ချစ်တင်းနှောခြင်းသည် ကွီးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာအတွက်သာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့်လည်း ဆက်နွယ်နေပါသေးတယ်။ ကိုယ် နှစ်သက်မြတ်နိုးရတဲ့သူနဲ့ ချစ်တင်းနှောလိုက်ခြင်းက ကွီးတို့ရဲ့ စိတ်ခံစားချက်များ၊ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဥ်များကို ပိုမိုနက်နက်ရှိုင်းရှိုင်း တွယ်တာသွားစေပြီး ယေဘုယျ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ ကိုယ်ခံစွမ်းအားကိုလည်း မြင့်တင်ပေးပြီး ကွီးတို့ရဲ့ ညီလေး သည်လည်း ကျန်းမာသန်စွမ်းနေတဲ့အတွက်ကြောင့် ပိုမို လှုပ်ရွ နိုင်မှာ အသေအချာပါပဲ။
နာမကျန်းဖြစ်ခြင်းနှင့် ညီလေး လှုပ်ရွ နိုင်မှု မရှိခြင်း
နာမကျန်းဖြစ်ခြင်းသည် ခန္ဓာကိုယ်ကို များစွာ အကျိုးသက်ရောက်မှုရှိစေပါတယ်။ နေမကောင်းဖြစ်ပြီး မကျန်းမမာတဲ့အချိန်မှာ ရွှေပန်းလေး နိုးထနိုင်မှာမဟုတ်ဘဲ ဟိုစိတ်ဒီစိတ်တွေလည်း ကုန်ခမ်းနေမှာ အမှန်ပါပဲ။ ကွီးတို့က ပင်ပန်းနွမ်းနယ်နေပြီး ခန္ဓာကိုယ်ကလည်း နုန်းချိနေမှာဖြစ်ပါတယ်။ နေကောင်းကျန်းမာနေတုန်းကလိုလည်း အကောင်းဆုံး စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် နာမကျန်းမဖြစ်အောင် ကိုယ်ခံစွမ်းအားကို မြင့်မားနေအောင် နေထိုင်ရမှာဖြစ်ပြီး အိပ်ချိန်မှန်မှန်၊ စားချိန်မှန်မှန်နဲ့ အစား အစာများကိုလည်း အာဟာရ ညီညွှတ်မျှတစွာ စားသုံးဖို့ လိုအပ်ပါတယ်။
စိတ်ဖိစီးမှုများကို လျော့ချပါ
စိတ်ဖိစီးမှု များနေတဲ့အခါ ဘာဆိုဘာမှ လုပ်ချင်စိတ်လည်း မရှိပါဘူး။ စိတ်ဖိစီးမှု လျော့ချဖို့အတွက်ဆိုရင် ကိုယ့်ကို စိတ်ဖိစီးစေတဲ့အရာတွေကို ခေါင်းထဲက မြန်မြန်ထုတ်ပစ်ဖို့ လိုပါတယ်။ စိတ်ဖိစီးမှုများကို လျော့ချပေးနိုင်တဲ့ နည်းလမ်းကောင်းများ အများအပြားရှိတဲ့အနက် စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်ကတော့ ချစ်တင်းနှောခြင်းပဲဖြစ်ပါတယ်။
စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းက ကော်တီစောလို့ခေါ်တဲ့ ဟော်မုန်းပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှု ဟော်မုန်းများ များများထွက်လေ၊ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကလည်း လျော့နည်းသွားလေပါပဲ။ ဒါပေမဲ့ ချင်တင်းနှောချိန်မှာ စိတ်ဖိစီးမှု ဟော်မုန်းများကို လျော့ချပေးပြီး ပျော်ရွှင်မှုကို ဆောင်ကျဥ်းပေးတဲ့ ဟော်မုန်းတွေဖြစ်တဲ့ Endorphins ၊ Dopamine နှင့် Oxytocin အစရှိတဲ့ ဟော်မုန်းများ ထွက်ပေါ်လာပြီး စိတ်ဖိစီးမှုများကို ဖယ်ရှားပေးနိုင်ပါတယ်။
အိပ်ရေးဝဝ အိပ်စက်အနားယူပါ
ကိုယ်ခံစွမ်းအား ကောင်းဖို့အတွက်ဆိုရင်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက် အနားယူဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကွီးတို့က အိပ်ရေးပျက်တာတွေ များမယ်၊ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရဘူးဆိုရင်တော့ ကိုယ်ခံစွမ်းအားလည်း လျော့ကျသွားမှာဖြစ်ပါတယ်။ ကွီးတို့ ချစ်တင်းနှောစဥ်မှာ ထွက်ရှိတဲ့ ဟော်မုန်းများသည်လည်း ကွီးတို့ကို ကောင်းစွာ အိပ်မောကျအောင် ကူညီပေးပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြင့်မားအောင် ကူညီပေးနိုင်ပါတယ်။
ဒါဆိုရင်တော့ ကွီးတို့ရဲ့ ညီလေး လှုပ်ရွ နိုင်ဖို့အတွက် ဘာတွေ လုပ်ဆောင်ရမလဲဆိုတာ သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။ ကွီးတို့ရော ကိုယ့်ရဲ့ ညီလေး လှုပ်ရွနေအောင် ဘယ်လိုမျိုး ဆောင်ရွက်လေ့ရှိပါသလဲ။
Source: Drvegan
Featured Image: Freepik