နိုင်ငံတကာ ဈေးကွက် ထဲမှာ ရေပန်းစားတွေနဲ့ နောက်ဆုံးပေါ် ပစ္စည်း တွေက အများအပြားပါပဲ။ ထိုပစ္စည်းများထဲမှာမှ လူသားတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ပစ္စည်းတွေကတော့ အနည်းအကျဥ်းလောက်ပဲရှိပါတယ်။

သုံးစွဲသူများအကြား ရေပန်းစားဖို့ဆိုတာ တော်ရုံတန်ရုံနဲ့တော့ မရပါဘူး။ နောက်ဆုံးပေါ် ဒီဇိုင်းအမျိုးအစားလည်း ဖြစ်ရမှာဖြစ်ပြီး အသုံးပြုထားတဲ့ နည်းပညာကလည်း နောက်ဆုံးပေါ် နည်းပညာဖြစ်နေမှရမှာပါ။ ဒါမှသာလျှင် လူအများက အလုအယက် တိုးဝှေ့ ဝယ်ယူကြမှာဖြစ်ပါတယ်။

ယခုအချိန်မှာ လူအများ တိုးဝှေ့ ဝယ်ယူနေကြတဲ့ ပစ္စည်းတွေကတော့ အခုဖော်ပြမယ့် ပစ္စည်းများပဲဖြစ်ပါတယ်။

(၁) iPhone 15

iPhone 15

စခရင်မ် အရွယ်အစားအနေနဲ့ကတော့ ၆.၁ လက်မရှီပြီး 2556 x 1179 OLED ကို အသုံးပြုထားတာဖြစ်ပါတယ်။ Processor ကလည်း A16 ကို အသုံးပြုထားတာဖြစ်ပြီး ကင်မရာပိုင်းကလည်း နောက်ဆုံးပေါ် ကင်မရာ နည်းပညာကို အသုံးပြုထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၀၀ ဝန်းကျင် ပေးဝယ်ရမှာဖြစ်ပါတယ်။

(၂) Google Pixel 8

Google Pixel 8

Google Pixel 8 ကတော့ Android ဖုန်းတွေထဲမှာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ မော်ဒယ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၆၉၀ ကုန်ကျမှာဖြစ်ပြီး ပေးရတဲ့ ဈေးနဲ့ ပြန်ရတဲ့ စွမ်းဆောင်ရည်ပိုင်းက ကွက်တိပါပဲ။ ဘက္ထရီဆိုရင်လည်း ၄၅၇၅ mAh ကို အသုံးပြုထားတာ ဖြစ်တဲ့အတွက်ကြောင့် ဘက္ထရီပိုင်းကလည်း အမိုက်စားပါပဲ။ ရေစိုခံ ဖန်ရှင်လည်း ပါတဲ့အတွက်ကြောင့် ကွီးတို့အားလုံး နှစ်ခြိုက်သဘောတွေ့မှာ အမှန်ပါပဲ။

(၃) Samsung Galaxy S23 Ultra

ဈေးကွက် ပစ္စည်း

Android ဖုန်းတွေထဲမှာ Luxury ဆန်ဆန် ပစ္စည်းမျိုးကို သုံးချင်တယ်ဆိုရင်တော့ Samsung Galaxy S23 Ultra ကို ဝယ်ယူသင့်ပါတယ်။ သူ့ရဲ့ စခရင်မ်က ၆.၈ လက်မဆိုတော့ စခရင်မ် ကြီးကြီးလေးကိုမှ သဘောကျသူများအတွက် ကွက်တိပါပဲ။ ဒါ့အပြင် Built-In S Pen လေးလည်း ပါဝင်တာဆိုတော့ စတိုင်လ်ကျကျ ရှိုးထုတ်ချင်သူများအတွက် ကွက်တိပဲပေါ့။

(၄) Samsung Galaxy Z Flip 5

ဈေးကွက် ပစ္စည်း

လက်ရှိ စမတ် ခေါက်ဖုန်း ဈေးကွက်ထဲမှာ နာမည်ကြီးနေတဲ့ ဖုန်းတစ်လုံးကို ပြောပါဆိုရင် Samsung Galaxy Z Flip 5 ပါပဲ။ သူ့ရဲ့ အရွယ်အစားကတော့ ၆.၇ လက်မရှိပြီး Dual-Camera Setup ပါဝင်ပါတယ်။ ဘက္ထရီပိုင်းကျတော့ ၃၇၀၀ mAh အထိဆိုတော့ ဖုန်းအကြာကြီး သုံးတတ်သူတွေအတွက်တော့ အကောင်းဆုံးပါပဲ။

(၅) Nothing Phone 2

ဈေးကွက် ပစ္စည်း

ကိုယ်ကိုင်တဲ့ ဖုန်းအမျိုးအစားက ဘယ်အမျိုးအစားနဲ့မှ မတူချင်ဘူး၊ တမူထူးခြားပြီး ကွဲထွက်နေတာမျိုးကို လိုချင်တယ်ဆိုရင်တော့ Nothing Phone 2 ကို ရွေးချယ်သင့်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀၀ ဝန်းကျင် ပေးချေရမှာပဲ ဖြစ်ပါတယ်။ သူ့မှာပါတဲ့ LED အလင်းရောင်များကလည်း ဖုန်းရဲ့ ဒီဇိုင်းကို သစ်ဆန်းနေအောင် ကူညီပေးတာပဲဖြစ်ပါတယ်။ ဘက္ထရီကတော့ ၄၇၀၀ mAh အထိ ဖြစ်ပါတယ်။

ကွီးတို့ရော ဈေးကွက် ထဲမှာ ခေတ်စားနေတဲ့ ဖုန်းတွေ အများအပြားရှိတဲ့အနက်မှ ဘယ် ပစ္စည်း လေးကို ဘဝင်ခိုက်နေပါသလဲ။

Source: Theverge

Featured Image: T3