လေ့လာတွေ့ရှိချက်အရ ကျန်းမာတဲ့ အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးသည် တစ်ကြိမ် သုတ်လွှတ်လျှင် တစ်မီလီလီတာတွင် သုတ်ကောင်ရေ ၁၅ သန်းကနေ သန်း ၂၀၀ အထိ ပါဝင်ပြီး သုတ်ကောင်ရေ အနည်းဆုံးဆိုလျှင် တစ်မီလီလီတာတွင် ၁၅ သန်းကနေ ၃၉ သန်းအထိ ပါဝင်တယ်လို့ သိရပါတယ်။ ကလေးယူဖို့ စီစဥ်ထားတဲ့ ကွီးတို့အဖို့ ကိုယ့်ရဲ့ ညီလေး ကို စိတ် ချမ်းသာအောင် ထားမှသာလျှင် ကိုယ် မျှော်လင့်ထားတဲ့ ရလာဒ်ကောင်းကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါဆိုရင် ကွီးတို့ရဲ့ ညီလေး ကို စိတ် ချမ်းသာအောင် ဘယ်လိုထားရှိမလဲ။

Antioxidant ကြွယ်ဝသော အစားအစာများ စားသုံးပါ

Antioxidant

သုနေသနပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်အရ Antioxidant ကြွယ်ဝသော အစားအစာများကို စားသုံးသော အမျိုးသားများသည် Antioxidant မမှီဝဲသော အမျိုးသားများထက် သုတ်ကောင်ရေ ထိခိုက်ပျက်စီးမှု နည်းတယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ Antioxidant ကြွယ်ဝသော အစားအစာများသည် ကျန်းမာတဲ့ သုတ်ကောင်ရေ ထုတ်လုပ်မှုကို မြင့်မားစေပြီး မျိုးအောင်မှုကို တိုးမြှင့်ပေးပါတယ်။

ပဲငံပြာရည်နှင့် အငန်ဓာတ် လွန်ကဲသော အစားအစာများကို လျော့စားပါ

ပဲငံပြာရည်

ပဲငံပြာရည်နှင့် ဆက်စပ်ပစ္စည်းများတွင် Phytoestrogens လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်ပြီး ထိုဒြပ်ပေါငးသည် အမျိုးသားနှင့် အမျိုးသမီးများရဲ့ မျိုးပွားအင်္ဂါကျန်းမာရေးအပေါ် ဆိုးကျိုးများ သက်ရောက်စေပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ ပဲငံပြာရည်များကို ရှောင်ကြဥ်တာပဲဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ အငန်ဓာတ် လျော့စားခြင်းသည် မျိုးပွားအင်္ဂါကျန်းမာရေးအတွက်သာမက ကွီးတို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

မိမိ ပါတနာနှင့် မကြာခဏဆိုသလို နှစ်ပါးသွားကပါ

ညီလေး စိတ်

ကွီးတို့ရဲ့ ပါတနာနဲ့ မကြာခဏဆိုသလို နှစ်ပါးသွားကခြင်းသည် ကွီးတို့ရဲ့ သုတ်ကောင်ရေ ထုတ်လုပ်မှုကို ကောင်းမွန်စေပြီး မျိုးပွားအင်္ဂါကျန်းမာရေးအတွက် အထူးကောင်းမွန်တယ်ဆိုတာ သိပြီးပါပြီလား။ ကွီးတို့ ဒုံးကျည်အလား မြန်ဆန်တဲ့ ပစ်လွှတ်မှုတိုင်းမှာ ကျန်းမာတဲ့ အရည်အသွေးပြည့်မှီတဲ့ သုတ်ကောင်များ ထုတ်လုပ်နိုင်ဖို့အတွက် တစ်ပတ်လျှင် အနည်းဆုံး ၂ ကြိမ်ခန့် နှစ်ပါးသွားကသင့်တယ်လို့ သုတေသနပညာရှင်များက ပြောကြားထားပါတယ်။

ဓာတုပစ္စည်းများရဲ့ အန္တရာယ်မှ ကာကွယ်ပါ

ညီလေး စိတ်

ကိုယ့်ရဲ့ လုပ်ငန်းခွင်က ဓာတုပစ္စည်းများနဲ့ ပတ်သက်ပြီး လုပ်ကိုင်နေရတာလား။ ဒါဆိုရင်တော့ ဓာတုပစ္စည်းများနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဥ်သင့်ပြီး ကွီးတို့ညီလေးရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုဓာတုပစ္စည်းများနဲ့ ထိတွေ့မှုကြောင့် မျိုးမအောင်တဲ့ဘဲ ကလေးရနိုင်ခြေ နည်းသွားလို့ပဲဖြစ်ပါတယ်။ လယ်သမားများ၊ ဆေးသုတ်သမားများ၊ ဂဟေဆော်ရသော အလုပ်သမားများ၊ ဆေးမှုတ်ရသော အလုပ်သများများသည် အခြားသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်ရသော အလုပ်သမားများထက် သုတ်ကောင်ရေ ထုတ်လွှတ်မှု နည်းပြီး ထုတ်လွှတ်လိုက်သော သုတ်ကောင်များသည်လည်း အရည်အသွေး မပြည့်မှီသော သုတ်ကောင်များ ဖြစ်တတ်တယ်လို့ သုတေသနပညာရှင်များရဲ့ လေ့လာချက်များအရ သိရှိရပါတယ်။

ရေပူဖြင့် ရေချိုးခြင်းကို ရှောင်ကြဥ်ပါ

ညီလေး စိတ်

ရေချိုးကန်ထဲတွင် ရေပူဖြင့် အကြာကြီး စိတ်ခြင်း၊ ရေပူဖြင့် အချိန်အတော်ကြာသည်အထိ ရေချိုးခြင်းသည်လည်း သုတ်ကောင်ရေ ထုတ်လွှတ်မှုကို လျော့ကျစေတယ်လို့ သိရှိရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြင့်မားသော အပူချိန်သည် သုတ်ကောင်ရေများကို ထိခိုက်ပျက်စီးစေလို့ပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ လက်ပ်တော့ကို ပေါင်ပေါ် တင်ကာ အလုပ်လုပ်ခြင်း၊ ပူလွန်းသော ကားထိုင်ခုံပေါ်တွင် ထိုင်ခြင်းတို့သည်လည်း ကွီးတို့ရဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အကောင်းဆုံးကတော့ ထိုနေရာတစ်ဝိုက်ကို လေဝင်လေထွက်ကောင်းပြီး အေးမြနေစေဖို့အတွက် သက်သာချောင်ချိသော ဘောင်းဘီများကို ဝတ်ဆင်ခြင်းပဲဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ ညီလေးကို ဘယ်လိုနည်းလမ်းတွေနဲ့ စိတ်ချမ်းသာအောင် ထားဖြစ်ပါသလဲ။

Source: Nccrm

Featured Image: Freepik