ရေကူးတာက ခန္ဓာကိုယ်ရော စိတ်ပါ ကျန်းမာလန်းဆန်းစေတဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ သို့သော် ရေကူးကန်တွေမှာ ပါဝင်နေတဲ့ ကလိုရင်းတွေက ကွီးတို့ရဲ့ ဒုတိယမျက်နှာလို့ တင်စားရတဲ့ ဆံပင် တွေကို ပျက်စီးစေနိုင်တယ် ဆိုတာလည်း သတိပြုမိဖို့ လိုပါတယ်။ ကလိုရင်း ခတ်ထားတဲ့ရေဟာ ကျွန်တော်တို့ရဲ့ ဆံပင်နဲ့ ဦးရေပြားအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်ပြီး ကျိုးကြေပျက်စီးသွား စေနိုင်ပါတယ်။ ဒီအတွက် အရမ်းကြီး စိတ်မပူပါနဲ့။ ရေဘယ်လောက်ကူးကူး ကွီးတို့ရဲ့ ဆံပင်တွေကို ပျက်စီးမှုမရှိအောင် ကာကွယ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဒီဆောင်းပါးကနေတဆင့် မျှဝေပေးချင်ပါတယ်။

(၁) ဆံပင်ကို ဆီလိမ်းပါ

Hair Oil

Photo : AugustMan Singapore

ကလိုရင်းပါတဲ့ ရေကန်ထဲကို မဆင်းခင်မှာ အရေးကြီးဆုံး လိုက်နာရမယ့် အချက်က ဆံပင်ကို သံလွင်ဆီ သို့မဟုတ် အုန်းဆီ တစ်ခုခု လိမ်းပေးတာပါပဲ။ ဆံပင်ကို ဆီလိမ်းပေးထားခြင်းအားဖြင့် ဆံသားနဲ့ ဦးရေပြားအတွင်းကို ကလိုရင်း စိမ့်ဝင်နိုင်ခြင်းမှ ကာကွယ်တားဆီး ပေးနိုင်တဲ့အတွက် ဆံသား ပျက်စီးခြောက်သွေ့တာ ၊ ဆံပင်အရောင်ကျွတ်တာ ၊ ကလိုရင်းကြောင့် ဆံပင်နဲ့ ဦးရေပြားမှာရှိတဲ့ အာဟာရဓာတ်တွေ ဆုံးရှုံးတာ စတဲ့ ပြဿနာတွေကို လျှော့ချပေးနိုင် ပါလိမ့်မယ်။

(၂) ရေကူးဦးထုပ် ဆောင်းပါ

Swimming Cap

Photo : Pexels

ရေကူးချိန်မှာ Swimming Cap လို့ခေါ်တဲ့ ရေကူးဦးထုပ်တွေ ဆောင်းပေးထာက ဆံပင် ပျက်စီးခြင်းကို ကာကွယ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ Swimming Cap တွေက ဦးခေါင်း တစ်ခုလုံးကို ဖုံးအုပ်ပေးထားတဲ့အတွက် ဆံပင်နဲ့ ဦးရေပြားကို ကလိုရင်းပါတဲ့ရေ တိုက်ရိုက် ထိတွေ့ခြင်းမှ လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ရေကူးတဲ့အခါ ဆံပင် မပျက်စီးစေချင်ဘူးဆိုရင်တော့ ရေကူးဦးထုပ် မဖြစ်မနေ ဆောင်းပေးဖို့ အကြံပေးလိုပါတယ်။

(၃) ကလိုရင်းမပါတဲ့ ရေနဲ့ ခေါင်းပြန်လျှော်ပါ

Man Washing Hair

Photo : Pete & Pedro

ရေကူးပြီးတာနဲ့ ချက်ချင်း ကလိုရင်းမပါတဲ့ ရေနဲ့ ခေါင်းလျှော်သန့်စင်ပေးဖို့ လိုပါတယ်။ ဒါမှလည်း ဆံပင်နဲ့ ဦးရေပြားမှာ ကလိုရင်းနဲ့ အခြားအန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ စုပုံနေစေခြင်းမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကလိုရင်းဓာတ်တွေကို ပြယ်ဖျက်ပေးနိုင်တဲ့ Anti Chlorine Shampoo ကို အသုံးပြုပြီး ခေါင်းလျှော်ပေးမယ် ဆိုရင်တော့ ပိုထိရောက်ကောင်းမွန်ပါတယ်။

(၄) Conditioner သုံးပါ

Conditioner

Photo : Oars + Alps

Conditioner က ဆံသားခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီး အစိုဓာတ်ထိန်းထားပေးကာ ဆံသားနဲ့ဦးရေပြားကို အာဟာရ ပြည့်ဝစေပါတယ်။ ဒါကြောင့် ရေကူးပြီးချိန်မှာ ဆံပင်နဲ့ဦးရေပြားအတွက် ကုန်ခမ်းသွားတဲ့ အာဟာရဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့နဲ့ ဆံသားခြောက်သွေ့ ပျက်စီးခြင်းတွေကို ကာကွယ်နိုင်ဖို့ Conditioner သေချာပေါက် သုံးပေးသင့်ပါတယ်။

(၅) Dryers အသုံးပြုခြင်းကို ရှောင်ပါ

Photo : SPY

ရေကူးပြီးချိန်မှာ ဆံပင် အခြောက်ခံဖို့ Dryers တွေ ၊ လေမှုတ်စက်တွေကို အသုံးမပြုဖို့ မှာချင်ပါတယ်။ ဒီလိုနည်းနဲ့ ဆံပင်အခြောက်ခံခြင်းက ဆံသားကို ပျက်စီးစေပြီး ဆံပင်ရဲ့အစိုဓာတ်ကို ပိုမိုခမ်းခြောက်စေပါတယ်။ ဒီအစားဆံပင်ကို တဘက်နဲ့ခပ်ဖွဖွ ခြောက်အောင်သုတ်ပြီး သဘာဝအတိုင်း အခြောက်ခံတာက ပိုကောင်းပါတယ်။

Featured Photo : Z3R0D