စာရေးသူတို့ ဒီတစ်ခေါက်မှာတော့ အရွယ်ရောက်ပြီးသူတိုင်း သိထားသင့်တဲ့ တစ်ကိုယ်ရည်အာသာဖြေမှုဆိုင်ရာ အလေ့အထအမှားတွေ အကြောင်း ပြောပြချင်ပါတယ်။ တစ်ကိုယ်ရည်အာသာဖြေတယ်ဆိုတာဟာ အရွယ်ရောက်ပြီးသူတိုင်းနဲ့ သိပ်မစိမ်းလှတဲ့ လိင်မှုဆိုင်ရာ ကိစ္စတစ်ခုပါ။ သို့သော်လည်း အမျိုးသားတွေအနေနဲ့ တစ်ကိုယ်ရည်အာသာဖြေခြင်းနဲ့ ပတ်သတ်ပြီး သိထားရမယ့် ကောင်းကျိုးဆိုးကျိုးတွေ ရှိနေပါတယ်။ တစ်ကိုယ်ရည်အာသာဖြေခြင်းကနေ စိတ်ဖိစီးမှု လျော့ကျတာ ၊ ကောင်းမွန်စွာ အိပ်ပျော်စေတာ ၊ အမျိုးသားတိုင်း စိုးရိမ်ရတဲ့ ဆီးကျိတ်ကင်ဆာကို အထိုက်အလျောက် ကာကွယ်ပေးတာအပြင် ပါတနာနဲ့ဆက်ဆံချိန်မှာလည်း လိင်စိတ်ဆန္ဒအထွတ်အထိပ်ကို ရောက်ရှိဖို့ ကူညီပေးပါတယ်။ သို့သော် အလွန်အကျွံပြုလုပ်မိပီ့း စွဲလန်းတဲ့ အဆင့်ကိုရောက်လာမယ်ဆိုရင် ကိုယ့်ရဲ့နေ့စဉ်ဘဝနဲ့ နေထိုင်မှုပုံစံတွေအပေါ်မှာပါ ဆိုးကျိုးတွေ သက်ရောက်လာစေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး တစ်ကိုယ်ရည်အာသာဖြေမှု ပုံစံအမှားတွေကလည်း ကွီးတို့ရဲ့ ညီလေး ကို ဆိုးကျိုးသက်ရောက် စေနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ညီလေးကို ပြုစုယုယတဲ့အခါ ရှောင်ရှားသင့်တဲ့ အချက်တွေကို ပြောပြပေးပါမယ်။

(၁) ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ခြင်းကို ရှောင်ကြဉ်ပါ

Banana

Photo : Redbook

တစ်ကိုယ်ရည်အာသာဖြေတဲ့အခါ ကွီးတို့ရဲ့ ညီလေး ကို ခမ်ကြမ်းကြမ်း ပွတ်တိုက်တာမျိုး မလုပ်မိစေဖို့ အကြံပေးချင်ပါတယ်။ အမျိုးသား လိင်အင်္ဂါဟာ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာပါ။ လိင်တံကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက် အာသာဖြေတဲ့အခါ ကြွက်သား ရောင်ရမ်းတာ ၊ ကြွက်သားနာကျင်တာနဲ့ အဖုအပိန့်တွေ ထွက်ပေါ်လာစေနိုင်ပါတယ်။ ကွီးတို့ ညီလေးမှာ ထိခိုက်ပွန်းပဲ့နာတွေ ဖြစ်လာရင် ရောဂါပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်လာနိုင်သလို ဆီးလမ်းကြောင်းပိုးဝင်တဲ့ အခြေအနေတွေနဲ့လည်း ကြုံရနိုင်ပါတယ်။

(၂) ပြင်းပြင်းထန်ထန် ဖိအားပေးတာမျိုး ရှောင်ပါ

Banan

Photo : iStock

ညီလေး ထောင်မတ်နေချိန်မှာ အားများများနဲ့ ပြင်းပြင်းထန်ထန် ဖိတာမျိုး လုပ်မိရင် နောက်ပိုင်း ပါတနာနဲ့ အတူနေချိန်မှာ အခက်တွေ့ရနိုင်ပါတယ်။ Trauma And Acute Care Surgery ဂျာနယ်ရဲ့ လေ့လာမှုစာတမ်းတစ်ခုအရ လိင်ဆက်ဆံချိန်မှာ လိင်တံအပေါ် ဖိအားပေးတာက လိင်တံထိခိုက်ဒဏ်ရာရဖို့ ဥပမာအားဖြင့် လိင်တံကျိုးတာမျိုး ဖြစ်ဖို့ ၁၉ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ သို့သော်လည်း တစ်ကိုယ်ရည်အာသာဖြေနေချိန်မှာ လိင်တံကို အားပြင်းပြင်း ဖိအားပေးမိမယ်ဆိုရင် လိင်တံထိခိုက်နိုင်ခြေ လိင်တံကျိုးနိုင်ခြေဟာ ၆၀ ရာခိုင်နှုန်းလောက်အထိ သိသိသာသာ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုထားပါတယ်။

(၃) ကားစီးရင်း အာသာဖြေခြင်းကို ရှောင်ပါ

Banana

Photo : Freepik

လိင်စိတ်ဆန္ဒဟာ အချိန်နေရာမရွေး ဖြစ်နိုင်တယ်ဆိုတာကို လက်ခံထားရပါမယ်။ သို့သော်လည်း ရွေ့လျားနေတဲ့ ယာဉ်ပေါ် သို့မဟုတ် မောင်းနှင်နေတဲ့ ကားပေါ်မှာ တစ်ကိုယ်ရည်အာသာဖြေတာကတော့ အမှားကြီး မှားနိုင်တဲ့ ကိစ္စတစ်ခုပါပဲ။ လေ့လာမှုတွေအရ ရွေ့လျားနေတဲ့ ကားပေါ်မှာ တစ်ကိုယ်ရည်အာသာဖြေမိတဲ့ အမျိုးသား အများစုဟာ သူတို့ရဲ့ ညီလေးမှာ ထိခိုက်ဒဏ်ရာ ရတက်ကြသလို လိင်တံကျိုးတဲ့ အခြေအနေအထိ ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

(၄) ပုံမှန်မဟုတ်တဲ့ ပစ္စည်းတွေထဲ ထိုးသွင်းဆက်ဆံ အာသာဖြေခြင်းကို ရှောင်ပါ

Banana

Photo : Men’s Journal

တစ်ခါတစ်လေမှာ စိတ်ကူးယဉ်မှုနဲ့ မတူညီတဲ့ ခံစားမှုအထိအတွေ့အပေါ် စမ်းသပ်လေ့လာလိုစိတ်တွေကြောင့် တစ်ကိုယ်ရည်အာသာဖြေတဲ့အခါ လက်နဲ့တင်မကပဲ ညီလေး ကို ပုံမှန်မဟုတ်တဲ့ အရာဝတ္ထုတွေထဲ ထိုးသွင်းဆက်ဆံ အာသာဖြေတာမျိုး လုပ်တက်ကြပါတယ်။ ဒါဟာ တကယ်တော့ သိပ်ကို အန္တရာယ်ကြီးတဲ့ တစ်ကိုယ်ရည်အာသာဖြေမှုဆိုင်ရာ အလေ့အထအမှားတစ်ခုပါ။ များသောအားဖြင့် ပုလင်းနဲ့ ဘူးအဝတွေ ၊ ပလတ်စတစ်ကွင်း ၊ သံကွင်းတွေ ၊ တိတ်ခွေအလိပ်တွေနဲ့ တခြား ထိုးသွင်းလို့ရနိုင်တဲ့ ပစ္စည်းတွေထဲ ဆက်ဆံအာသာဖြေတာမျိုး လုပ်တက်ကြပါတယ်။ ဒီလို လုပ်တာဟာ လိင်တံကို ပွန်းပဲ့တာ ၊ ရောင်ရမ်းနာကျင်စေတာနဲ့ တခြား ရှင်းမရတဲ့ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ခြေရှိပါတယ်။ ဒါကြောင့် ဒီလို ပုံမှန်မဟုတ်တဲ့ ပစ္စည်းတွေထဲ ထိုးသွင်းဆက်ဆံ အာသာဖြေခြင်းကို လည်း ရှောင်ရပါမယ်။

Featured Photo : Lifehacker Australia