ဖုန်းအသစ် တစ်လုံးဝယ်တော့မယ်ဆိုရင် ဘယ်အမျိုးအစား ရွေးရမလဲ စဉ်းစားရတာဟာ လုံးဝ ခေါင်းစားစရာပါ။ ကွီးတို့က ပေါ့ပေါ့ပါးပါး နေ့စဉ်သုံး ၊ ဆိုရှယ်သုံးဖို့နဲ့ ဂိမ်းဆော့ဖို့အတွက် ဈေးလည်း အများကြီး မသုံးချင်ဘူး ဆိုရင်တော့ အခုပြောပြမယ့် စမတ်ဖုန်း အမျိုးအစားတွေထဲက စဉ်းစားနိုင်ပါတယ်။ ဒေါ်လာ ၁၀၀ ဝန်းကျင် ဘတ်ဂျတ်ဖုန်းတွေ ဆိုပေမယ့် စွမ်းဆောင်ရည် ပိုင်း လျှော့တွက်လို့မရတဲ့ အမိုက်စား စမတ်ဖုန်း ၄ လုံးကို ပြောပြပေးပါမယ်။

(၁) Redmi 12C

redmi 12c
Photo : The Quint

ဈေးသင့်ပြီး စွမ်းဆောင်ရည် ကောင်းတဲ့ စမတ်ဖုန်းလို့ ပြောရင် Redmi 12C က ထိပ်ဆုံးက စဉ်းစားရမှာပါ။ MediaTek Helio G85 ပရိုဆက်ဆာ မောင်းနှင်ထားတဲ့အတွက် ဆိုရှယ် Apps တွေနဲ့ ဂိမ်းတွေကို ကောင်းကောင်း ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒီဖုန်းမှာ ကြီးမားကျယ်ပြန့်တဲ့ ၆.၇၁ လက်မ HD+ မျက်နှာပြင်နဲ့ 5000mAh ဘက်ထရီ ပါဝင်ပါတယ်။

(၂) Realme Narzo 50A Prime

Realme Narzo 50A Prime
Photo : Mashable India

ပိုက်ဆံများများ မသုံးရပဲ ကြည်လင်ပြတ်သားတဲ့ ပုံကောင်းကောင်းတွေ ရိုက်ချင်သူတွေအတွက်တော့ 50MP AI ကင်မရာ ပါတဲ့ Realme Narzo 50A Prime ရှိပါတယ်။ ဒီဖုန်းက Unisoy T612 ပရိုဆက်ဆာ မောင်းနှင်ထားတဲ့အတွက် ပေါ့ပါးသွက်လက်မှု အပြည့်နဲ့ နေ့စဉ်သုံးအတွက် အထူးသင့်လျော်ပါတယ်။ ၆.၆ လက်မ မျက်နှာပြင်တပ်ဆင်ပေးထားပြီး တစ်နေ့တာလုံးမှာ ဆိုရှယ်သုံး ၊ ဓာတ်ပုံ / ဗီဒီယိုရိုက် ၊ ဂိမ်းဆော့ဖို့နဲ့ ရုပ်ရှင်ကြည့်ဖို့အတွက် လုံလောက်တဲ့ 5000mAh ဘက်ထရီပါဝင်ပါတယ်။

(၃) Poco X4

Poco X4
Photo : Tech Advisor

Poco X4 ဖုန်းကတော့ သူ့ရဲ့ အမိုက်စား စွမ်းဆောင်ရည်ကြောင့်ပဲ ဂိမ်းရှယ်ဆော့တဲ့ User တွေကြားမှာ ရေပန်းစားပါတယ်။ Qualcomm Snapdragon 695 ပရိုဆက်ဆာရဲ့ ပြိုင်ဘက်ကင်း စွမ်းဆောင်ရည်က မိုလ်ဘိုင်းဂိမ်းတွေနဲ့ နေ့စဉ်သုံး ဆိုရှယ် Apps တွေကို ချောမွေ့လျင်မြန်စွာ Run နိုင်ဖို့ ပံ့ပိုးပေးထားပြီး ၆.၄၃ လက်မ AMOLED မျက်နှာပြင် ၊ 50MP ပင်မကင်မရာနဲ့ 5000mAh ဘက်ထရီတို့ကို ထည့်သွင်းပေးထားတဲ့ ဈေးနှုန်းသင့် စွမ်းဆောင်ရည် မြင့် စမတ်ဖုန်း တစ်လုံးဖြစ်ပါတယ်။

(၄) Samsung Galaxy M13

samsung galaxy m13 x
Photo : Mashable India

Samsung အမှတ်တံဆိပ် ထဲမှာတော့ ဈေးနှုန်းသင့်တင့်ပြီး စွမ်းဆောင်ရည် မြင့်တဲ့ Galaxy M13 စမတ်ဖုန်းက ရွေးချယ်စရာ တစ်ခုပါ။ Exynos 850 ချစ်ပ်ဆက် မောင်းနှင်ထားတဲ့အတွက် ဂိမ်းဆော့ ၊ ဆိုရှယ်သုံး ၊ ဓာတ်ပုံရိုက်ကူးတာတို့လို ပုံမှန်နေ့စဉ်လုပ်ဆောင်မှုကို ချောမွေ့မြန်ဆန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီဖုန်းမှာ ကြည်လင်ပြတ်သားတဲ့ ပုံကောင်းတွေ ရိုက်ကူးဖို့ 50MP ကင်မရာ ပါဝင်သလို ၆.၆ လက်မ FHD+ မျက်နှာပြင် ၊ 5000mAh ဘက်ထရီတို့ကို ထည့်သွင်းပေးထားပါတယ်။

Source : Analytics Insight

Featured Photo : Cashify