ဆံသားအကောက် ပိုင်ရှင်တွေ အနေနဲ့ ဆံပင်စတိုင် ရွေးချယ်ရာ တော်တော်လေး ခက်ခဲတယ်လို့ အများစု ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ နဂိုဆံသားအကောက် ဆံပင်ပိုင်ရှင်တွေက ပုံမှန် ဆံပင်အဖြောင့်သမားတွေနဲ့ မတူပဲ ကွဲထွက်ထင်ပေါ်နေပြီး တစ်မျိုးလေး စွဲဆောင်မှု ပိုရှိသလို မတူညီတဲ့ ဆံပင်စတိုင် အမျိုးမျိုးကိုလည်း စိတ်ကြိုက် ပြောင်းလဲထားလို့ ရပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆံသားအကောက်ပိုင်ရှင်တွေနဲ့ အလိုက်ဖက်ဆုံး ဆံပင်စတိုင်တွေကို ပြောပြပေးပါမယ်။

(၁) ခပ်ရှုပ်ရှုပ် ဆံပင်အတိုစတိုင်

Short Messy Curly Hair

Photo : The Trend Spotter

ဆံသားအကောက် ပိုင်ရှင်တွေရဲ့ အားသာချက်က ဆံပင်ကို တကူးတက ထိန်းသိမ်းစရာမလိုပဲ အော်တိုစွဲဆောင်မှု ရှိနေတာပါ။ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် ဆံပင်စတိုင်မျိုး ထားချင်ရင်တော့ Messy ဖြစ်တဲ့ ခပ်ရှုပ်ရှုပ် ၊ ခပ်ပွပွ ဆံပင်အတိုစတိုင် ထားလို့ ရပါတယ်။

(၂) ဆံပင်အတို Caesar စတိုင်

Caesar Haircut With Short Curly Hair

Photo : The Trend Spotter

ဆံသားအကောက် သမားတွေလည်း Caesar Haircut ထားလို့ အဆင်ပြေပါတယ်။ ဆံပင်အကောက်ကို ခပ်တိုတိုထားပြီး Caesar စတိုင်ပုံသွင်းထားတာက Modern နဲ့ Classic Style နှစ်မျိုးကို ရပေါင်းစပ်ထားတဲ့ ဆံပင်ကေတစ်ခု ဖြစ်ပါတယ်။ ဆံပင်ပုံက ခပ်တိုတိုနဲ့ ခပ်ရှင်းရှင်းရှိတဲ့အတွက် မျက်နှာကို ပိုထင်းပိုလင်းသွားစေပြီး ဆွဲဆောင်မှု ပိုရှိစေပါတယ်။

(၃) ဘေးပြောင် အပေါ်ထောင်စတိုင်

High And Tight Short Curly Hair

Photo : The Trend Spotter

ဒါကတော့ Military Haircuts ကို Inspired ယူထားတဲ့ ဆံပင်စတိုင် တစ်ခုပါ။ တိုတိုရှင်းရှင်းနဲ့ လုံးဝ စမတ်ကျပါတယ်။ ဘေးပြောင်အပေါ်ထောင် ဆံပင်ပုံစံက ယောကျာ်းလေး တော်တော်များများနဲ့ လိုက်ဖက်မှု ရှိပြီး ခပ်ရှင်းရှင်း ၊ ခပ်သန့်သန့် ယောကျာ်းဆန်တဲ့ Look ကို ရစေမှာပဲ ဖြစ်ပါတယ်။

(၄) Perm စတိုင်

Curly Perm

Photo : The Trend Spotter

Perm ဆံပင်စတိုင် ဆိုတာကတော့ ဆံသားအကောက်ကိုမှ သေးသေးကျစ်ကျစ်နဲ့ လှိုင်းသေးသေး ကောက်ထားတဲ့ ခပ်ပွပွ ပုံစံပါ။ ကြည့်လိုက်ရင်တော့ ဆံပင်အုံက ခပ်ပွပွနဲ့ ခေါင်းလေးမယ်လို့ ထင်ရပေမယ့် တကယ်တော့ ပေါ့ပါးလွတ်လပ်မှု ရှိပြီး အတော်လေးလည်း စတိုင်ကျပါတယ်။ ၈၀ ခုနှစ်တွေမှာ လူကြိုက်များရေပန်းစားခဲ့တဲ့ ဆံပင်စတိုင်တစ်ခုဖြစ်ပြီး ဒီဘက်ခေတ်မှာ တကြော့ပြန် ခေတ်စားလာတာပါ။ ကွီးတို့ရဲ့ နဂိုဆံပင်က ဆံသားလှိုင်းကြီးအကောက်ဆိုရင်တော့ ဆိုင်မှာ Perm စတိုင် ပုံပြန်သွင်းပေးဖို့တော့ လိုပါမယ်။

(၅) Skin Fade စတိုင်

 Short Curly Hair With Skin Fade

Photo : The Trend Spotter

ဆံသားအကောက် ကိုမှ Skin Fade ထိုးထားတာဟာ တော်တော်လေး ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ ဆံပင်စတိုင်တစ်ခုပါ။ ဘေးအနောက်ကို အပြောင်စတိုင် Fade ထိုးထားပြီး အပေါ်နဲ့ ထိပ်ပိုင်းလေးပဲ ဆံပင်အနည်းငယ် ထားရတာပါ။ ဆိုတော့ ဆံပင်စတိုင်ဆို ခပ်တိုတိုမှ ကြိုက်တယ် ၊ အမျာကြီး ထိန်းသိမ်း ပုံသွင်းရတာတွေ မလုပ်ချင်ပဲ ပေါ့ပေါ့ပါးပါးနဲ့ နဂိုအတိုင်း အထာကျချင်တယ်ဆိုတဲ့ ကွီးတို့ကတော့ Skin Fade ဆံပင်စတိုင် ထားလို့ ရပါတယ်။

Featured Photo : DEPOT – THE MALE TOOLS & Co.