ကျွန်တော်တို့ လောကကြီးမှာ တစ်ယောက်တည်း ရှင်သန်နေထိုင်လို့မရပါဘူး။ ကိုယ်ပိုင်ဘဝမှာ ဖြစ်စေ၊ လုပ်ငန်းခွင်မှာ ဖြစ်စေ လူအများနဲ့ ဆက်ဆံပြီး ပေါင်းသင်းနေထိုင်ကြရပါတယ်။ ကျွန်တော်တို့နားမှာ ရှိနေသူများ တစ်နည်းအားဖြင့် ကျွန်တော်တို့ ပေါင်းသင်းနေသူများက ကျွန်တော်တို့ဘဝအပေါ် လွှမ်းမိုးမှုနဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ကျွန်တော်တို့ကို ချစ်မြတ်နိုးသူ၊ အားပေးသူ၊ နှစ်သိမ့်ပေးသူ၊ အကြံဉာဏ်ကောင်းများ ပေးတတ်သူများနဲ့ ဝန်းရံဖို့ လိုသလို အချို့သော သူများကို ကိုယ့်အနားမှာ လုံးဝမထားဘဲ ရှောင်ရှားတတ်ဖို့ လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ညီအစ်ကိုတို့ အနားမှာ ထားဖို့ လုံးဝမသင့်တဲ့ လူအမျိုးအစားအချို့ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

အခွင့်အရေးသမားများ

ညီအစ်ကိုတို့ အနားမှာ

Photo : Fourie Stott

ညီအစ်ကိုတို့ တို့ရဲ့ ပတ်ဝန်းကျင်မှာ အခွင့်အရေးသမားတွေကို တွေ့ဖူးပါသလား။ အခွင့်အရေးသမားတွေက  တိကျသောပန်းတိုင်တစ်ခုရှိပြီး ၎င်းတို့ရဲ့ အကျိုးရလိုမှုအတွက် သူတစ်ပါးကို သိပ်ပြီး ဂရုစိုက်လေ့ မရှိပါဘူး။ ဒါ့အပြင် အခြားသူများရဲ့ စိတ်ခံစားချက်များကိုလည်း လုံးဝ ထည့်သွင်းစဉ်းစားလေ့ မရှိပါဘူး။ အခွင့်အရေးသမားတွေက တစ်ကိုယ်ကောင်းဆန့်လေ့ရှိပြီး ၎င်းတို့ရဲ့ အကျိုးနဲ့ ရည်မှန်းချက် ပြည့်ဝဖို့ ဘယ်လိုအရာမျိုးကမဆို တရားမျှတတယ်လို့ ထင်မြင်တတ်ကြပါတယ်။ ဒီလို လူအမျိုးအစားတွေက အခြားသူများနဲ့ စစ်မှန်သော ခင်မင်ရင်းနှီးမှုလုံးဝမရှိတတ်ပါဘူး။ ကိုယ့်အနားမှာ ဒီလို အခွင့်အရေးသမားတွေ ရှိနေတဲ့အခါ တစ်ချိန်ချိန်မှာ ညီအစ်ကိုတို့ကိုလည်း အသုံးချလာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုလူမျိုးတွေကို လုံးဝရှောင်ကြဉ်ပါ။

အတုအယောင် သူငယ်ချင်း

ညီအစ်ကိုတို့ အနားမှာ

Photo : News18

တစ်ခါတစ်လေမှာ ကျွန်တော်တို့က ခင်မင်ရင်းနှီးတယ်လို့ ယူဆထားတဲ့ သူတွေကပဲ နောက်ကျောကို ဓားနဲ့ ထိုးသွားတာပါ။ ကိုယ့်ကို ခင်မင်ရင်းနှီးချင်ယောင်ဆောင်ပြီး ၎င်းတို့ရဲ့ အတွေးတွေထဲမှာ ကိုယ့်အပေါ် ပြိုင်ဆိုင်နေတာ၊ မနာလိုနေတာတွေ ရှိနိုင်ပါတယ်။ ဒီလိုမျိုး သူငယ်ချင်း အတုအယောင်များက ကိုယ်မြင့်မားနေချိန်မှာ အနားမှာ ရှိသော်လည်းပဲ ကိုယ်ဒုက္ခရောက်နေချိန်မှာတော့ စွန့်ခွာသွားပါလိမ့်မယ်။  ဒီလိုလူ အမျိုးအစားများစွာ ရှိသော်လည်း ယေဘုယျအားဖြင့် မိတ်ဆွေတို့အပေါ်ကောင်းတဲ့သူလို့ မသတ်မှတ်နိုင်ပါဘူး။ သို့သော်လည်း အတုအယောင်သူငယ်ချင်းမှန်း နောက်ကျမှ သိရတတ်ပါတယ်။ ဒါ့ကြောင့် အပေါင်းအသင်းတွေကို ရွေးချယ်ပေါင်းသင့်ပါ။

မနာလိုသူများ

Photo : Medium

ကိုယ့်အပေါ် မနာလိုဝန်တိုသောသူများကို ရှောင်ရှားဖို့ လိုသလို မိမိကိုယ်ကို အခြားသူများနဲ့ နှိုင်းယှဉ်နေပြီး သူတစ်ပါးကိုသော်လည်းကောင်း မိမိကိုယ်ကိုသော်လည်းကောင်း မကျေမနပ်ဖြစ်နေသူတွေကိုလည်း ရှောင်ရှားဖို့လိုပါတယ်။ မနာလိုသူတွေဟာ အပျက်သဘောဆောင်တဲ့အတွေးတွေ၊ အပြောတွေ (သူတို့မှာမရှိတဲ့အရာတွေ၊ သူတို့ကိုယ်သူတို့ ဒါမှမဟုတ် တခြားသူတွေကို မကြိုက်တာ) ကို အာရုံစိုက်လေ့ရှိကြပြီး ကံမကောင်းစွာနဲ့ပဲ ဒါက ကူးစက်တတ်ပါတယ်။ ပိုဆိုးတဲ့ အချက်ကတော့ မနာလိုသူများနဲ့ သူငယ်ချင်းဖြစ်ခြင်းက နောက်ဆုံးမှာ ကိုယ်ကိုယ်တိုင်ရဲ့ဘဝကို မနာလိုဖြစ်လာပြီး ပျော်ရွှင်မှုနဲ့ အေးချမ်းမှုကို ပျက်စီးစေပါတယ်။

အရှုံးသမားများ

Photo : Career Builders

ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ပေါင်းသင်းနေထိုင်သူများရဲ့ အပြုအမူတွေ၊ အတွေးအခေါ်တွေကလည်း ကိုယ့်အပေါ်လွှမ်းမိုးမှုရှိပါတယ်။ ညီအစ်ကိုတို့ ဘဝမှာ အောင်မြင်မှုကို ရယူချင်ရင် အောင်မြင်နေသူများ၊ ကြိုးစားသူများနဲ့ ဝန်းရံပြီး ၎င်းတို့ရဲ့ အတွေးအခေါ်တွေ၊ အလေ့အကျင့်တွေကို အပြူအမူတွေကို လေ့လာပြီး အတုယူပါ။ အရှုံးသမားများနဲ့ ပေါင်းသင်းတဲ့အခါ ၎င်းတို့ရဲ့ အတွေးအခေါ်နဲ့ အပြုအမူတွေက ကိုယ့်အပေါ် အနည်းနဲ့အများ လွှမ်းမိုးမှုရှိလာပြီး ကိုယ့်ရဲ့ဘဝပေါ်မှာ အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ လူအမျိုးအစားတွေကို ညီအစ်ကိုတို့ အနားမှာ လုံးဝမထားသင့်ပါဘူး။ ညီအစ်ကိုတို့ရဲ့ ဘဝအတွက် အကျိုးမဖြစ်ထွန်းစေတာကြောင့် ဒီလို လူမျိုးတွေ ကိုယ့်ရဲ့ အနားမှာ ရှိနေရင် ရှောင်ရှားဖို့လိုပါတယ်။

Source : A Great Mood

Featured Photo : Burn