ရုပ်ရှင်ချစ်သူကွီးတို့အတွက် ဒီတစ်ခါမှာတော့ ဇွန်လ အတွင်း အသစ်ထွက်ရှိလာမယ့် ဇာတ်ကား ကောင်းများအကြောင်း ဝေမျှပေးချင်ပါတယ်။

တစ်ရက်တာလုံး ပင်ပန်းသမျှတွေကို ဇွန်လ ထွက် ဇာတ်ကား သစ်များ ကြည့်ရှုရင်း ဘဝအမောများကို ပြေပျောက်အောင် ဖန်တီးယူနိုင်ပါတယ်။

The Siege Of Robin Hood

အက်ရှင်ဇာတ်ကားကောင်းများကို နှစ်သက်တဲ့ ကွီးတို့အတွက် The Seige Of Robin Hood ဇာတ်ကားသစ် ထွက်ရှိလို့လာခဲ့ပါပြီ။ Nottingham မြို့ရဲ့မြို့စားကြီးနှင့် သူ့ရဲ့စစ်သည်များသည် Robin ရဲ့မိသားစုကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြခြင်းကြောင်း Robin သည် သူ့ရဲ့မိသားစုအတွက် လက်စားချေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူ့ရဲ့အစီအစဉ်အတွက် တိုက်ရည်ခိုက်ရည်ရှိတဲ့ အဖွဲ့သားများကို ဖွဲ့စည်းကာ မြို့စားကြီးနှင့် သူ့ရဲ့စစ်သည်များကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားခဲ့ပါတယ်။ ဇွန်လ အတွင်း ထွက်ရှိလာမယ့် အက်ရှင် ဇာတ်ကား ကောင်းတစ်ကားဖြစ်တာကြောင့် လက်မလွတ်တမ်း စောင့်ကြည့်သင့်ပါတယ်။

Source: ACTION_FLIX

Watcher

နောက်ထပ် ဇာတ်ကားသစ်တစ်ကားကတော့ Suspense နဲ့ Thriller ဇာတ်ကားအမျိုးအစားနှစ်မျိုးကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။

အမျိုးသမီးငယ်တစ်ယောက်သည် သူ့ရဲ့အမျိုးသားနှင့်အတူ တိုက်ခန်းအသစ်ဆီသို့ ပြောင်းရွေ့လာခဲ့ကြပါတယ်။ အစပိုင်းမှာတော့ သူ(မ)သည် ပျော်ရွှင်သလိုရှိပေမယ့် နောက်ပိုင်းမှာတော့ သူ(မ)ကို တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်ဆိုတဲ့ စိတ်မလုံခြုံမှုကို စတင်ခံစားလာခဲ့ရပါတယ်။ ဘယ်သူက သူ(မ)ကို စောင့်ကြည့်နေတာဖြစ်မလဲ။

Source: ICF Films

Small Town Wisconsin

Wayne Stobierski ဆိုတဲ့ အမျိုးသားသည် သူ့ဇနီးဟောင်းနဲ့ ကလေးအုပ်ထိန်းခွင့် တရားခွင်တွင် တရားရှုံးသွားခဲ့ပါတယ်။ ဒါ့ကြောင့် သူ့သားနဲ့ နောက်ဆုံးအကြိမ်အဖြစ် ခရီးထွက်ဖို့ဆိုပြီး ကလေးကို သူ့အမေ မသိအောင် ခေါ်ထုတ်ခဲ့ပါတယ်။ ကလေးကို သူ့အမေ မသိအောင် ခေါ်ထုတ်တာဆိုတော့ ဘယ်လိုတွေဆက်ဖြစ်ဦးမလဲဆိုတာ ဇာတ်ကားအမြည်းလေး ကြည့်ရှုရင်း ဆက်လက်ခံစားကြည့်လိုက်ရအောင်။

Source: Movieclips Indie

Eraser: Reborn

Mason Pollard ဆိုတဲ့ အမျိုးသားသည် အစိုးရရဲ့ထိပ်ပိုင်းအဖွဲ့အစည်းတစ်ခုမှာ လုပ်ကိုင်နေရတဲ့ အရာရှိတစ်ဦးဖြစ်ပါတယ်။ ထိုအဖွဲ့အစည်းကတော့ အခြားမဟုတ်ပါဘူး။ အရေးကြီးမျက်မြင်သက်သေများကို အသက်အန္တရာယ် မကျရောက်အောင် ကာကွယ်ပေးရတာဖြစ်ပါတယ်။

Rina Kimura ကတော့ နိုင်ငံတကာကအလိုရှိနေတဲ့ ရာဇဝတ်သားရဲ့ဇနီးသည်တစ်ဦးဖြစ်ပါတယ်။ သူ(မ)သည် သူ့ယောကျာ်းရဲ့ရာဇဝတ်မှုအတွက် သက်သေထွက်ဆိုမှာဖြစ်ပါတယ်။ Mason သည် Rina ကို ယုံကြည်ရလား မယုံကြည်ရဘူးလားဆိုတာလည်း မသေချာပါဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံး ဘေးကင်းဖို့အတွက်ဆိုရင်တော့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ကာ အတူတူလက်တွဲအလုပ်လုပ်မှသာလျှင် အထမြောက်မှာဖြစ်ပါတယ်။

Source: Movie Trailers Source

Jurassic World Dominion

Jurassic World ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူများအတွက် ဇွန်လ ထဲမှာ ဇာတ်ကား သစ်တစ်ကား ဆက်ထွက်လာဖို့ရှိပါတယ်။

ဒိုင်နိုဆောတွေနဲ့ လူသားတွေနဲ့ အတူယှဉ်တွဲနေထိုင်မယ်ဆိုရင် ကမ္ဘာလောကကြီးက ဘယ်လိုတွေ ဆက်ဖြစ်မလဲ။ လူသားတွေကရော ဒိုင်နိုဆောတွေကို ကြောက်လန့်တကြားစိတ်နဲ့ ရင်တထိတ်ထိတ် နေထိုင်ရမှာလား။ ဒိုင်နိုဆောတွေကရော လူသားတွေကို အန္တရာယ်မပြုဘဲ နေထိုင်ကြပါ့မလား။

Chris Pratt ၊ Jeff Goldblum ၊ Justice Smith တို့အပြင် အခြားသော မင်းသား၊ မင်းသမီးပေါင်းများစွာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Source: Universal Pictures

Lightyear

Buzz Lightyear ကို ကွီးတို့အားလုံး Toy Story ထဲက ကာရိုက်တာတစ်ခုဖြစ်ပါတယ်။ ဒီ Lightyear ဇာတ်ကားသည် Buzz Lightyear က နောက်ကြောင်းကို ပြန်လည်ပုံဖော်ကာ ရိုက်ကူးထားတာဖြစ်ပါတယ်။

Source: Pixar

First Love

ပေါ့ပေါ့ပါးပါးလေးနဲ့ ရိုမန့်တစ်ဆန်တဲ့ ဇာတ်ကားတစ်ကားကြည့်ချင်တယ်ဆိုရင်တော့ First Love ဇာတ်ကားလေးကို ကြည့်ရှုသင့်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ Jim ဆိုတဲ့ စီနီယာအထက်တန်းကျောင်းသားသည် သူ့ကောင်မလေး Ann နဲ့ ပျော်ရွှင်တဲ့ Relationship တစ်ခုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့သည် ကောလိပ်တက်ဖို့ ရွေးချယ်တဲ့အခါမှာတော့ ကောလိပ်တစ်ကျောင်းတည်း တက်နိုင်တော့မှာမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာသွားကြတော့မှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ Jim ရဲ့ မိဘတွေသည် ငွေရေးကြေးရေး အခက်အခဲများကြောင့် Jim သည်လည်း အခက်အခဲကြုံတွေ့နေရတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကြားက အချစ်ခရီးလမ်းက ဘယ်လိုဆက်ဖြစ်မလဲဆိုတာ သိချင်ရင်တော့ ဇာတ်ကားလေးကြည့်ရင်း အဖြေရှာကြည့်လိုက်ပါ။

Source: Voltage Pictures

Harmony

Sophia လို့အမည်ရတဲ့ စစ်သမီးတစ်ယောက်သည် ဒဏ်ရာကြောင့် ဆေးကုသမှု ခံယူနေရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးတပ်ဖွဲ့က သူ(မ)ကို ပြန်သက်သာလာအောင် ဆေးကုသပေးနေတာမဟုတ်ဘူးလို့ သံသယစဝင်လာပါတော့တယ်။ သူ(မ) ဒဏ်ရာ ပြန်သက်သာလာအောင် ဆေးကုသပေးနေတာမဟုတ်ဘူးဆိုရင် ဘယ်လိုအကြောင်းများကြောင့် ဆေးကုပေးနေတာဖြစ်မလဲ။

Source: MTube

အခုဖော်ပြသွားတဲ့ ဇာတ်ကားများကတော့ ဇွန်လ အတွင်း ထွက်ရှိလာမယ့် ဇာတ်ကားကောင်းများပဲဖြစ်ပါတယ်။ ရုပ်ရှင်ချစ်သူများအားလုံးလည်း အကြိုက်တွေ့ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Movieinsider

Featured Image: Thinkbahasa