ဇိမ်ကျ လှပပြီး အဆင့်အတန်းမြင့် တဲ့ Luxury ဘဝ ဆိုတာ ဘယ်လိုမျိုးဖြစ်မလဲ။ ထိုဘဝမျိုး ပိုင်ဆိုင်နိုင်ဖို့အတွက် ဘာတွေလိုအပ်မလဲ။ ထို Luxury ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ဘယ်လိုပစ္စည်းဥစ္စာတွေကို အရယူနိုင်ရမလဲ။
လူသားတိုင်းက သက်သောင့်သက်သာရှိပြီး ဇိမ်ကျ ကာ အဆင့်အတန်းမြင့်တဲ့ ဘဝကိုသာ ပိုင်ဆိုင်ချင်ကြတာပါ။ သို့သော် ဘယ်လိုအရယူနိုင်ဖို့ ကြိုးစားရမလဲဆိုတာ မသိကြပါဘူး။
အခြားသော အောင်မြင်နေတဲ့သူတွေရော ဇိမ်ကျ ကာ Luxury ဆန်ပြီး အဆင့်အတန်းမြင့်တဲ့ ဘဝကို ဘယ်လိုမျိုး ပိုင်ဆိုင်ထားကြသလဲ။ သူတို့မှာ ဘယ်အရာတွေရှိကြသလဲဆိုတာ အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။
ပိုက်ဆံ
ငွေက အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ လူအများက ငွေကို ဒုတိယဘုရားသခင်လို့တောင် တင်းစားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ ငွေနဲ့ ကမ္ဘာပေါ်မှာ ရှိသမျှ အရာအားလုံးကို မဝယ်ယူနိုင်ပေမယ့် အရာအားလုံးနီးပါးကိုတော့ ဝယ်ယူနိုင်ပါတယ်။ ဇိမ်ကျ ပြီး အဆင့်အတန်းမြင့် တဲ့ ဘဝ ကိုယ် ပိုင်ဆိုင်နိုင်ဖို့ရန်အတွက် အရင်ဦးဆုံး ပိုက်ဆံများများရှာရမှာဖြစ်ပါတယ်။
ခမ်းနားကြီးကျယ်လှပတဲ့ အိမ်
ကိုယ့်မှာ ပိုက်ဆံလုံလုံလောက်လောက်ရှိပြီဆိုရင်တော့ ခမ်းနားကြီးကျယ်လှပတဲ့ အိမ်တစ်လုံး ဝယ်ယူနိုင်ပါပြီ။ ဒါဆိုရင်တော့ ဇိမ်ကျ ပြီး အဆင့်အတန်းမြင့် တဲ့ ဘဝ ကို ၂၅ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်နိုင်ပါပြီ။
အရသာရှိတဲ့ စားကောင်းသောက်ဖွယ်ရာများ
နောက်တစ်ဆင့်အနေနဲ့ ကတော့ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အရသာရှိတဲ့ စားကောင်းသောက်ဖွယ်ရာများကို နေ့စဉ်နဲ့ အမျှ မြည်းစမ်းကြည့်နိုင်ပါတယ်။
ဇိမ်ခံကားများ
ကိုယ့်မှာ ဒီ့ထက်ပိုပြီး စုမိဆောင်းမိသွားပြီဆိုရင်တော့ ဇိမ်ခံကားဘက် လှည့်နိုင်ပါပြီ။ ကိုယ့်ရဲ့ ဘက်ဂျက်အခြေအနေပေါ် မူတည်ပြီး သင့်တော်မယ့် ကားတစ်စီး ရွေးချယ်လိုက်ပါ။
အဆင့်အတန်းမြင့်ပြီး အရည်အသွေးကောင်းသော အိမ်သုံးပစ္စည်းများ
နောက်တစ်ဆင့်အနေနဲ့ကတော့ ကိုယ့်ရဲ့အိမ်တွင်း အသုံးအဆောင်ပစ္စည်းများကို အဆင့်အတန်းမြင့်ပြီး အရည်အသွေးကောင်းတဲ့ အိမ်သုံးပစ္စည်းများနဲ့ ဖြည့်တင်းရမှာဖြစ်ပါတယ်။
အောင်မြင်တဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု
အောင်မြင်တဲ့သူတွေမှာ အနည်းဆုံး ကိုယ်ပိုင်လုပ်ငန်းတစ်ခုစီ ပိုင်ဆိုင်ထားကြပါတယ်။ သင်လည်း အခြေအနေဖန်တီးလာပါက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ဖန်တီးလိုက်ပါ။ ဒါမှ ကြွယ်ဝချမ်းသာမှုအစစ်ကို ရယူနိုင်မှာပါ။ သူများဝန်ထမ်းဖြစ်နေသရွေ့ကတော့ သင် လိုချင်တဲ့ ဇိမ်ကျပြီး အဆင့်အတန်းမြင့်တဲ့ ဘဝမျိုးကို ပြီးပြည့်စုံစွာ ခံစားနိုင်မှာမဟုတ်ပါဘူး။
Luxury ဆန်ပြီး ကွာလတီကောင်းတဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ
သင့်ရဲ့ဖက်ရှင်သည်လည်း အရေးပါပါတယ်။ အဆင့်အတန်းမြင့်ပြီး အရည်အသွေးကောင်းတဲ့ ဒီဇိုင်နာဘရန်းများ ရွေးချယ်ဝယ်ယူလိုက်ပါ။
နောက်ဆုံးပေါ် လျှပ်စစ်ပစ္စည်းများ
ကိုယ့်ရဲ့လုပ်ငန်းများကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်လုပ်ချင်တယ်ဆိုရင်တော့ ဒိတ်အောက်နေပြီး အရည်အသွေးမကောင်းတဲ့ လျှပ်စစ်ပစ္စည်းတွေနဲ့ဆို အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် Laptop ဆိုလည်း Laptop အလျောက် ထူးခြားကောင်းမွန်တဲ့ ပစ္စည်းမျိုးကို ဝယ်သုံးလိုက်ပါ။
ဇိမ်ကျကျနဲ့ ခရီးသွားနိုင်မယ့် Travel Package များ
အလုပ်လုပ်ရတာ ပင်ပန်းလာတဲ့အခါမှာတော့ စိတ်ဖိစီးမှုများကို ဖယ်ရှားဖို့အတွက် ဇိမ်ကျကျနဲ့ ခရီးထွက်လိုက်ပါ။
အကောင်းစားဖျော်ရည်များဖြစ်တဲ့ ဝိုင်၊ ဝီစကီများ
ကိုယ့်အိမ်မှာ ညစာစားပွဲမျိုး ကျင်းပတဲ့အခါ အကောင်းစားဝိုင်များ၊ ဝီစကီများသည်လည်း မရှိမဖြစ်လိုအပ်တာကြောင့် ကိုယ့်ရဲ့မီးဖိုချောင်ထဲမှာ ဝယ်ဖြည့်ထားသင့်ပါတယ်။
Source: Passionbuz
Featured Image: Biltmoreloanandjewelry