ကွီးတို့ရေ ဒီလို Weekend ပိတ်ရက်လေးမှာ ဇာတ်ကားကောင်းလေးတွေ ကြည့်ရင်း အပန်းမဖြေချင်ဘူးလား။ အခုက မိုးရာသီလည်းဖြစ်တော့ ရာသီဥတုအေးအေးလေးထဲမှာ ဇာတ်ကား ကောင်းလေးတွေ ကြည့်ရင်း ဇိမ်လေးနဲ့ နှပ်ဖို့ တကယ်ကို အချိန်ကောင်းပါပဲ။ ဒီဆောင်းပါးလေးမှာတော့ မိုးအေးအေးလေးမှာ အပန်းဖြေရင်းကြည့်ဖို့ ဇာတ်ကားအသစ်တွေ ကို မိတ်ဆက်ပေးချင်ပါတယ်။

The Flash 2023

Source : Rotten Tomatoes Trailers
ကွီးတို့ထဲမှာ DC ပရိသတ်တွေ ရှိပါသလား။ ဒါဆိုရင်တော့ ပြီးခဲ့တဲ့ ဇွန်လလယ်လောက်ကမှ ထွက်ရှိခဲ့တဲ့ The Flash 2023 ကို အရင်ဆုံးဖော်ပြပေးချင်ပါတယ်။ The Flash ဇာတ်ကားကို တစိုက်မတ်မတ် အားပေးလာတဲ့ ကွီးတို့အတွက်လည်း အသစ်ထွက်ရှိလာပါပြီ။ ဒီဇာတ်ကားမှာ မျိုးစုံ‌သော စွန့်စားခန်းတွေနဲ့ ဘယ်လိုစိတ်လှုပ်ရှားစရာ‌တွေ ယူဆောင်လာမလဲဆိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Indiana Jones and the Dial of Destiny

Source : Rotten Tomatoes Trailers
ကွီးတို့ရေ ဒီဇာတ်ကားကတော့ ဇွန် ၃၀ မှာပဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ ငါးကားမြောက်ဖြစ်တဲ့ Indiana Jones and the Dial of Destiny ပဲ ဖြစ်ပါတယ်။ အက်ရှင်ကားတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်တော့ Indiana Jones တွေက စိမ်းမယ်မထင်ပါဘူး။ ဒီဇာတ်ကားမှာ ဘယ်လိုဇာတ်ဝင်ခန်းတွေနဲ့ စိတ်လှုပ်ရှားဖွယ် ရသကို ပေးစွမ်းနိုင်မလဲဆိုတာ အတူတူ စောင့်ကြည့်ရအောင်ဗျာ။

Run Rabbit Run

Source : Netflix
ခြောက်ခြားဖွယ် သည်းထိတ်ရင်ဖို Horror ကားတွေက မိုးအေးအေးမှာ ကြည့်ဖို့အကောင်းဆုံးပါပဲ။ ဒီကားလေးကတော့ သြစတြေးလျမင်းသမီး Sarah Snook ပါဝင်ထားပြီး ဆန်းသစ်သော အကြောင်းအရာများနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်။ Horror ရုပ်ရှင်ကောင်းကောင်းလေး ကြည့်ချင်နေတဲ့ ကွီးတို့အတွက် ဒီဇာတ်ကားလေးက စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

No Hard Feelings

Source : Sony Pictures Entertainment
မင်းသမီးချော Jennifer Lawrence ရဲ့ ပရိသတ်တွေ ကွီးတို့ထဲမှာ ရှိပါသလား။ ဒီကားလေးမှာ မင်းသမီးချော Jennifer Lawrence ပါဝင်သရုပ်ဆောင်ထားးပြီး ပျော်ရွှင်စရာကောင်းတဲ့ ဟာသကားလေး တစ်ကား ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စရာကောင်းပြီး စိတ်ဝင်စားစရာ ဇာတ်ကားလေးကြည့်ချင်ရင်တော့ ဒီကားလေးက ကွက်တိပါပဲ။ ဘယ်လိုစိတ်ဝင်စား ပျော်ရွှင်ဖွယ်ကောင်းသလဲဆိုတာကိုတော့ ဒီကားလေးမှာပဲ ဆက်လက်ရှုစားကြပါဦးဗျာ။

The Boogeyman

Source : 20th Century Studios
ဒီကားလေးကလည်း ခြောက်ခြားဖွယ် ကြည့်ရှုရမယ့် Horror ဇာတ်ကားလေး တစ်ကားပါပဲ။ ဒီဇာတ်ကားက ဇွန်လ ၂ ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားကရော ဘယ်လိုထိတ်လန့် ခြောက်ခြားဖွယ်ရာ ဇာတ်လမ်းဇာတ်ကွက်တွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမလဲ ဆိုတာအတူတူ ကြည့်လိုက်ရအောင်ဗျာ။

အခုဖော်ပြပေးလိုက်တဲ့ ဇာတ်ကားအသစ်တွေ ကို ကြည့်ရင်း အပန်းဖြေကာ ကွီးတို့ Weekend ကို ဖြတ်သန်းလိုက်တော့ဗျာ။

Source : Rotten Tomatoes Trailers, Movies Web

Featured Photo : Itafilm