စားချင်တာစား ခေါင်းတော့မစားနဲ့ဆိုတဲ့ ကွီးတွေရှိသလို ခေါင်းစားနေရတာကိုက အနှစ်လို့ ခံယူထားတဲ့ ကွီးတွေလည်း ရှိကြပါတယ်။ ပဟေဋ္ဌိတွေကို အဖြေညှိမယ် ၊ လျို့ဝှက်ချက်တွေကို ဖော်ထုတ်ပြီး အဖြေတစ်ခုထွက်အောင် စဉ်းစားရ ခေါင်းစား ရတာ ပျော်တဲ့ ကွီးတို့အတွက်‌တော့ ဒီတစ်ခေါက်မှာ အမှန်အကယ် ခေါင်းစားသွားရမယ့် အမိုက်စား Puzzle ဂိမ်းတွေကို ပြောပြပေးပါမယ်။

(၁) The Eyes of Ara

Source : 100 Stones Interactive

အမှန်အကန် ခေါင်းစားရမယ့်The Eyes of Ara ကတော့ ကွီးတို့ အကြိုက်နဲ့ ထပ်တူကျစေမယ့် Puzzle ဂိမ်းအသစ် လေးတစ်ခုပါ။ ဒီဂိမ်းလေးက Myst လို Classic Puzzle – Adventure ဂိမ်းတွေနဲ့ ဆင်တူပါတယ်။ သဲလွန်စတွေရှာ ၊ ၊ လျှို့ဝှက်ချက်ဖော်ထုတ်ပြီး Game World ထဲက ရှာဖွေတွေ့ရှိထားသမျှ အတိုအထွာလေးတွေနဲ့ ဂိမ်းရဲ့ ဇာတ်လမ်းကို ဆက်ရမှာပါ။ Gameplay ပုံစံကတော်တော်လေး စိတ်ဝင်စားဖို့ကောင်းသလို Graphics တွေလည်း တော်တော်ကြမ်းပါတယ်။ အားနည်းချက်ကတော့ ဒီဂိမ်းလေးကို ၅ ဒေါ်လာဝန်းကျင်နဲ့ ဝယ်ပြီးမှ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

(၂) Linelight

Source : My Dog Zorro

Linelight ဂိမ်းလေးကတော့ ရိုးရိုးရှင်းရှင်းနဲ့ ပေါ့ပေါ့ပါးပါး ခေါင်းစား ရမယ့် Puzzle ဂိမ်းတစ်ခုပါ။ ပြေးလမ်းပေါ် ပိတ်ဆို့တားဆီးလာနေတဲ့ အခြားရောင်စုံ မီးအလင်းတန်းလေးတွေကို ကွေ့ပတ်ရှောင်ရှားရင်း Level တစ်ခုကို ပြီးဆုံးအောင် ဆော့ကစားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ကမ္ဘာ ၆ ခုပါဝင်ပြီး Puzzles ပေါင်း ၂၀၀ ကျော်ကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။ အခြားဇာတ်လမ်းသွားဂိမ်းတွေလို မဟုတ်ပဲ အေးအေးဆေးဆေးနဲ့ ငြိမ့်ငြိမ့်ငြောင်းငြောင်းလေးပဲ အတားအဆီးတွေကို ကျော်ဖြတ်ဖို့ ခေါင်းစားရင်း ကစားသွားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးကလည်း ၂ ဒေါ်လာဝန်းကျင်ခန့်နဲ့ ဝယ်ယူ ကစားရမှာပါ။

(၃) Machinarium

Source : Amanita Design

Machinarium ကတော့ တော်တော်များများ သိပြီးသားဖြစ်မယ့် Classic မိုလ်ဘိုင်း Puzzle ဂိမ်းတစ်ခုပါ။ Players တွေအနေနဲ့ Josef ဆိုတဲ့ စက်ရုပ်ဇာတ်ကောင်လေး နေရာကနေ ပါဝင်ဆော့ကစားရမှာ ဖြစ်ပြီး ကောင်မလေးကို လူဆိုး စက်ရုပ်ဂိုဏ်းလက်ထဲက ကယ်ထုတ်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ Puzzle တွေကို ဖြေရှင်းပြီး တဆင့်ပြီးတဆင့် ဂိမ်း Story ကို ပြီးဆုံးအောင် ကစားသွားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက Graphics တော်တော်လေး ကောင်းသလို ခေါင်းစား ရမယ့် ပဟေဠိ အမိုက်စားလေးတွေလည်း ပါပါတယ်။ Demo ဗားရှင်းကိုတော့ Free To Play ဆော့ကစားနိုင်ပေမယ့် ဝယ်ဆော့မယ်ဆိုရင်တော့ ၂ ဒေါ်လာဝန်းကျင်ခန့်တော့ ကျသင့်မှာ ဖြစ်ပါတယ်။

(၄) The Past Within

Source : Rusty Lake

The Past Within ဂိမ်းလေးကတော့ တစ်ယောက်တည်း ခေါင်းမစားချင်ဘူး ဘော်ဒါတွေပါ ခေါ်ပြီး ခေါင်းစား ချင်တဲ့ ကွီးတို့ အကြိုက်တွေ့စေမယ့် Multiplayer Puzzle ဂိမ်းလေး ဖြစ်ပါတယ်။ တစ်ယောက်က အနာဂတ်က ဇာတ်ကောင်နေရာမှာ ကစားရမှာဖြစ်ပြီး နောက်တစ်ယောက်ကတော့ အတိတ်က ဇာတ်ကောင်နေရာကနေ ကစားသွားရမှာပါ။ Puzzles တွေကို ဖြေရှင်းနိုင်ဖို့ အတိတ်နဲ့ အနာဂတ်က သဲလွန်စတွေကို ပေါင်းစပ်ပြီး ညှိနှိုင်းအဖြေထုတ်ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ Puzzle ဂိမ်းလေးတစ်ခုဖြစ်ပြီး Android အပြင် PC ၊ Mac ၊ iOS နဲ့ Nintendo Switch တွေမှာလည်း ကစားနိုင်ပါတယ်။ ဒီဂိမ်းလေးကလည်း ၃ ဒေါ်လာဝန်းကျင်လောက်တော့ ကျသင့်မှာပါ။

Source : Android Authority

Featured Photo : Android Authority