vivo ကတော့ ဖုန်းတစ်လုံးတည်းကိုပဲ မတူညီတဲ့ နာမည်အမျိုးမျိုးနဲ့ ရောင်းချလေ့ရှိတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ လက်ရှိမှာလည်း iQOO Z9 Lite လို့ နာမည်ပေးထားတဲ့ Dimensity 6300 မောင်းနှင်ထားတဲ့ Midranger စမတ်ဖုန်းအသစ်ကို ကြေညာလိုက်ပါတယ်။ ဒီဖုန်းက vivo T3 Lite နဲ့ vivo Y28s တို့နဲ့ အတိအကျကို တူညီပါတယ်။

iQOO Z9 Lite

Photo : GSMArena.com

iQOO Z9 Lite ဖုန်းမှာ ၆.၅၆ လက်မ LCD ကို တပ်ဆင်ပေးထားပြီး HD+ Resolution နဲ့ 90 Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။ အရှေ့ဘက်မှာ 8 MP ဆယ်လ်ဖီ ကင်မရာကို Waterdrop Notch ထဲမှာ ထည့်သွင်းပေးထားပြီး ကျောဘက်မှာတော့ PDAF ပါတဲ့ 50 MP Main ကင်မရာ ၁ လုံးနဲ့အတူ 2 MP Depth Sensor ကင်မရာ ၁ လုံး တွဲဖက် တပ်ဆင်ပေးထားပါတယ်။

ဆော့ဖ်ဝဲပိုင်းမှာ Android 14 အခြေပြု Funtouch 14 ကို အသုံးပြုပေးထားပြီး 15W Wired Charging စနစ် တစ်မျိုးတည်းနဲ့ အားသွင်းနိုင်မယ့် 5,000 mAh ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။

အရောင်တွေ အနေနဲ့တော့ Aqua Flow နဲ့ Mocha Brown ဆိုပြီး ၂ မျိုးရွေးချယ်နိုင်မှာ ဖြစ်ပြီး Storage 126 GB ကိုမှ 4 GB နဲ့ 6 GB RAM အတွဲအစပ် ရွေးချယ်စရာ ၂ မျိုး ပေးထားပါတယ်။ ဈေးကတော့ vivo T3 Lite နဲ့ တူညီပြီး 4/ 126 GB ဗားရှင်းကို ရူပီး ၁၀,၄၉၉ (ဒေါ်လာ ၁၂၅ / ယူရို ၁၂၀) ခန့်နဲ့ 6/ 126 GB ဗားရှင်းကိုတော့ ရူပီး ၁၁,၄၉၉ (ဒေါ်လာ ၁၄၀ / ယူရို ၁၃၀) ခန့် သတ်မှတ်ထားပါတယ်။

iQOO Z9 Lite
Photo : Business Standard

iQOO Z9 Lite စမတ်ဖုန်းကို လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး Amazon India နဲ့ iQOO India အွန်လိုင်းစတိုးတွေကနေ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Source  : GSMArena.com

Featured Photo : GSMArena.com