Infinix ကနေ Tecno Pop 8 နဲ့ Specs ၊ ဒီဇိုင်းတွေ တူတဲ့ ဈေးသက်သာတဲ့ စမတ်ဖုန်း Smart 8 HD ကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်လိုက်ပါတယ်။ Smart 8 HD ဖုန်းမှာ ၆.၆ လက်မ IPS LCD မျက်နှာပြင် ပါဝင်ပြီး HD+ Resolution နဲ့ 90Hz Refresh Rate ထောက်ပံ့ ပေးထားပါတယ်။

Infinix Smart 8 HD

Photo : GSMArena.com

ရှေ့ဘက်မျက်နှာပြင်မှာ 8MP ဆယ်လ်ဖီ ကင်မရာ ထည့်သွင်းထားတဲ့ Punch Hole Cutout တစ်ခုပါဝင်ပြီး အားသွင်း အချက်အလက်နဲ့ System ပိုင်းအချက်အလက်တွေကို ဖော်ပြပေးမယ့် Dynamic Island တစ်ခုလည်း ထည့်ပေးထားပါတယ်။ Chipset ကိုတော့ Unisoc T606 မောင်းနှင်ထားပြီး 3GB RAM နဲ့ 64GB Storage အတွဲအစပ်နဲ့ microSD Card Slot တစ်ခုလည်း ပါဝင်ပါတယ်။

ကျောဘက်မှာတော့ 13MP Main ကင်မရာနဲ့ Auxiliary AI Module ကင်မရာ နှစ်လုံး တွဲဖက်တပ်ဆင် ထားပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာတော့ Android 13 (Go edition) အခြေပြု Infinix XOS 13 အသုံးပြုထားပြီး 10W Charging စနစ်ပါတဲ့ 5,000 mAh ဘက်ထရီ ထည့်သွင်းပေးထားပါတယ်။

Infinix Smart 8 HD

Photo : Gadgets 360

Infinix Smart 8 HD စမတ်ဖုန်းကို Timber Black ၊ Crystal Green ၊ Galaxy White နဲ့ Shiny Gold ဆိုပြီး အရောင် ၄ မျိုးနဲ့ ထုတ်ထားပြီး ၎င်းရဲ့ ဈေးနှုန်းကတော့ ရူပီး ၆,၂၉၉ ( ၇၅ ဒေါ်လာ) ခန့်သာ ကျသင့်မှာပဲ ဖြစ်ပါတယ်။ Smart 8 HD စမတ်ဖုန်းကို အိန္ဒိယနိုင်ငံမှာ
လာမယ့် ဒီဇင်ဘာလ ၁၃ ရက်နေ့ စတင်ပြီး Flipkart ကနေတဆင့် ရောင်းချသွားမယ်လို့ သိရပါတယ်။

Featured Photo : Gadgets 360