ကွီးတို့ရဲ့ ရွှေပန်းလေး ညှိုး သွားတဲ့အခါ ချစ်တင်းနှော ဖို့ရာ အဆင်ပြေနိုင်ပါ့မလား။ အရဲစွန့်ပြီး ချစ်တင်းနှော ရင်ရော ဘယ်လိုမျိုး ဘေးထွက် ဆိုးကျိုးတွေ ဖြစ်နိုင်သလဲ။

လေ့လာချက်များအရ ရွှေပန်း ညှိုးသွားခြင်းအဖြစ်သည် ရုတ်ချည်းဆိုသလို ဖြစ်ပေါ်တာ မဟုတ်ပါဘူး။ တဖြည်းဖြည်းချင်းနဲ့ အစပြုတာဖြစ်ပါတယ်။ ကွီးတို့ မသိလိုက်ခင်မှာပဲ အစပြုတာဖြစ်ပါတယ်။ ဒီလိုနဲ့ ကွီးတို့ ဘယ်အချိန်မှာ သတိထားမိလာသလဲဆိုရင် ကိုယ့် စိတ်က ချစ်တင်းနှော ဖို့ စိတ်ပါ လက်ပါဖြစ်နေပေမယ့် ညီလေးက မနိုးထနိုင်တဲ့ အချိန်ကျမှ သိသွားမှာဖြစ်ပါတယ်။

ရွှေပန်း ညှိုး သွားရင် ဘယ်လိုမျိုး ချစ်တင်းနှော နိုင်မှာလဲ

couple on bed

ရွှေပန်းညှိုးတဲ့ ဒီဂရီက အမျိုးမျိုး ရှိပါတယ်။ ရောဂါ ပျော့နေတဲ့အချိန်မှာ မြန်မြန် ကုသနိုင်တယ်ဆိုရင်တော့ ကွီးတို့အတွက် မြန်မြန် ပြန်သက်သာလာနိုင်ခြေ များပါတယ်။ ပြီးရင် ကိုယ့်ရဲ့ ရွေးပန်းညှိုးရတဲ့ အကြောင်းအရင်းက ဘာ့ကြောင့်လဲဆိုတာကို သိရှိအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဥပမာ ဆိုကြပါစို့။ ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ် ၊ စိတ်ဖိစီးမှု များလို့ ရွှေပန်းညှိုးရတာဆိုရင် ထိုအကြောင်းအရင်းကို အရင်ဦးဆုံး ဖယ်ရှားပြီးမှသာလျှင် ချစ်တင်းနှော ဖို့ အဆင်ပြေမှာပါ။

ပထမဦးဆုံး ရှေ့ပြေး လက္ခဏာများက ဘာတွေလဲ

ညှိုး ချစ်တင်းနှော

ပထမဦးဆုံး လက္ခဏာကတော့ ချစ်တင်းနှော ဖို့ ရယ်ဒီဖြစ်နေပေမယ့် ကွီးတို့ ညီလေးက မနိုးထနိုင်တဲ့ အခြေအနေမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဒါကလည်း အမြဲတမ်းတော့ မဟုတ်ပါဘူး။ ရံဖန် ရံခါမှပါ။

နောက်ထပ် လက္ခဏာ တစ်ခုကတော့ ကွီးတို့ ညီလေးက နိုးတော့ နိုးကြားပါရဲ့၊ ဒါပေမဲ့ အချိန် အကြာကြီး မနိုးထနိုင်ဘဲ လမ်းတစ်ဝက်မှာ အိပ်မောကျသွားတဲ့အဖြစ်မျိုးပါ။

နောက်ဆုံး ရောဂါ ပြင်းလာပြီဆိုရင်တော့ ကွီးတို့ ညီလေးက ဘယ်လိုမှ နိုးမထနိုင်တော့တာမျိုးပဲ ဖြစ်ပါတယ်။

ဘယ်လို ကုသနိုင်မလဲ

ညှိုး ချစ်တင်းနှော

အရင်ဦးဆုံး ဆရာဝန်က ကွီးတို့ဆီမှာ အခြားသော ရောဂါ အခံတွေ ရှိ မရှိ စစ်ဆေးပါလိမ့်မယ်။ နှလုံးသွေးကြောကျဥ်း ရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ရောဂါများ၊ ဟော်မုန်း မညီမျှခြင်းများ ရှိမလားဆိုပြီး စစ်ဆေးခိုင်းပါလိမ့်မယ်။

ပြီးရင် ရလာတဲ့ ဆေးစစ်ချက်များအပေါ် မူတည်ပြီး သောက်ဆေး ပေးတာပြဖြစ်ဖြစ်၊ ဆေးထိုးတာပဲဖြစ်ဖြစ် ပြုလုပ်ခိုင်းပါလိမ့်မယ်။ ဒါမှမဟုတ် ကွီးတို့ ညီလေးကို နိုးကြားလာအောင် ကူညီပေးမယ့် Vacuum Pumps လိုမျိုး ညှစ်စက်လေး သုံးခိုင်းပြီး ကွီးတို့ ညီလေးဆီ သွေးလှည့်ပတ်မှု ရှိအောင် ပြုလုပ်ခိုင်းပါလိမ့်မယ်။ တချို့ဆရာဝန်များကလည်း လိုအပ်ပါက ခွဲစိတ် ကုသခိုင်းပါလိမ့်မယ်။

ဒါ့အပြင် ကွီးတို့ရဲ့ နေထိုင်မှု ပုံစံနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ အညီ ပြောင်းလဲဖို့ အကြံပေးပါလိမ့်မယ်။ လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ခိုင်းတာပဲဖြစ်ဖြစ်၊ ဆေးလိပ် ဖြတ်ခိုင်းတာမျိုးပဲဖြစ်ဖြစ် ပြုလုပ်ခိုင်းပါလိမ့်မယ်။

ကွီးတို့သာ ကုသမှု မှန်မှန် ခံယူမယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာ သက်သာပျောက်ကင်းနိုင်ပါတယ်။

ကွီးတို့ရဲ့ ညီလေးရော ချစ်တင်းနှော ခါနီးမှာ နိုးနိုး ကြားကြား ရှိရဲ့လား။

Source: Medicalnewstoday

Featured Image: Plannedparenthood.org