လူတော်တော်များများက အထူးသဖြင့် အသက်ကြီးလာတာနဲ့အမျှ သန်စွမ်းကျန်းမာတဲ့ ဆံကေသာကို လိုချင်ကြပါတယ်။ တကယ်တော့ ဆံပင်ကောင်းတာ မကောင်းတာက အသက်အရွယ်၊ ကျန်းမာရေး၊ မျိုးရိုးဗီဇနဲ့ အစားအသောက်တွေပေါ်မှာ မူတည်နေပါတယ်။ အသက်အရွယ်၊ မျိုးရိုးဗီဇတွေကို ပြောင်းလို့မရပေမယ့် ကျန်းမာသန်စွမ်းတဲ့ ဆံပင်ကိုရဖို့ မှန်ကန်တဲ့ အစားအသောက်တွေ ရွေးချယ်စားသုံးလို့ ရပါတယ်။ ဒီတစ်ခေါက်မှာ ကွီးတို့ရဲ့ ဒုတိယမျက်နှာလို့ ပြောကြတဲ့ ဆံပင်နဲ့ ဆံသား ကျန်းမာရေးအတွက် စားပေးသင့်တဲ့ အစားအစာ ၆ မျိုးအကြောင်း မျှဝေပေးသွားချင်ပါတယ်။

(၁) ဆယ်လ်မွန်ငါး


Photo : Kumparan

ပထမဆုံးအနေနဲ့ ဆံပင်အတွက် စားပေးရမယ့် အစားအစာတစ်ခု ကတော့ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးငါးတွေထဲက တစ်မျိုးဖြစ်တဲ့ ဆယ်လ်မွန်ငါး ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါးမှာ ဦးရေပြားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အိုမီဂါ-၃ ဖက်တီ အက်ဆစ်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။

(၂) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်


Photo : BetterMe

ဟင်းနုနွယ်ရွက်နဲ့ ဘရိုကိုလီလို ဟင်းသီးဟင်းရွက်တွေက ဆံပင်မွေးညှင်းပေါက်နဲ့ ဆက်စပ်နေတဲ့ ဦးရေပြားဂလင်းတွေထဲမှာ အစိုဓါတ် ပါဝင်တဲ့ အဆီတစ်မျိုးရှိနေစေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် ဆံပင်အစိုဓာတ်ကို ထိန်းပေးပြီး ဆံသားခြောက်သွေ့တာကိုလည်း ကာကွယ်ပေးပါတယ်။

(၃) ပဲအမျိုးမျိုး


Photo : Inc. Magazine

Biotin လိုခေါ်တဲ့ ဗီတာမင်ဘီ ပါဝင်တဲ့ မြေပဲနဲ့ ပဲစေ့တွေက ဆံသားကို ပျော့ပျောင်းစေတဲ့အပြင် ဆံပင်အုံကိုထူစေပြီး တောက်ပြောင်စေသလို ဆံပင်ကြွပ်ဆတ်မှုကိုလည်း တားဆီးကာကွယ်ပေးပါတယ်။

(၄) အသားနဲ့ ဥအမျိုးမျိုး


Photo : Oakdell Egg Farms

အသားနဲ့ ဥ အမျိုးမျိုးစားပေးတာက ဆံသား အတွက်လိုအပ်တဲ့ အရည်အသွေးမြင့် ပရိုတင်းဓာတ်ကို ရရှိစေနိုင်ပါတယ်။ ပရိုတင်းဓါတ်က ဆံသား ကို ခိုင်ခံ့စေသလို ကြက်သားနဲ့ ကြက်ဆင်တွေမှာ ဆံပင်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ဓါတ်ပါဝင်ပြီး ဆံပင်အသစ်ပေါက်နှုန်းများလာစေသလို ဆံသား ကြမ်းတာကိုလည်း သက်သာစေပါတယ်။

(၅) နို့နဲ့ နို့ထွက်ပစ္စည်း အမျိုးမျိုး


Photo : Medical News Today

အဆီနည်းတဲ့ နွားနို့၊ ဒိန်ချဉ်နဲ့ အဆီထုတ်ထားတဲ့ ဒိန်ခဲတွေက ကယ်လ်စီယမ်ပါဝင်မှုများတဲ့အတွက် လက်သည်း ကြွပ်ဆတ်မှုနဲ့ အရေပြားခြောက်သွေ့မှုကို သက်သာစေတဲ့အပြင် ဆံသား ကျန်းမာရေးအတွက်လည် စားပေးသင့်တဲ့ အစားအစာ တွေ ဖြစ်ပါတယ်။

(၆) အစေ့အဆံ အမျိုးမျိုး


Photo : Cleveland Clinic Health Essentials

ဗီတာမင် B ပါဝင်ရုံသာမက ဆံကေသာတစ်ခုလုံးကို ကျန်းမာသန်စွမ်းစေတဲ့ အစားအစာ တွေကတော့ အစေ့အဆံအမျိုးမျိုးပဲ ဖြစ်ပါတယ်။ အစေ့အဆံတွေမှာ ဇင့်နဲ့ သံဓာတ်၊ သတ္တုဓာတ်များအပြင် ဆံပင်မွေးညှင်းပေါက်တွေကို ပြုပြင်ရာမှာ အထောက်အကူဖြစ်စေတဲ့ အဓိကသတ္တုဓာတ်နှစ်မျိုးလည်း ပါဝင်ပါတယ်။

Featured Photo : Natural Hair