ကွီးတို့က ချစ်တင်းနှော နေရင်းနဲ့ မြန်မြန်ဆန်ဆန်ပဲ အထွတ်အထိပ် ရောက်သွားမှာကို စိတ်ပူနေတယ်ဆိုရင်တော့ ကွီးတို့ တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သတိရလိုက်ပါ။ အမျိုးသား သုံးယောက်မှာ တစ်ယောက်လောက်က ထိုပြဿနာမျိုးနဲ့ ကြုံတွေ့နေရလို့ပဲဖြစ်ပါတယ်။ ဒီလိုမျိုး ချစ်တင်းနှော နေရင်းနဲ့ ညီလေး ကြာကြာ မလန်း နိုင်တော့မှာကို စိတ်ပူနေတဲ့ စိတ်ခံစားချက်ကြီးက ကွီးတို့ကို စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှု ရစေပြီး ချစ်တင်းနှော ဖို့ကိုတောင် နောက်တွန့်သွားနိုင်တဲ့အထိ စိတ်ထိခိုက်စေပါတယ်။

ကွီးတို့က ချစ်တင်းနှော နေရင်းနဲ့ ညီလေး ကြာကြာ မလန်း နိုင်တော့မှာကို စိတ်ပူနေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများက ကူညီပေးပါလိမ့်မယ်။

(၁) ကွီးတို့ စကီလေးဆီက အကူအညီ ရယူပါ

ကွီးတို့ စကီလေးဆီက အကူအညီ ရယူပါ

ကိုယ့် ပါတနာဆီက အထောက်အပံ့ရခြင်း မရခြင်းသည် ချစ်တင်းနှောတဲ့ နေရာမှာ အများကြီး စကားပြောပါတယ်။ နှစ်ယောက်သားက စိတ်တူ ကိုယ်တူနဲ့ အပေးအယူမျှမှသာလျှင် ချစ်တင်းနှော နေစဥ်မှာ ကြည်နူး ပျော်ရွှင်ရမှာပဲ ဖြစ်ပါတယ်။ ကွီးတို့ဘက်ကလည်း ကိုယ့်အခြေအနေကို ကိုယ့်ပါတနာသိအောင် ပွင့်ပွင့်လင်းလင်း ပြောပြပါ။ သူ့ဘက်ကနေ ကူညီနိုင်တာရှိရင် ကူညီပေးပါလိမ့်မယ်။ သူကလည်း အခြေအနေမှန်ကို သိထားမှသာလျှင် ဘယ်လို ကူညီရမလဲဆိုတာကို သိမှာဖြစ်ပါတယ်။

(၂) ကွန်ဒုံး အသုံးပြုပါ

ညီလေး မလန်း

သုံးမိနစ် ဇာတ်လမ်းတွေက ညီလေးက အာရုံခံစားနိုင်စွမ်း ကောင်းလွန်းလို့ အထွတ်အထိပ်ကို မြန်မြန်ဆန်ဆန် ရောက်သွားတာပဲ ဖြစ်ပါတယ်။ အချိန်တိုအတွင်း အထွတ်အထိပ်သို့ မြန်မြန်ဆန်ဆန် မရောက်ချင်ဘူးဆိုရင်တော့ ကွန်ဒုံး အသုံးပြုရမှာပဲ ဖြစ်ပါတယ်။ ကွန်ဒုံးသည် ကြားထဲမှာ အလွှာ တစ်ခုလို ခံထားတဲ့အတွက်ကြောင့် ကွီးတို့ရဲ့ ညီလေး အာရုံ ခံစားနိုင်စွမ်းကို အချိန်တစ်ခုလောက်အထိ ကြာမြင့်စေမှာဖြစ်ပြီး ကွီးတို့လည်း အချိန်ကြာကြာ ချစ်တင်းနှော နိုင်မှာဖြစ်ပါတယ်။

(၃) အစွမ်းအထက်ဆုံး နည်းလမ်း ရှိပါတယ်

ညီလေး မလန်း

နောက်ထပ် အစွမ်းအထက်ဆုံး နည်းလမ်းကတော့ ပြီးမြောက်ခါနီးမှာ ရပ်လိုက်ရမှာ ဖြစ်ပါတယ်။ ကိုယ့် ပါတနာနဲ့ ချစ်တင်းနှော နေရင်းနဲ့ ပြီးမြောက်တော့မယ်လို့ ခံစားလာရတဲ့အခါ ကွီးတို့ရဲ့ ညီလေးကို အပြင်သို့ ဆွဲထုတ်ပြီး စက္ကန့် အနည်းငယ်လောက် လက်နဲ့ ညှစ်ထားလိုက်ပါ။ ပြီးမြောက်တော့မယ်ဆိုတဲ့ ခံစားချက်က ပျောက်ကွယ်သွားမှာ ဆက်လက်ပြီး ချစ်တင်းနှောနိုင်ပါတယ်။

(၄) အနေအထား ပြောင်းပါ

ညီလေး မလန်း

ကွီးတို့က ချစ်တင်းနှော တဲ့ သိုင်းကွက် အနေအထားတစ်ခုကနေ အခြားတစ်ခုသို့ ပြောင်းလဲဖို့အတွက် လှုပ်ရှားမှုတွေဆီကနေ ခဏတဖြုတ် အနားပေးလိုက်ရတာဖြစ်ပါတယ်။ ထိုခဏတဖြုတ် အချိန်လေးမှာ ခန္ဓာကိုယ်က အနည်းငယ် အေးသွားပြီး ပြီးမြောက်မယ့် ခံစားချက်ကလည်း နှောင့်နှေးသွားပါတယ်။ ဒီလိုနည်းနဲ့ ကွီးတို့ရဲ့ ညီလေး အချိန်ကြာကြာ မလန်း နိုင်မယ့် အဖြစ်ကနေ တားဆီးလို့ရပါတယ်။

(၅) စကီလေးနဲ့ ချစ်တင်းမနှောခင်မှာ အရင်ဦးဆုံး တစ်ကိုယ်ရည် အာသာဖြေပါ

ညီလေး မလန်း

စကီလေးနဲ့ ချစ်တင်းမနှောခင်မှာ အရင်ဦးဆုံး ကိုယ့်ဘာသာကိုယ် တစ်ကိုယ်ရည် အာသာဖြေခြင်းသည်လည်း ကွီးတို့ ချစ်တင်းနှော နေစဥ်မှာ အချိန်ကြာကြာ စွမ်းဆောင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကွီးတို့သည် ပထမတစ်ခါ ပြီးမြောက်သွားပြီး သုတ်လည်း ထွက်ပြီးသွားပြီဖြစ်တဲ့အတွက် ဒုတိယတစ်ကြိမ် သုတ်ထပ်ထွက်အောင် စုဆောင်းချိန် ယူရပါသေးတယ်။ ဒါ့ကြောင့်မို့လို့ ဒီနည်းလမ်းကလည်း တစ်ချက်ခုတ် နှစ်ချက်ပြတ် နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အချိန်ကြာကြာ စွမ်းဆောင်နိုင်ဖို့ ဘာတွေ လုပ်ဆောင်လေ့ရှိပါသလဲ။

Source : Businessinsider

Featured Photo : Outsideonline