အသားဓာတ် ၊ သံဓာတ် ၊ သတ္ထုဓာတ်နဲ့ Biotin ဓာတ်တွေ ပြည့်ဝတဲ့ ဥ ၊ ပဲ ၊ ငါး နဲ့အသီးအနှံတွေ ပုံမှန် စားသင့်ပါတယ်။
(၂) မကြာခဏ ခေါင်းလျှော်ခြင်း
Photo : VistaCreate
ဆံပင်ဟာ ရေအထိ များရင် ဆံပင်နှစ်ခွဖြစ်တာ ၊ ဆံပင်အဆီတွေ ခန်းတာ ဖြစ်စေနိုင်ပါတယ်။ ဦးရေပြားက ထုတ်တဲ့ သဘာဝအဆီဟာ ဆံပင်ကို မပျက်စီးအောင် ကာကွယ်ပေးပြီး တောက်ပ သန်စွမ်းစေပါတယ်။ ခေါင်းလျှော်မယ်ဆိုရင်လည်း တစ်ပတ်မှာမှ ၃ ရက်ထက် ပိုပြီး မလျှော်သင့်ဘူးလို့ အလှအပကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။
(၃) ရေပြောင်အောင် မသုတ်ခြင်း
Photo : Freepik
အလုပ်နောက်ကျမှာစိုးလို့ ရေကို မြန်မြန်ချိုးပြီး ခေါင်းပေါ်က ဆံပင်ကို ရေ ပြောင်စင်အောင် မသုတ်ဖြစ်ရင်လည်း ဆံပင်ပျက်စီးနိုင်ပါတယ်။ ရေစိုနေတဲ့ ဆံပင်ဟာ အားနည်းနေပြီး ဆံပင်ရေစိုချိန်မှာ ခေါင်းဖြီးလိုက်ရင် ဆံသား ပျက်စီးနိုင်ခြေ ပိုများပါတယ်။ အလားတူပဲ ချည်သားကြမ်းကြမ်း Towel နဲ့ခေါင်းပေါ်က ရေကို အားနဲ့ဖိသုတ်မယ်ဆိုရင်လည်း ဆံပင်ထိခိုက်ပျက်စီး နိုင်ပါတယ်။
(၄) နေရောင်အထိ များခြင်း
Photo : iStock
အပြင်မှာ အထွက်များတဲ့ သူတွေအနေနဲ့ ထီး ၊ ဦးထုပ်စတဲ့ နေရောင်ခြည်ကာ ပစ္စည်းတစ်ခုခု ဆောင်းပြီးမှ ထွက်သင့်ပါတယ်။ နေရောင်ကြောင့် UV အထိများရင် အသားအရေအပြင် ဆံပင်လည်း ပျက်စီးတတ်ပါတယ်။ အပြင်ထွက်ချိန်မှာ UV ခရမ်တစ်ခုခု လိမ်းပြီး အသားအရေ ထိန်းသိမ်းသလို နေရောင်အောက် အကြာကြီး နေရတဲ့ အလုပ်လုပ်သူတွေမှာလည်း ဆံပင်ကို ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။
(၅) ခေါင်းလိမ်းဆီ အသုံးများခြင်း
Gel လို Hair Styling Product တွေ အများကြီး သုံးဖြစ်ရင်လည်း ဆံပင်ကျွတ်တာ ၊ ဆံသားပျက်စီးတာ ဖြစ်နိုင်ပါတယ်။ ခေါင်းလိမ်းဆီကို အသင့်အတင့်ပဲ သုံးသင့်ပြီး တစ်နေရာတည်းမှာ အပုံလိုက်ကြီး ဖြစ်မနေစေဖို့ သတိထားသင့်ပါတယ်။
Featured Photo : Hims