အိပ်ရေးပျက်ခြင်းသည် ကွီးတို့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ်ကို အကြီးအကျယ် ထိခိုက်စေပြီး ခန္ဓာကိုယ်တွင်းရှိ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ထိုကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများထဲတွင် ကွီးတို့ရဲ့ ညီလေးလည်း ပါဝင်ပါတယ်။ အိပ်ရေးပျက်တာ များလာရင် ကွီးတို့ရဲ့ ညီလေး လည်း လှုပ် နိုင်တော့မှာမဟုတ်ပါဘူး။

အိပ်ရေးပျက်ခြင်းနဲ့ ကွီးတို့ရဲ့ ဟိုစိတ် ဒီစိတ် ရှိခြင်း မရှိခြင်း၊ လိင်စွမ်းဆောင်ရည် အပြည့်အဝ ရှိခြင်း မရှိခြင်းတို့က ဘယ်လို ဆက်စပ်နေပါသလဲ။

ဟိုစိတ် ဒီစိတ်များ လျော့နည်းသွားခြင်း

ဟိုစိတ်

ကွီးတို့ အိပ်ချိန် ဘယ်လောက်ရရှိထားသလဲပေါ် မူတည်ပြီး ကွီးတို့ရဲ့ ဟိုစိတ် ဒီစိတ်တွေကလည်း ပြောင်းလဲဿွားတတ်ပါတယ်။ လေ့လာချက်တစ်ခုအရ အမျိုးသမီးများရဲ့ စိတ်ပါခြင်း၊ စိတ်ကြွခြင်းသည် သူတို့ အိပ်စက်ချိန် ၁၄ ရာခိုင်နှုန်း တိုးမြှင့်သွားခြင်းအပေါ် မူတည်နေပါတယ်။ အမျိုးသားများလည်း ထိုနည်းအတိုင်းပါပဲ။ နှစ်ခြိုက်စွာ အိပ်စက် အနားယူထားခြင်း မရှိဘဲ၊ အိပ်ရေးပျက်တာ များလာရင် ဘာဆိုဘာမှ လုပ်ချင်စိတ်လည်း မရှိတော့ဘဲ ညီလေး ကလည်း လှုပ် နိုင်တော့မှာမဟုတ်ပါဘူး။

မျိုးအောင်နိုင်ခြေ လျော့ကျသွားခြင်း

ညီလေး လှုပ်

အမျိုးသားတွေရဲ့ ခန္ဓာကိုယ်က သုတ်ပိုးများ ထုတ်လွှတ်ဖို့အတွက် Testosterone ကို အသုံးပြုရတာဖြစ်ပါတယ်။ ကျန်းမာပြီး အောင်မြင်တဲ့ သုတ်ပိုးများ ထုတ်လုပ်ဖို့ရန်အတွက် ထို Testosterone သည် မရှိမဖြစ်လိုအပ်ပါတယ်။ တကယ်လို့ ကွီးတို့က အိပ်ရေး ဝဝ မအိပ်ထားဘူးဆိုရင် သုတ်ပိုး ထုတ်လွှတ်မှုလည်း လျော့ကျသွားပြီး အရည်အချင်း မပြည့်မှီတဲ့ သုတ်ပိုးများသာ ထုတ်လွှတ်စေမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးယူဖို့ ကြိုးစားနေတဲ့ အိမ်ထောင်သည် စုံတွဲများအနေနဲ့ အိပ်ရေး ဝဝ အိပ်စက်အနားယူပြီးမှသာလျှင် နှစ်ပါးသွား ကသင့်ပါတယ်။ နို့မဟုတ်ရင် ဘယ်လောက်ပဲ ကြိုးစားနေပါစေ၊ ကလေး ရနိုင်ခြေ လျော့နည်းတတ်ပါတယ်။

ရွှေပန်းညှိုး သွားခြင်း

ညီလေး လှုပ်

ရွှေပန်းညှိုး သွားတဲ့ ဖြစ်စဥ်ကတော့ မျိုးပွားအင်္ဂါကျန်းမာရေး အားနည်းသွားခြင်းတစ်မျိုးပါပဲ။ ကွီးတို့ရဲ့ ညီလေးက ထောင်မတ်နိုင်ခြင်း မရှိတော့တဲ့ ကျန်းမာရေး ဖြစ်စဥ်မျိုးပါ။ အိပ်ရေးပျက်ညတွေ များလာပါက ရွှေပန်းညှိုးသွားတတ်ပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါ၊ နှလုံးရောဂါရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးအနေနဲ့လည်း ရွှေပန်းညှိုးခြင်း ဖြစ်စက်ကို ကြုံတွေ့ရတတ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ပြုလုပ်ထားတဲ့ ကျန်းမာ သုတေသန လေ့လာချက်အရ အိပ်ရေးပျက်ညတွေများတဲ့ အမျိုးသားများရဲ့ ၆၃ ရာခိုင်နှုန်းခန့်သသည် ပန်းသေ ပန်းညှိုးခြင်း ကျန်းမာရေး နောက်ဆက်တွဲကို ခံစားရကြောင်း ဖော်ပြထားပါတယ်။

ကွီးတို့လည်း ကိုယ့်ရဲ့ ပစ္စည်း ဥစ္စာကို သေချာ စောင့်ရှောက်ဖို့အတွက် အိပ်ရေးဝဝ အိပ်စက်အနားယူကြရဲ့လား။

Source: Goodrx

Featured Image: Freepik