လိင်မှုကျန်းမာရေးနဲ့ ပတ်သတ်ပြီး အမျိုးသားတွေမှာ အများဆုံးဖြစ်တက်တဲ့ ပြဿနာတစ်ခုကတော့ ညီလေး ရဲ့ အထိအတွေ့ ခံစားမှုအာရုံ လျော့ကျတာပါပဲ။ အမျိုးသားတွေမှာ လိင်တံရဲ့ အာရုံခံစားနိုင်မှု လျော့ကျတာဟာ လိင်မှုဘဝအပေါ်အများကြီး ထိခိုက်စေနိုင်ရုံမကပဲ ပုံမှန်နေ့စဉ်အလုပ်တွေကိုပါ လုပ်ဆောင်ဖို့ပင် ခက်ခဲစေနိုင်ပါတယ်။ လိင်တံရဲ့ ခံစားမှုအာရုံ လျှော့ကျရတဲ့ နောက်ကွယ်က အကြောင်းအရင်းတွေထဲမှာ နေထိုင်မှုပုံစံအမှားတွေ သို့မဟုတ် ကျန်းမာရေးပြဿနာတွေနဲ့ အများကြီး ပတ်သတ်ဆက်နွယ်နေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အမျိုးသားတွေမှာ ဖြစ်တက်တဲ့ လိင်တံ အာရုံခံစားမှုလျော့ကျတဲ့ ပြဿနာနဲ့ပတ်သတ်ပြီး အဖြစ်အများဆုံး အကြောင်းအရင်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) ကြမ်းတမ်းတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုများ

Photo : New York Post

ကွီးတို့ရဲ့ ညီလေးကို ကြမ်းကြမ်းတမ်းတမ်း သို့မဟုတ် တင်းကျပ်စွာ ဆုပ်ကိုင်ပြီး တစ်ကိုယ်ရည်အာသာဖြေတာ သို့မဟုတ် ပြင်းထန်တဲ့ နည်းလမ်းနဲ့ လိင်ဆက်ဆံတာ စတဲ့ လှုပ်ရှားမှုတွေဟာ လိင်တံကို ထုံကျင်တင်းကြပ်စေပြီး ကြာလာတာနဲ့ ညီလေးရဲ့ အထိအတွေ့ ခံစားမှုအာရုံတွေ လျှော့ကျလာနိုင်ပါတယ်။ တစ်ကိုယ်ရည်အာသာဖြေနေစဉ်အတွင်း လိင်တံကို ကြမ်းတမ်းစွာ ကိုင်တွယ်တာ သို့မဟုတ် ပုံမှန်မဟုတ်တဲ့ လူကြီးကစားစရာအရုပ်တွေကို အသုံးပြုတာဟာလည်း လိင်တံအာရုံခံနိုင်စွမ်းကို ပျက်စီးစေတက်ပါတယ်။

(၂) လွဲမှားနေတဲ့ နေထိုင်မှုပုံစံများ

smoking

Photo : News-Medical.net

ဆေးလိပ်သောက်ခြင်း ၊ အရက်အလွန်အကျွံသောက်ခြင်းနဲ့ မူးယစ်ဆေးဝါးသုံးစွဲခြင်းတွေ ကဲ့သို့သော အချို့သော လွဲမှားနေတဲ့ လူနေမှုပုံစံတွေဟာလည်း ညီလေးရဲ့ အာရုံခံနိုင်စွမ်းကို ထိခိုက်စေပြီး လိင်တံကို ထုံသွားစေပါတယ်။ နီကိုတင်း ၊ အရက်နဲ့ မူးယစ်ဆေးဝါးတွေဟာ သွေးကြောတွေကို ကျဉ်းမြောင်းစေပြီး လိင်တံသို့ သွေးစီးဆင်းမှုကို လျော့ကျစေတဲ့အတွက် လိင်တံအာရုံခံနိုင်စွမ်းကို လျော့ကျစေတာ ဖြစ်ပါတယ်။

(၃) ကျန်းမာရေး အခြေအနေများ

diabetes

Photo : Healthline

ဆီးချိုရောဂါနဲ့ Multiple Sclerosis ရောဂါ ကဲ့သို့ အချို့သော ကျန်းမာရေး အခြေအနေတွေဟာ လိင်တံရဲ့ အထိအတွေ့ အာရုံခံစားနိုင်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရောဂါဟာ အာရုံကြောတွေနဲ့ သွေးကြောတွေကို ပျက်စီးစေနိုင်ပြီး လိင်တံရဲ့ အာရုံခံစားနိုင်မှုကို ထိန်းချုပ်ပေးနေတဲ့ အာရုံကြောစနစ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခြေလက်အင်္ဂါတွေအပြင် လိင်တံမှာပါ ထုံကျင်နေတာကို သတိပြုမိတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။

(၄) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး

Mental health

Photo : UNC Health Talk

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေတွေဖြစ်တဲ့ စိုးရိမ်ပူပန်မှုများခြင်း ၊ ဖိစီးမှုများခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေဟာ အထူးသဖြင့် အမျိုးသားတွေမှာ လိင်မှုဆိုင်ရာ ကျန်းမာရေးအပေါ် ပြင်းထန်စွာ သက်ရောက်မှု ရှိပါတယ်။ ဒီအခြေအနေတွေဟာ လိင်မှုစွမ်းဆောင်ရည်နဲ့ လိင်စိတ်နိုးကြားတက်ကြွမှုကို အဟန့်အတားဖြစ်စေတဲ့အပြင် လိင်တံရဲ့ အာရုံခံစားနိုင်မှုကိုလည်း ပျက်စီးစေနိုင်ပါတယ်။

(၅) ထိခိုက်ဒဏ်ရာများ

Trauma to penis

Photo : Men’s Health

လိင်တံ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ခွဲစိတ်မှု ကဲ့သို့ လိင်တံရဲ့ ပြင်ပဒဏ်ရာကြောင့်လည်း အာရုံခံစားမှု လျော့ကျနိုင်ပါတယ်။ ညီလေး မှာ မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့အခါ ဒါမှမဟုတ် ခွဲစိတ်မှုတစ်ခုခုကြောင့် လိင်တံရှိ အာရုံကြောများ သို့မဟုတ် တစ်သျှူးများ ပျက်စီးသွားတဲ့အခါမှာ သင့်လိင်တံရဲ့ အာရုံခံနိုင်စွမ်းဟာလည်း လျော့ကျသွားတက်ပါတယ်။

Source : LloydsPharmacy Online Doctor

Featured Photo : Promescent