HMD Global ကနေ ယူအက်ဈေးကွက်အတွက် ဈေးနှုန်းသင့်တင့်တဲ့ Entry-Level စမတ်ဖုန်း ၂ လုံး ကြေညာလာခဲ့ပါတယ်။ ဒီဖုန်း ၂ လုံးကိုတော့ Nokia C110 နဲ့ Nokia C300 လို့နာမည်ပေးထားပါတယ်။ Nokia C110 ဖုန်းမှာတော့ ၆.၃ လက်မ LCD မျက်နှာပြင် HD+ Resolution နဲ့ MediaTek Helio P22 Chipset မောင်းနှင်ထားပါတယ်။ Nokia C300 ဖုန်းမှာလည်း တူညီတဲ့ HD+ Resolution ၆.၅၂ လက်မ LCD တပ်ဆင်ပေးထားပြီး Chipset ကိုတော့ Snapdragon 662 SoC မောင်းနှင်ထားပါတယ်။

Nokia C110 and C300

Photo : PhoneArena

C110 ဖုန်းရဲ့ကျောဘက်မှာ 13MP ကင်မရာ ၁ လုံးတည်းနဲ့ LED Flash ၁ လုံး ပါရှိပြီး C300 မှာတော့ 2MP Depth Sensor နဲ့ 2MP Macro ကင်မရာတို့ကို ထည့်သွင်းပေးထားပါတယ်။ အရှေ့ဘက် ဆယ်လ်ဖီ ကင်မရာတွေအနေနဲ့ C300 မှာ 8MP Front Facing Shooter ပါရှိပြီး C110 မှာတော့ 5MP Module ၁ လုံး တပ်ဆင်ပေးထားပါတယ်။ ဖုန်း ၂ ခုလုံးက 3GB RAM ၊ 32GB Storage နဲ့လာပြီး Storage ထပ်ချဲ့နိုင်မယ့် microSD Slot တစ်ခုလည်း ပါဝင်လာပါတယ်။

Software အနေနဲ့ Android 12 ကို သုံးထားပြီး C110 မှာ 5W အားသွင်းစနစ်ပါတဲ့ 3,000 ဘက်ထရီနဲ့ C300 မှာတော့ 10W အားသွင်းစနစ်ပါတဲ့ 4,000 mAh ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။ Nokia C110 နဲ့ C300 ဖုန်း ၂ ခုလုံးမှာ ဘေးဘက်နဲ့ ကျောဘက် Polycarbonate Frames တွေကို သုံးထားပြီး IP52 Ratings နဲ့ Headphone Jacks လည်း ထည့်ပေးထားပါတယ်။

Nokia C110 and C300

Photo : The Tech Outlook

Nokia C110 ဖုန်းကို မီးခိုးရောင်နဲ့ ထုတ်ထားပြီး ယူအက်မှာ ၉၉ ဒေါ်လာနဲ့ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ Nokia C300 ကိုတော့ အပြာရောင်နဲ့ ထုတ်ထားပြီး ဈေးနှုန်းမှာ ၁၃၉ ဒေါ်လာဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ Nokia ရဲ့ ဈေးနှုန်း သင့်တင့်တဲ့ ရွေးချယ်စရာ စမတ်ဖုန်းအသစ် ၂ ခုလုံးကို Consumer Cellular နဲ့ Tracfone တို့လို ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေနဲ့ လက်လီရောင်းချတဲ့ Walmart ၊ Target ၊ Best Buy နဲ့ Amazon တို့ ပူးပေါင်းပြီး အခု ဇွန်လ အနှောင်းပိုင်းမှာ စတင်ရောင်းချ သွားမယ်လို့ သိရပါတယ်။

Featured Photo : GSMArena.com