ကွီးတို့ ပင်ပန်းတဲ့အချိန် စိတ်ဖိစီးမှုတွေ ဖြေလျော့ချင်တယ်ဆို ဘာတွေလုပ်လေ့ရှိပါသလဲ။ များသောအားဖြင့် ရုပ်ရှင်ကြည့်တာ၊ ဂိမ်းဆော့တာလုပ်လေ့ရှိတယ်မလား။ စိတ်လှုပ်ရှားတတ်ကြွဖွယ်ကောင်းတဲ့ ဂိမ်းတွေကို ကစားခြင်းက ကွီးတို့ ညစ်နေတာတွေကို လျော့ပါးစေပြီး စိတ်ကို ပြန်လည်တတ်ကြွလာစေပါတယ်။ ဒီနေ့ခေတ်မှာ နည်းပညာတွေ ဖွံဖြိုးလာတာတဲ့အမျှ အမိုက်စား မိုဘိုင်းလ်ဂိမ်း တွေကလည်း အများအပြား ရှိနေပါပြီ။ ဒီနေ့မှာတော့ ကွီးတို့အတွက် ညစ်နေတာတွေ လွင့်ထွက်သွားစေမယ့် မိုဘိုင်းဂိမ်းတွေကို အားလပ်ရက်မှာ ဆော့ကစားနိုင်အောင် ဝေမျှပေးမှာ ဖြစ်ပါတယ်။

Gwent

Source : GWENT: The Witcher Card Games

အခုဖော်ပြပေးမယ့် အမိုက်စားဂိမ်းလေးကတော့ စိတ်ဝင်စားဖွယ်ကစားရမယ့် ကတ်ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းက The Witcher စာအုပ်စီးရီးမှ ဇာတ်ကွက်များနဲ့ ဂိမ်းများမှဇာတ်ကောင်များကို ပေါင်းစပ်ထားတဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။  ဒီဂိမ်းကို ဆန်းသစ်သော ပုံစံ (၃) မျိုးနဲ့ ကစားနိုင်ပြီး သူငယ်ချင်းတွေနဲ့ အတူကစားလို့ရတဲ့ Multiplayer Game တစ်ခုလည်း ဖြစ်ပါတယ်။

Iron Order 1919

Source : Bytro

ဒီဂိမ်းက ပိတ်ရက်မှာ ဘော်ဒါတွေနဲ့စုပြီး ကစားလို့ရတဲ့ အမိုက်စား မိုဘိုင်းလ်ဂိမ်းတစ်ခုပါ။ ကစားသမား ၁၀၁ ယောက်ထိ ကစားနိုင်ပြီး Iron Order 1919 မိုဘိုင်းလ်ဂိမ်းက ပထမကမ္ဘာစစ် ၁၉၁၈ မှာ မပြီးဆုံးသေးတဲ့ သမိုင်းကြောင်းမှာ ကစားရမယ့် အမိုက်စား ဗျူဟာဂိမ်း တစ်ခုဖြစ်ပါတယ်။ ဂိမ်းထဲမှာ ကစားသမားက ကမ္ဘာမြေပုံများကို ဂရုတစိုက်လေ့လာပြီး တပ်များကို ဖြန့်ကျက်ရန် အကောင်းဆုံးနည်းလမ်းကို စဉ်းစားရမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကိုယ့်နိုင်ငံကို ဘယ်လိုတိုးတက်စေချင်လဲ ဆုံးဖြတ်ရပါမယ်၊ စတဲ့ ဆန်းသစ်ပြီး အခြားသောဂိမ်းများနဲ့ ပုံစံမတူတဲ့ ဂိမ်းကို ကစားချင်ရင်တာ့ ဒီဂိမ်းလေးက အမိုက်စားပါပဲ။

Traffic Rider

Source : Touch Gameplay

ဂိမ်းထဲမှာ ဆိုင်ကယ်မောင်းရင် ညစ်နေတာတွေ လွင့်ချင်ရင် Traffic Rider ဆိုတဲ့ ဆိုင်ကယ်ဂိမ်းလေး ရှိပါတယ်။ ဒီဂိမ်းမှာ ကိုယ်ကြိုက်နှစ်သက်ရာ ဆိုင်ကယ်ကို ရွေးချယ်ပြီး အချိန်မကုန်မီ ပြိုင်ပွဲကို အပြီးသတ်ရန်နှင့် အခြားကားများနဲ့ မတိုက်မိစေဖို့ သတိထားရမှာ ဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ် ၂၉ စီးမှ ကွီးတို့စိတ်ကြိုက်ရွေးချယ်နို်ငပြီး အသံပိုင်းဆိုင်ရာမှာလည်း တကယ့်ဆိုင်ကယ် အသံများဖြစ်တာကြောင့် ဂိမ်းကိုပိုပြီး အသက်ဝင်စေတာကြောင့် အကြိုက်တွေ့စေမှာ သေချာပါတယ်။

Sniper 3D

Source : Touch Game Play

တတ်တတ်ကြွကြွနဲ့ အက်ရှင်မိုဘိုင်းလ်ဂိမ်းတွေကို ကြိုက်တဲ့ ကွီးတို့ရှိပါသလား။ ဒါဆိုရင်တော့ စိတ်လှုပ်ရှားဖွယ် ကစားရမယ့် Sniper 3D ဆိုတ သေနတ်ပစ် မိုဘိုင်းလ် ဂိမ်းလေးရှိပါတယ်။ ဒီဂိမ်းမှာ ကွီးတို့ကိုယ်တိုင် အလန်းစား Sniper သမားတစ်ယောက်အဖြစ် ကစားနိုင်ပြီး အလန်းစား Sniper ရိုင်ဖယ်မျိုးစုံ ကိုလည်း ရွေးချယ်ကစားနိုင်ပါတယ်။

Brawlhalla

Source : Brawlhalla

ပေါ့ပေါ့ပါးနဲ့ တိုက်ခိုက်ရေးဂိမ်းကို ကစားချင်ရင် Brawlhalla ဆိုတဲ့ ဂိမ်းလေးက အမိုက်စားပါပဲ။ ဒီဂိမ်းမှာ ကမ္ဘာတစ်ဝှမ်းမှ ရန်သူ ရှစ်ယောက်အထိ ထိပ်တိုက်ရင်ဆိုင် ကစားနိုင်ပါတယ်။ ဒီဂိမ်းမှာ ဇာတ်ကောင်များစွာ ပါဝင်တာကြောင့် ကွီးတို့စိတ်ကြိုက် ရွေးချယ်ကစားနိုင်ပါတယ်။

ပိတ်ရက်မှာ စိတ်ဖိစီးမှုတွေ လျှော့ချရင်း ညစ်နေတာတွေ လွင့်ထွက်သွားစေမယ့် ဒီအမိုက်စား မိုဘိုင်းလ်ဂိမ်းလေးတွေနဲ့ အပီအပြင် Chill လိုက်ရအောင်ဗျာ။

Source : Pocket Tactics

Featured Photo : Play