ချစ်တင်းနှောတဲ့အခါ ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ပိုတိုးစေဖို့ ညစ်ညမ်းစကား လေးတွေ ပြောသင့်ပါတယ်။ ဒါပေမယ့် ညစ်ညမ်းစကားလေးတွေကို ပြောလေ့ပြောထ မရှိတဲ့ သူတစ်ယောက် အတွက်ကတော့ အနည်းငယ် ကြောင်တောင်တောင်ကြီး ဖြစ်နေနိုင်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် ကွီးတို့အတွက် အကြံပြုချက်လေးတွေကို ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။
(၁) ရုပ်ရှင်တွေ အတူတူဝေမျှ ခံစားပါ
Photo : Yahoo
Erotic ရုပ်ရှင်တွေ ဥပမာ Fifty Shades of Grey လို ဇာတ်ကားတွေမှာ လိင်မှုရေးရာနဲ့ ပတ်သတ်ပြီး လေ့လာစရာ ပြကွက်တွေ အများကြီး ပါပါတယ်။ ဒီလို ရုပ်ရှင်ဇာတ်ကားတွေကို ကိုယ့်ပါတနာနဲ့အတူတူ ကြည့်ရှုတာ ၊ မျှဝေတာဟာ ကိုယ့်ရဲ့လိင်မှုဘဝအတွက်လည်း များစွာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ညစ်ညမ်းစကား လေးတွေ ဘယ်လိုပြောရမလဲ ၊ စိတ်လှုပ်ရှားစရာ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ ကွီးတို့အတူတူ လေ့လာကြည့်လို့ ရပါတယ်။
(၂) တစ်ကိုယ်တော် လေ့ကျင့်ပါ
Photo : Betches
ကိုယ့်ပါတနာအရှေ့မှာ ညစ်ညမ်းစကား လေးတွေ ပြောဆိုဖို့ ရှိန်နေတယ် ၊ ကြောက်နေတယ် ၊ အဆင်မပြေသေးဘူး ဖြစ်နေတယ် ဆိုရင်တော့ တစ်ယောက်တည်း တစ်ကိုယ်တော် အရင် လေ့ကျင့်သင့်ပါတယ်။ တစ်ကိုယ်တော် အာသာဖြေချိန်မှာ ဖြစ်စေ ၊ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ရှိနေချိန်တွေမှာ ဖြစ်စေ လေ့ကျင့်ပြောဆို ကြည့်နိုင်ပါတယ်။ အစပိုင်းမှာတော့ အနည်းငယ် စိတ်မသက်မသာ ဖြစ်နိုင်ပေမယ့် လေ့ကျင့်ရင်း တဖြည်းဖြည်းအသားကျလာပြီး ပါတနာနဲ့ လက်တွေ့လုပ်ဆောင်ချိန်မှာပါ အဆင်ပြေချောမွေ့ သွားပါလိမ့်မယ်။
(၃) ဇာတ်ကောင်စရိုက်တွေ သရုပ်ဆောင်ပါ
Photo : Malay Mail
Roleplaying လုပ်ဆောင်တာက ညစ်ညမ်းစကား လေးတွေ ပြောဖို့ ရှက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကိုယ်သရုပ်ဆောင်တဲ့ ဇာတ်ကောင်စရိုက်နဲ့အညီ သင့်လျော်တဲ့ ညစ်ညမ်းစကားတွေကို ပြောဆိုရမှာပါ။ ဒီတော့ အစိမ်းသပ်သပ်ကြီး ပြောတာထက်စာရင် ဇာတ်ကောင်အရ ပြောဆိုရတဲ့ စကားလေးတွေက ပိုပြီး အဆင်ပြေနိုင်ပါတယ်။ လိင်ဆက်ဆံတဲ့အခါ Roleplaying လုပ်တာက ပုံမှန်ထက် ရင်ခုန်စရာပိုကောင်းပြီး မတူညီတဲ့ စိတ်လှုပ်ရှားမှု အသစ်တွေကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။
Source : Lifehacker
Featured Photo : iHeart