ဂိမ်းချစ်သူ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ ကြောင်တောင်တောင် နိုင်တယ်လို့ ထင်ရပေမယ့် ဆော့နေရင်းကို အူတက်နေရမယ့် ပေါက်ပေါက်ရှာရှာ ဂိမ်း အစားကြီးတွေကို တင်ဆက်ပေးပါမယ်။

(၁) Walk Master

Source : Two Men and a Dog

ဒီဂိမ်းကတော့ Walk Master ဆိုတဲ့အတိုင်း ကွီးတို့ လမ်းလျှောက် စကေး ဘယ်လောက်ကြမ်းလဲဆိုတာ ကြည့်ရမယ့် တကယ်စားတဲ့ ဂိမ်း တစ်ခုပါ။ ရိုးရိုးတမ်းတမ်း လမ်းလျှောက်ရမှာတော့ မဟုတ်ပါဘူး။ ကုလားမ ခြေထောက်လို့ခေါ်တဲ့ သစ်သားတုတ်ပေါ်တက်ပြီး လမ်းလျှောက်ရမှာ ဖြစ်ပါတယ်။ အတားအဆီးတွေ ၊ အနှောင့်အယှက်တွေကို ကျော်ဖြတ်ရင်း တောလမ်းတစ်လျှောက် ပျော်ပျော်ပါးပါး လမ်းလျှောက်ထွက်ရမယ့် ဂိမ်းလေး ဖြစ်ပါတယ်။

(၂) Ragdoll Fists

 

 

Source : lonriv studio

အမှန်အကန် ကြုံးချင်တဲ့ ကွီးတို့ကတော့ Ragdoll Fists ဂိမ်း ကို ဆော့ကြည့် သင့်ပါတယ်။ Kung-Fu အခြေခံ သိုင်းကွက် အစားကြီးတွေနဲ့ ရန်သူတော်တွေကို အမှန်အကန် တိုက်ခိုက်ခြေမှုန်းရမှာ ဖြစ်ပါတယ်။

(၃) Goat Simulator

Source : PlayStation

လုပ်ချင်ရာတွေ လုပ်လျောက်ပြီး ခွီချင်တယ်ဆိုရင်တော့ Goat Simulator ဂိမ်း ကို ဆော့ကြည့်ပါ။ ကွီးတို့ လေလွင့်နေတဲ့ ဆိတ်ကြီး တစ်ကောင်ဖြစ်နိုင်မယ့် အခွင့်အရေးကို ဒီဂိမ်းက ပေးပါလိမ့်မယ်။ ကွီးတို့က ဆိတ်တစ်ကောင်နေရာကနေ ကစားရမှာဖြစ်ပြီး တက်နိုင်သမျှ အပျက်အစီးတွေ လိုက်လံဖန်တီးရမှာ ဖြစ်ပါတယ်။

(၄) Zombie Run 2

Source : RetroStyle Games

Zombie Run 2 ကတော့ အမှန်အကန် ပြေးရမယ့် Survival ဂိမ်းတစ်ခု ဖြစ်ပါတယ်။ လမ်းတစ်လျှောက်က အတားအဆီးတွေကို ခုန်ပျံကျော်လွှားရင်း ဖုတ်ကောင် လက်ကနေလွှတ်အောင် ပြေးရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးမှာ အက်ရှင်ဆန်ဆန် Game Play ပုံစံတွေ ပါဝင်ပြီး ရယ်စရာကောင်းသလို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဆော့ကစားရမှာ ဖြစ်ပါတယ်။

Source : ECHO Gaming

Featured Photo : Two Men and a Dog