အိပ်ရာထဲမှာ စကေးပြမယ့် သိုင်းဆရာကြီးတွေအနေနဲ့ ကိုယ့်အန္တရာယ်ကိုယ် ကြည့်ရှောင်တက်ဖို့တော့ လိုပါတယ်။ ဘာလို့ဆို ချစ်တင်းနှောတဲ့အခါ သိုင်းကွက်ရွေးချယ်မှုဟာ အရေးကြီးလို့ပါ။ အချို့သော အနေအထားမမှန်တဲ့ သိုင်းကွက်တွေဟာ ကောင်းမွန်တဲ့ လိင်စိတ်ခံစားမှုကို ပေးမယ့်အစား မသက်မသာ ခံစားချက်နဲ့ လိင်တံအပေါ် ထိခိုက်နာကျင်မှု ဖြစ်စေတက်ပြီး တစ်ခါတစ်ရံမှာ မတော်တဆ လိင်တံကျိုးတဲ့ အခြေအနေအထိ Risk များပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ ကွီးတို့ရဲ့ ညီလေး ဘေးမဖြစ်စေဖို့ ချစ်တင်းနှောတဲ့အခါ ရှောင်သင့်တဲ့ သိုင်းကွက် တွေကို ပြောပြပေးပါမယ်။

(၁) နောက်ပြန် မြင်းစီး သိုင်းကွက်

Happy seductive couple embracing and kissing in bed in the morning

Photo : VistaCreate

ဒီသိုင်းကွက်ဟာ အခန့်မသင့်ရင် ကွီးတို့ရဲ့ လိင်တံကို ဖိချိုးသလို ဖြစ်တက်ပါတယ်။ ဘာလို့ဆို အမျိုးသမီးပါတနာက ကွီးတို့ကို ကျောပေးလျက် အနေအထားနဲ့ အပေါ်ကနေ ဖိအားသုံးကာ လှုပ်ရှားမှု ပေးရတာကြောင့်ပါ။ အပေါ်ကနေ ပါတနာရဲ့ဘော်ဒီဝိတ်တစ်ခုလုံး ဖိအားက ကွီးတို့ ညီလေး အပေါ် တိုက်ရောက် သက်ရောက်နေတဲ့အတွက် မတော်တဆ ထိခိုက်ဒဏ်ရာ ရနိုင်ပါတယ်။

(၂) နိဗ္ဗာန်တက် လှေကားထစ် သိုင်းကွက်

Shirtless man kissing girlfriend on stairs at home

Photo : VistaCreate

အိပ်ရာထဲမှာပဲ နှစ်ပါးသွားရတာ ငြီးငွေ့သူတွေ Try တဲ့ သိုင်းကွက်ဆန်း တစ်ခုပါ။ ကွီးတို့က လှေကားထစ်တစ်ခုပေါ်မှာ ထိုင်လျက်အနေအထား ပုံစံယူပြီး ကွီးတို့ရဲ့ ပါတနာကို အပေါ်ကနေ ခွခိုင်းကာ ချစ်တင်းနှော ရတာပါ။ ပါတနာက အပေါ်ကနေ ဦးဆောင်တာ ဖြစ်တဲ့အတွက် လိင်တံ အဝင်အထွက်ပိုင်းမှာ ကွီးတို့ရဲ့ ထိန်းချုပ်နိုင်မှုက အားနည်းပါတယ်။ အကျိုးဆက်အနေနဲ့ကတော့ ချော်ထွက်တာ ၊ ချော်ထိုင်မိတာတွေ ဖြစ်နိုင်ပါတယ်။ အပေါ်က ဦးဆောင်သူက ပြင်းပြင်းထန်ထန် လှုပ်ရှားလေ လိင်တံချော်ထွက် နိုင်ခြေပိုများပြီး ထိခိုက်ဒဏ်ရာရနိုင်လေ ဖြစ်ပါတယ်။

(၃) မတ်တပ် ပွေ့ချီ သိုင်းကွက်

Low angle view of sexy man hugging and kissing with woman near wall

Photo : VistaCreate

Standing Missionary သိုင်းကွက်လို့ ခေါ်ပါတယ်။ မတ်တပ်ရပ် အနေအထားနဲ့ ပါတနာရဲ့ ခန္ဓာကိုယ်ကို ပွေ့ချီကာ သိုင်းကစားရတာပါ။ ဒီသိုင်းကွက်က ကွီးတို့ ပါတနာရဲ့ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းထားရင်း လှုပ်ရှားရတာကြောင့် ကျွမ်းကျင်မှု အားနည်းရင် လိင်တံကို နာကျင်စေတက်သလို အခန့်မသင့်ပါက ခါးနာသွားနိုင်ပါတယ်။

(၄) စားပွဲတင် သိုင်းကွက်

sexy girl in red underwear sitting on wooden table and kissing with boyfriend in kitchen
Photo : VistaCreate

ပါတနာကို စားပွဲ ဒါမှမဟုတ် ခုံအစွန်းမှာ နေရာယူစေပြီး ကွီးတို့က မတ်တပ်ရပ် သိုင်းကွက်ခင်းရတဲ့ Position နဲ့ သွားမယ်ဆို သတိကြီးကြီး ထားဖို့လိုပါမယ်။ ပါတနာက စားပွဲအစွန်း / ခုံအစွန်းမှာ ထိုင်နေတဲ့အတွက် တကယ်လို့များ မိန်းမကိုယ်ထဲကနေ လိင်တံချော်ထွက်သွားတဲ့အခါ ကွီးတို့ရဲ့ ညီလေး က သူမရဲ့ ဆီးစပ်အရိုး ဒါမှမဟုတ် စားပွဲအစွန်းကို ထိုးမိတက်ပြီး ထိခိုက်ဒဏ်ရာ ရစေနိုင်ပါတယ်။

Source : Thehealthsite

Featured Photo : VistaCreate