Poco ကနေ C-series ရဲ့ နောက်ဆုံးထွက် Budget ဖုန်း Poco C51 ကို ဒီနေ့မှာပဲ မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းမှာ ၆.၅၂ လက်မ FHD+ Resolution မျက်နှာပြင်နဲ့ 120Hz Touch Sampling Rate ထောက်ပံ့ပေးထားပြီး Helio G36 Chipset မောင်းနှင်ထားပါတယ်။

Poco C51

Photo : Gadgets 360

Poco C51 ဖုန်းဟာ 4GB RAM / 64GB Storage နဲ့လာပြီး microSD Card Slot တစ်ခုလည်း ထည့်ပေးထားပါတယ်။ Software ပိုင်းမှာတော့ Android 13 (Go edition) ကို အသုံးပြုထားပြီး 10W Charging စနစ်ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီလည်း ပါဝင်ပါတယ်။

ဖုန်းရဲ့ အရှေ့ဘက် မျက်နှာပြင်မှာ 5MP ဆယ်လ်ဖီကင်မရာ ထည့်သွင်းထားတဲ့ Waterdrop Notch ၁ ခု ပါရှိပါတယ်။ ကျောဘက်မှာတော့ 8MP ပင်မကင်မရာနဲ့ Secondary Depth Sensor ကင်မရာ ၂ လုံး တွဲဖက်တပ်ဆင်ပေး ထားပါတယ်။ Poco C51 ဖုန်းရဲ့ ကျောဘက်ကိုယ်ထည်မှာ Fingerprint Sensor ပါဝင်ပြီး 3.5mm နားကြပ်ပေါက်လည်း ထည့်ပေးထားပါတယ်။

ဖုန်းရဲ့ အလေးချိန်က ၁၉၂ ဂရမ်သာရှိပြီး ဒီဇိုင်းပိုင်း ရိုးရိုးရှင်းရှင်းနဲ့ အထာကျတဲ့ ဘက်ကိုသွားတဲ့အတွက် ဈေးနှုန်း သက်သက်သာသာနဲ့ ပေါ့ပေါ့ပါးပါး ကိုင်ချင်သူတွေကတော့ လုံးဝအကြိုက်တွေ့စေမှာ သေချာပါတယ်။

Poco C51

Photo : GSMArena.com

အရောင်တွေ အနေနဲ့ကတော့ Power Black နဲ့ Royal Blue ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်စရာ ပေးထားပြီး ဈေးနှုန်းကတော့ ရူပီး ၈,၄၉၉ ( ဒေါ်လာ ၁၀၄ ) ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ လာမယ့် ဧပြီလ ၁၂ ရက်နေ့ကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး Flipkart ဝက်ဘ်ဆိုဒ်ကနေတဆင့် မှာယူနိုင်မှာပဲ ဖြစ်ပါတယ်။

Featured Photo : The Financial Express