ဒီတစ်ခေါက်မှာတော့ အမျိုးသားတိုင်း သိထားသင့်တဲ့ ညီလေး နှိပ်နယ် ခြင်း အနုပညာအကြောင်း ပြောလိုက်ရအောင်ပါ။ ကွီးတို့ရဲ့ ညီလေးတစ်နည်းအားဖြင့် လိင်တံဟာ ပုံမှန်နှိပ်နယ်ပေးဖို့ လိုအပ်ပါတယ်။ အကြောင်းကတော့ ညီလေးကို နှိပ်နယ်ပေးတာဟာ လိင်အင်္ဂါကြွက်သားတွေဆီ သွေးစီးဆင်းမှုကို ပိုကောင်းစေပြီး လိင်တံထောင်မတ်နိုင်စွမ်းကို တိုးစေသလို လိင်တံရဲ့ လုံးပတ်အရွယ်အစားနဲ့ ဆိုဒ်ကိုလည်း ပိုမိုကြီးထွားလာစေဖို့ အထောက်အကူ ပြုပါတယ်။
Photo : Medical News Today
ညီလေးကို ဘယ်လိုနှိပ်နယ်ပေးရမလဲ ?
ညီလေး နှိပ်နယ်နည်း အဆင့်ဆင့်ကို အသေးစိတ်ဆက်ပြီး လေ့လာကြည့်ရအောင်ပါ။
- လက်တွေကို လိင်တံရဲ့အရင်းမှာ ထားပါ
- ထို့နောက် ဖြည်းဖြည်းချင်း လိင်တံထိပ်ဖျားဆီသို့ အထက်မှအောက် အနည်းငယ်ဖိပြီး ဆွဲပေးပါ
- ဖိအားအရမ်းပြင်းပြင်း ပြုလုပ်မယ်ဆိုရင် နာကျင်မှုဝေဒနာ အနည်းငယ်ခံစားရနိုင်တာကြောင့် ခပ်ဖွဖွပဲ ပြုလုပ်ပေးပါ
- လိင်တံ အဖျားကို ရောက်ချိန်မှာ ဆုပ်ကိုင်ထားတဲ့ လက်ကို ဖြေလျော့ပေးလိုက်ပါ
- လိင်တံရဲ့ အရင်းကနေ အဖျားအထိ ရောက်ဖို့ ၃ – ၅ စက္ကန့်လောက် အချိန်ယူသင့်ပါတယ်
- အဆိုပါနည်းတိုင်း ၁၅ မိနစ်ကနေ မိနစ် ၂၀ ခန့် နှိပ်နယ် ပေးရပါမယ်
- လိင်တံကို နှိပ်နယ်ချိန်မှာ ချောဆီ သို့မဟုတ် သံလွင်ဆီကို အသုံးပြုတာဟာ အရေပြားယားယံမှုတွေကို သက်သာစေပြီး ပိုမိုထိရောက်မှု ရှိပါတယ်
ညီလေးကို နှိပ်နယ်ပေးတာဟာ အန္တရာယ်ကင်းပါသလား ?
ဒါဟာ ရိုးရှင်းတဲ့ သဘာဝနှိပ်နယ်နည်းတစ်ခု ဖြစ်တာကြောင့် ဆေးတွေ ၊ အကူကိရိယာတွေ အသုံးပြုခြင်းထက် ပိုမို ဘေးကင်းစိတ်ချမှု ရှိပါတယ်။ လိင်တံရဲ့ တစ်သျှူးတွေကို ပြင်းပြင်းထန်ထန် ထိခိုက်မှုဖြစ်စေမှာ မဟုတ်ပါဘူး။ လက်ရဲ့ဖိအားကြောင့် လိင်တံကြွက်သားတွေ တစ်ခါတစ်ရံမှာ အနည်းငယ် နာကျင်မှု သို့မဟုတ် တင်းကြပ်မှု ခံစားရနိုင်ပေမယ့် အချိန်တိုအတွက်းမှာ အလိုလို သက်သာလာပါလိမ့်မယ်။ အကယ်၍နာကျင်မှု တစ်စုံတစ်ခုရှိနေရင် ညှစ်အားပြင်းပြင်း ပြုလုပ်မိတာကြောင့် ဖြစ်နိုင်ပါတယ်။ ပုံမှန်ထက်ပိုပြီး နာကျင်ခြင်း သို့မဟုတ် သွေးထွက်ခြင်း လက္ခဏာတွေဟာ ဖြစ်တောင့်ဖြစ်ခဲဆိုပေမယ့်လို့ မတော်တဆ ဖြစ်ပွားခဲ့ပါက ချက်ချင်းရပ်တန့်ပြီး ဆရာဝန်နဲ့ သွားရောက်စစ်ဆေးမှုခံယူဖို့ အကြံပေးချင်ပါတယ်။
ညီလေး နှိပ်နယ်ခြင်းကို ဘယ်သူတွေ လုပ်သင့်လဲ ?
ညီလေးကို နှိပ်နယ်ပေးတာဟာ လိင်မှုဆိုင်ရာ စွမ်းဆောင်ကို တိုးတက်စေသလို လိင်တံအရွယ်အစားကို ပိုမိုကြီးထွားလာစေပြီး လိင်အင်္ဂါကျန်းမာသန်စွမ်းမှုကို မြှင့်တင်ပေးတဲ့ သဘာဝနည်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အရွယ်ရောက်ပြီးသား အမျိုးသားတိုင်း လုပ်နိုင်ပါတယ်။ အထူးသဖြင့် လိင်အင်္ဂါ ချို့ယွင်းမှုရှိသူတွေ ပိုလုပ်သင့်ပါတယ်။ လိင်တံကို နှိပ်နယ် ပေးတာဟာ ပန်းသေပန်းညိုးကဲ့သို့ လိင်အင်္ဂါကမောက်ကမဖြစ်မှုပြဿနာတွေအတွက် အလွန်ထိရောက်တယ်လို့ ဆေးဘက်ဆိုင်ရာ သုတေသီတွေက ဆိုထားပါတယ်။
Photo : Healthline
အကြိမ်အရေ ဘယ်လောက်ပြုလုပ်သင့်လဲ ?
ညီလေး နှိပ်နယ် ခြင်းကို နေ့ရောညပါ အချိန်မရွေး အဆင်ပြေသလို လုပ်နိုင်ပါတယ်။ တစ်နေ့တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။ ထိုထက်ပိုပြီး အကြိမ်ရေများများ ပြုလုပ်မယ်ဆိုပါက လိင်တံကို ဒဏ်ဖြစ်စေနိုင်ပြီး တစ်သျှူးတွေ ပျက်စီးသွားစေ နိုင်ပါတယ်။
ညီလေး နှိပ်နယ်ခြင်းရဲ့ အကျိုးကျေးဇူးများ
- ပန်းသေပန်းညို ကဲ့သို့ လိင်အင်္ဂါချို့ယွင်းမှုဆိုင်ရာ ပြဿနာတွေကို ကုသပေးနိုင်တယ်
- လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို ပိုကောင်းစေဖို့ အထောက်အကူ ပြုတယ်
- လိင်ဆက်ဆံစဉ်မှာ ပျော်ရွှင်ကျေနပ်မှုကို တိုးစေတယ်
- လိင်တံရဲ့ ထိတွေ့အာရုံခံနိုင်စွမ်းကို မြင့်တက်စေတယ်
- စိတ်ဖိစီးမှု ပြေလျော့သက်သာစေတယ်
- လိင်တံတစ်ရှူးတွေရဲ့ သွေးစီးဆင်းမှုကို တိုးစေတယ်
- လိင်တံကြွက်သားတွေကို သန်မာစေတယ်
- အချိန်မတိုင်မှီ သုတ်လွတ်စေတဲ့ ပြဿနာကို သက်သာစေတယ်
- ကျားဟော်မုန်း ပမာဏ ထုတ်လုပ်မှုကို မြင့်တက်စေတယ်
စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။
Featured Photo : Unsplash