သစ်ကြားသီးဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆာပြေ စားစရာတစ်ခုအဖြစ် လူသိများပြီး ကလေးတွေရော လူကြီးတွေပါ ကြိုက်နှစ်သက်ကြပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်နဲ့ အာဟာရဓာတ် များစွာကိုလည်း ထောက်ပံ့ပေးတဲ့အပြင် အရသာခပ်ဆိမ့်ဆိမ့်နဲ့ စားလို့အရမ်းကောင်းတဲ့ အခွံမာသီးတစ်မျိုးပါ။ ဒါ့အပြင် သစ်ကြားသီးမှာ Antioxidant ပါဝင်မှု မြင့်မားတာကြောင့် အသားအရေနဲ့ ဆံကေသာ ကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။ ပရိုတင်းဓာတ် ကြွယ်ဝပြီး ၊ အိုမီဂါ သရီး ဖက်တီအက်စစ် ၊ သံဓာတ် ၊ ဗီတာမင် B နဲ့ ဗီတာမင် E ၊ ကယ်လ်စီယမ်ဓာတ်တွေလည်း ပါဝင်တာကြောင့် ဆံပင်နဲ့ ဦးရေပြားဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပြီး ဆံကေသာကြီးထွားသန်မာစေမှာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သစ်ကြားသီး က ဆံပင်နဲ့ ဦးရေပြား ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ပေးနိုင်မလဲဆိုတာ မျှဝေပေးချင်ပါတယ်။
(၁) ဗောက်တွေကို သက်သာစေတယ်
Photo : Eat This, Not That
သစ်ကြားသီးမှာ Antioxidant နဲ့ Antimicrobial ဂုဏ်သတ္တိများကြွယ်ဝစွာ ပါဝင်ပါတယ်။ အဆိုပါ ဓာတ်တွေက ဦးရေပြားကို သန့်စင်ပေးပြီး ဦးရေပြား ပေါ်က ဘက်တီးရီးယားနဲ့ မှိုစွဲခြင်းကို လျှော့ချပေးကာ ဗောက်များကို ရှင်းထုတ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် သစ်ကြားသီး မှာ ဦးရေ ပြားယားယံခြင်းကို သက်သာစေပြီး ရောင်ရမ်းခြင်းတွေကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများလည်း ပါဝင်ပါတယ်။
(၂) ဆံသားကြီးထွားမှုနှုန်း တိုးစေတယ်
Photo : Nutra Ingredients
သစ်ကြားသီးမှာ Catechins ၊ အကျိုးပြု ဖက်တီအက်ဆစ် နဲ့ ပရိုတင်းဓာတ်တွေလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဇင့် ၊ သံဓာတ်နဲ့ ဗီတာမင် E ဓာတ်တွေလည်း အမြောက်အများ ပါဝင်တာကြောင့် ဆံပင်ကြီးထွားမှုနှုန်းကို မြန်ဆန်စေပြီး ကွီးတို့ရဲ့ ဆံပင်နဲ့ ဦးရေပြား ကျန်းမားရေးကို သိသိသာသာ တိုးတက်ကောင်းမွန်စေမှာပဲ ဖြစ်ပါတယ်။
(၃) ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးတယ်
Photo : Harvard Health
လေ့လာမှုတွေအရ သစ်ကြားသီး ပုံမှန်စားပေးတာဟာ ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်ပါးခြင်း ပြဿနာတွေကို လျှော့ချပေးနိုင်စွမ်းရှိတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ သစ်ကြားသီးမှာ သံဓာတ် ၊ ဆယ်လီနီယမ် နဲ့ ဇင့် ကဲ့သို့ ဆံသားကျန်းမာသန်စွမ်းမှုအတွက် လိုအပ်တဲ့ အကျိုးပြု အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပြီး ထူထဲသန်မာတဲ့ ဆံသားတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ နေ့စဉ်ပုံမှန် သစ်ကြားသီး ၃ စေ့ကနေ ၅ စေ့ခန့် စားပေးနိုင်ပါတယ်။
(၄) ဆံသားကို တောက်ပြောင်စေတယ်
Photo : Medical News Today
သစ်ကြားသီးမှာ Keratin လို့ခေါ်တဲ့ အကျိုးပြုဓာတ်တစ်မျိုး ကြွယ်ဝစွာပါရှိပြီး ၎င်းက ဆံပင်ကို သဘာဝအတိုင်း နက်မှောင်တောက်ပြောင်စေပြီး သန်စွမ်းကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။ သစ်ကြားသီး အဆီ သို့မဟုတ် သစ်ကြားသီးပါဝင်တဲ့ ဆံပင်ထုတ်ကုန်တွေ သုံးပေးတာက ကွီးတို့ရဲ့ ဆံကေသာကို သန်စွမ်းတောက်ပြောင်စေပြီး အချိန်တိုင်းနီးပါး နူးညံ့ပျော့ပြောင်းနေစေမှာပဲ ဖြစ်ပါတယ်။
(၅) အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ပေးတယ်
Photo : Eat This, Not That
သစ်ကြားသီးဟာ ဦးရေပြားသွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဆံသားကို သဘာဝအတိုင်း နက်မှောင်သန်စွမ်းစေတဲ့ Melatonin ဟော်မုန်းဓာတ်တွေ ပိုမိုထုတ်လုပ်ပေးတာကြောင့် အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းမှ ကာကွယ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ သစ်ကြားသီးကို စားစရာတစ်ခုအနေနဲ့ စားနိုင်သလို သစ်ကြားသီးအဆီ လိမ်းပေးခြင်းဖြင့်လည်း ဆံပင်ဖြူခြင်း ပြဿနာကို လျှော့ကျစေပြီး နက်မှောင်သန်စွမ်းတဲ့ ဆံကေသာကို ရရှိစေမှာပဲ ဖြစ်ပါတယ်။
Featured Photo : Medical News Today