မိသားစုလိုက်ပဲ ဖြစ်စေ ၊ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့ပဲဖြစ်စေ ၊ ကွီးတို့ချစ်သူနှစ်ဦးတည်းဖြစ်စေ Camping ထွက်ခြင်းက ပျော်ရွှင်စရာကောင်းတဲ့ အပြင် သဘာဝတရားကြီး နဲ့လည်း ကွီးတို့ကို ပေါင်းစည်းပြီးသား ဖြစ်စေပါတယ်။ ဒါ့အပြင် Camping ထွက်ခြင်းက ကွီးတို့ကို စိတ်လှုပ်ရှားမှုနဲ့ အတွေ့အကြုံအသစ်တွေကို ခံစားရရှိနိုင်မှာလဲ ဖြစ်ပါတယ်။ သို့သော်လည်း ညအိပ် ညနေ Camping ထွက်တဲ့ အခါ အန္တရာယ်ကင်းရှင်းစေဖို့ ကွီးတို့ သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။

ကြိုတင်စီစဉ်ပါ

ညအိပ် Camping

Photo : Cool Camps Gears

ကွီးတို့ရေ Camping တစ်ခုထွက်မယ်ဆိုရင် အစစအရာရာ အဆင်ပြေပြီး ဘေးကင်းစေဖို့ အရာရာကို ကြိုတင်ပြင်ဆင်ရပါမယ်။ ကွီးတို့အနေနဲ့ အရင်ဆုံး နေရာရွေးချယ်ရပါမယ်။ ဘယ်လိုနေရာကိုပဲ ရွေးချယ်ပါစေ ၊ ဘေးကင်းဖို့ ကို ဦးစားပေးပါ။ ထို့နောက် ကွီးတို့ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ပါ။ Camping ထွက်ခြင်းရဲ့ အနှစ်သာရကတော့ ရွက်ဖျင်တဲလေးနဲ့ အိပ်တာပါပဲ။ ဒါ့ကြောင့် ရွက်ဖျင်တဲအပြင် ကွီးတို့လိုအပ်တာများကို Camping မထွက်ခင်ကတည်းက ကြိုတင်စီစဉ်ပါ။ အချို့သောနေရာများတွင် သဘာဝ Camping နေရာချရန် လုပ်ဆောင်ထားရှိပါတယ်။ အကယ်၍ ကွီးတို့အနေနဲ့ ထိုကဲ့သို့ နေရာများမှာ စခန်းချမယ်ဆိုရင် ကြိုတင်စုံစမ်းဖို့ လိုပါတယ်။

ပတ်ဝန်းကျင်ကို ဂရုပြုပါ

ညအိပ် Camping

Photo : The Manual

ကိုယ်မရင်းနှီးသေးတဲ့ နေရာမှာ ညအိပ် Camping လုပ်မယ်ဆိုရင် တဲထိုးမည့်နေရာနှင့် အနီးနားပတ်ဝန်းကျင်ကို အတိအကျ သိနိုင်စေရန် နေ့ခင်းဘက်တွင် စခန်းချပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ချောက်ကမ်းပါး၊ ခြတောင်ကုန်း၊ မြွေသိုက် သို့မဟုတ် အခြားအန္တရာယ်များအနီးတွင် ကွီးတို့တဲကို ဆောက်မိခြင်းမှ ရှောင်ကြဉ်နိုင်မည် ဖြစ်ပါတယ်။ အလင်းရောင်ရှိနေချိန်တွင် ကွီးတို့အနေနဲ့ အနီးဆုံး လမ်းများ၊ ရေရှိသောနေရာများ စတဲ့ နေရာတွေကို မည်သည့်နေရာတွင် ရှိတယ်ဆိုတာ ကြိုတင်လေ့လာထား သင့်ပါတယ်။ ဒါမှသာ ကွီးတို့ အရေးတစ်ခုခု ကြုံလာလျှင် သို့မဟုတ် အန္တရာယ်တစ်ခုခု ကြုံလာလျှင် အချိန်မနှောင့်နှေးစေဘဲ အကူအညီရယူနိုင်မှာ ဖြစ်ပါတယ်။

ရာသီဥတု အခြေအနေကို လေ့လာပါ

စခန်းချခြင်း

Photo : YouTube

ကွီးတို့အနေနဲ့ Camping ထွက်မဲ့နေရာရဲ့ ရာသီဥတုကိုလည်း သတိထားသင့်ပါတယ်။ ရာသီဥတုက အချိန်မရွေး ပြောင်းလဲနိုင်သော်လည်း ကွီးတို့ Camping ကြိုတင်ခန့်မှန်းချက်ကို စစ်ဆေးခြင်းက ကွီးတို့အား ဘယ်လို အရာတွေ ကြိုတင်ပြင်ဆင်ရမယ်ဆိုတာ သိစေပါတယ်။ မိုးသည်း ထန်စွာရွာခြင်း၊ အအေးလွန်ကဲခြင်းနဲ့ အပူရှိန်မြင့်မားခြင်းစတဲ့ အချိန်တွေကို ရှောင်ရှားပါ။

အရေးပေါ်အတွက် လိုအပ်တဲ့ ကိရိယာများ ယူဆောင်လာဖို့မမေ့ပါနဲ့

စခန်းချခြင်း

Photo : Outdoor Gear Lab

ကွီးတို့ရေ ညအိပ် Camping ထွက်တဲ့အခါ လုံခြုံမှုရှိဖို့က အမှန်တကယ်ပင် အရေးကြီးပါတယ်။ ကွီးတို့အနေနဲ့ ကျန်းမာရေးနဲ့ ထိခိုက်ဒဏ်ရာရခြင်းများအတွက် အရေးပေါ် ဆေးပစ္စည်းများပါဝင်တဲ့ First Aid ကို မမေ့မလျော့ ယူဆောင်လာပါ။ ဒါ့အပြင် ရေသန့်စင်ဆေးပြားများ ၊ ဓာတ်မီးတစ်ချောင်း ၊ အပိုဘက်ထရီများ ၊ ချွန်ထက်သောဓား ၊ ရေစိုခံမီးခြစ် စတဲ့ လိုအပ်တဲ့ အခြခံ ပစ္စည်းများပါဝင်ကြောင်း သေချာပါစေ။ ဒါမှသာ အရေး‌ပေါ် အခြေအနေများတွင် အကူအညီမရောက်မချင်း ကွီးတို့ကို အထောက်အပံ့ဖြစ်စေမှာ ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ ညအိပ် Camping ထွက်တဲ့အခါ သိရှိထားရမဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် သိထားရမဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဒီလိုအချက်တွေကို ပြည့်စုံအောင် ပြင်ဆင်သွားခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်ပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ Camping အတွေ့အကြုံလေးကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

Source : Panther Vision

Featured Photo : Timeout