မနေ့ကမှ ဆံပင်ညှပ်ပြီးတယ်၊ ညှပ်လိုက်တဲ့ ဆံပင်က ပုံဆိုးပန်းဆိုးကြီး ဖြစ်နေလို့ ဆံပင် အရှည်မြန် ချင်နေပါသလား။ ဒါမှမဟုတ် ဆံပင် အရှည်ထားချင်လို့ အရှည်မြန် ချင်တာလား။

ဘယ်လို အကြောင်းပြချက်ကြောင့်ပဲ ဖြစ်နေပါစေ ဆံပင် အရှည်မြန် ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို သိထားဖို့ လိုအပ်ပါတယ်။

မကြာခဏ ဆံပင်ညှပ်ပေးပါ

cut hair

ဆံပင် မကြာခဏ ညှပ်ပေးပါဆိုတာကတော့ ကွီးတို့ရဲ့ ဆံပင်တွေက အဖျားနှစ်ခွ ထွက်လာတဲ့အခါ ထို အဖျားနှစ်ခွကို ဖယ်ရှားပေးဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဆံပင်ညှပ်ဆိုင်ဆီ ၄ ပတ်ကြာတစ်ခါ (သို့) ၆ ပတ်ကြာတစ်ခါ သွားရောက်ပြီး အဖျားတွေကို ညှပ်ပေးသင့်ပါတယ်။​

ခဏ ခဏ ခေါင်းမလျှော်ပါနဲ့

hair care

ခေါင်းခဏခဏ လျှော်ခြင်းကလည်း ကွီးတို့ရဲ့ ဆံပင်ကို ပျက်စီးစေတယ်ဆိုတာ ကွီးတို့ သိပါသလား။ ခေါင်းခဏခဏ လျှော်လို့ ဦးရေပြား သဘာဝအဆီတွေက ခြောက်သွားပြီး ဆံပင်အရှည်နှုန်းကို နှေးကွေးစေပါတယ်။ ဒါ့ကြောင့် တစ်ပတ်လျှင် ၂ ကြိမ် (သို့) အများဆုံး ၃ ကြိမ်အထိသာ ခေါင်းလျှော်သင့်ပါတယ်။

ဆံပင် ပျော့ဆေး Conditioner သုံးဖို့ မမေ့ပါနဲ့

ဆံပင် အရှည်မြန်

ခေါင်းလျှော်ပြီးတဲ့ နောက်မှာလည်း ခေါင်းလျှော်ရည် သုံးလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ ဆံပင်ပျော့ဆေး Conditioner သုံးဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာလျှင် ကွီးတို့ ဆံပင်က အိစက်ပျော့ပျောင်းနေမှာပါ။

ကွီးတို့ရဲ့ ခေါင်းလျှော်ရည် ပစ္စည်းများ၊ ဆံပင်အတွက် အသုံးပြုတဲ့ ပစ္စည်းများကို ပြောင်းလဲလိုက်ပါ

ဆံပင် အရှည်မြန်

ကွီးတို့ရဲ့ ခေါင်းလျှော်ရည် ပစ္စည်းများ၊ ဆံပင်အတွက် အသုံးပြုတဲ့ ပစ္စည်းတွေက ကွီးတို့ ဆံကေသာနဲ့ မသင့်တော်ဘူးလို့ ယူဆရတဲ့အခါ ချက်ချင်း ပြောင်းလဲကာ ကုန်ပစ္စည်းအသစ်တစ်မျိုး ပြောင်းလဲ​အသုံးပြုလိုက်ပါ။ ပိုက်ဆံ​ကုန်မှာထက် ဆံပင်တွေ ပျက်စီးသွားမှာက ပိုပြီး စိုးရိမ်စရာကောင်းတယ် မဟုတ်လား။

ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသုံးပါ

ဆံပင် အရှည်မြန်

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ စားသုံးခြင်းက ကွီးတို့ရဲ့ ဆံကေသာ ရှည်ခြင်းကိုလည်း သွားအားပေးပါတယ်။ ဒါ့ကြောင့် အဆီ၊ အဆိမ့်များ၊ အကြော်အလှော်များကို အလွန်အကျွံ မစားသုံးပါနဲ့။ ဖြစ်နိုင်ရင်တော့ ကျန်းမာရေးနဲ့ မညီညွှတ်တာတွေကို ဖြတ်ပစ်တာ အကောင်းဆုံးပါပဲ။

ကွီးတို့ရော ကွီးတို့ရဲ့ ဆံကေသာ ကျန်းမာရေးအတွက် ဘယ်လိုအချက်တွေကို လိုက်နာလေ့ရှိပါသလဲ။​

Source: Hair.com

Featured Image: Realmenrealstyle.com