Xiaomi ကနေ ဈေးနှုန်း သက်သာတဲ့ စမတ်ဖုန်းအသစ် Redmi A3 ကို ကြေညာလိုက်ပါတယ်။ အဆိုပါဖုန်းဟာ ကျောဘက်မှာ လည်သာနဲ့တူတဲ့ ဒီဇိုင်းကို သုံးပေးထားပြီး 90 Hz Refresh Rate ထောက်ပံ့ပေးထားတဲ့ ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်နဲ့ Android 14 ကို အသုံးပြုထားပါတယ်။

 Redmi A3

Photo : GSMArena.com

Redmi A3 မှာ ရှေ့မျိုးဆက် A2 နဲ့ တူညီတဲ့ Helio G36 Chipset ကိုပဲ မောင်းနှင်ပေးထားပါတယ်။ RAM အနေနဲ့ A2 မှာ 2 GB ၊ 3 GB ၊ 4 GB ၃ မျိုးပါဝင်ပြီး လက်ရှိ Redmi A3 မှာတော့ 3 GB ၊ 4 GB နဲ့ 6 GB ဆိုပြီး ပြောင်းလဲထုတ်ထားပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာ ယခင် A2 မှာ သုံးခဲ့တဲ့ Android 13 Go အစား Redmi A3 မှာတော့ Android 14 ကို သုံးပေးထားတာပါ။

မျက်နှာပြင်အနေနဲ့ Redmi A3 မှာ HD+ Resolution ပါတဲ့ ၆.၇၁ လက်မ LCD ကို တပ်ဆင်ပေးထားပါတယ်။ မျက်နှာပြင်ဟာ 90 Hz Refresh Rate ထောက်ပံ့ပေးထားပြီး Gorilla Glass 3 အုပ်ပေးထားပါတယ်။ In-Display Fingerprint Scanner မပါဝင်တဲ့အတွက် Fingerprint ကို ပါဝါခလုတ်အောက်မှာ မြုပ်နှံထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Redmi A3

Photo : Notebookcheck

ဖုန်းရဲ့ မျက်နှာပြင် အရှေ့ဘက်မှာတော့ 5 MP ဆယ်လ်ဖီ ကင်မရာ ထည့်သွင်းထားတဲ့ Waterdrop Notch ၁ ခု ပါရှိပါတယ်။ အနောက်ဘက်မှာတော့ အရွယ်အစားခပ်ကြီးကြီး စက်ဝိုင်းထဲမှာ 8 MP Main ကင်မရာနဲ့ Auxiliary ကင်မရာ ၂ လုံးတို့ကို LED Flash ၁ လုံးအတူတူ တွဲဖက်တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

ဘက်ထရီအနေနဲ့ USB-C ပေါက်ကနေတဆင့် 10W Charging စနစ်နဲ့ အားသွင်းနိုင်မယ့် 5,000 mAh ဘက်ထရီကို သုံးပေးထားပြီး 3.5 mm နားကြပ်ပေါက်လည်း ပါပါတယ်။

အရောင်တွေကတော့ Olive Green ၊ Midnight Black နဲ့ Lake Blue ဆိုပြီး ၃ မျိုး ထုတ်ပေးထားပြီး 3/64 GB ဗားရှင်းကို ရူပီး ၇,၂၉၉ (ဒေါ်လာ ၈၇ ၊ ယူရို ၈၂) ၊ 4/128 GB ဗားရှင်းကို ရူပီး ၈,၂၉၉ (ဒေါ်လာ ၁၀၀ ၊ ယူရို ၉၃ ) နဲ့ 6/128 GB ကိုတော့ ရူပီး ၉,၂၉၉ (ဒေါ်လာ ၁၁၁ ၊ ယူရို ၁၀၄ ) ခန့် သတ်မှတ်ထားပါတယ်။

Redmi A3

Photo : INCPak

Xiaomi ကတော့ လာမယ့် ဖေဖော်ဝါရီ ၂၃ ရက်နေ့စတင်ပြီး mi.com ၊ Flipkart နဲ့ အိန္ဒိယနိုင်ငံတစ်ဝှမ်းရှိ Mi Home ဆိုင်တွေကနေတဆင့် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Featured Photo : GSMArena.com