ဘောလုံးဂိမ်း တွေအကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးထောင် ပါပဲ။ ဂိမ်းချစ်သူ ယောကျာ်းလေးတိုင်းနီးပါးကို ဘောလုံးဂိမ်းတွေ ကြိုက်နှစ်သက်ကြသလို ရွေးချယ်ဆော့ကစားစရာ ဂိမ်းတွေကလည်း အများကြီးပါ။ ဒီတစ်ခေါက်မှာလည်း တကယ်မိုက်တဲ့ ဘောလုံးဂိမ်းတွေမှ ဆော့ချင်ပါတယ်ဆိုတဲ့ ကွီးတို့အတွက် တကယ်မိုက်တကယ်လန်းတဲ့ ဂိမ်းအချို့ကို ရွေးချယ်တင်ဆက် ပေးသွားချင်ပါတယ်။

(၁) Soccer Star 24

Soccer Star 24

Photo :  Android Authority

Soccer Star 24 ကတော့ တော်တော်လေး Fun ဖြစ်တဲ့ ဘောလုံးဂိမ်း တစ်ခုပါ။ အကောင်းဆုံး မဟုတ်ရင်တောင်မှ ကောင်းတဲ့ ဘောလုံးဂိမ်းစာရင်းထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ Controls တွေ ရိုးရှင်းတယ် ၊ Graphics လည်း မဆိုးလှဘူးဆိုတာထက်ကို ပိုတယ်။ ဂိမ်း Developer တွေဘက်ကနေ နှစ်စဉ် Update တွေလည်းပေးနေတာဆိုတော့ ဒီဂိမ်းက တော်တော်လေး ဆော့ရအဆင်ပြေနေတဲ့ ဘောလုံးဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Soccer Star 24 ဂိမ်းလေးကို Free To Play ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

(၂) Ultimate Soccer

Ultimate Soccer

Photo :  Android Authority

Ultimate Soccer ကတော့ ဗျူဟာမြောက်တဲ့ ကစားကွက်တွေနဲ့ လျင်မြန်တဲ့ လုပ်ဆောင်ချက်တွေကို ပေါင်းစပ်ဖန်တီးပေးထားတဲ့ အမိုက်စား ဘောလုံးဂိမ်း တစ်ခုဖြစ်ပါတယ်။ Controls နဲ့ ဂိမ်းထဲက ကစားသမားတွေရဲ့ လှုပ်ရှားမှုက ထပ်တူကျအောင်ကို သေချာလေး ဖန်တီးပေးထားတာ တွေ့ရပါတယ်။ စိန်ခေါ်မှု ပြင်းထန်ပြီး ခက်ခက်ခဲခဲ ကျော်ဖြတ်ဆော့ကစားရမယ့် League Mode ၊ World Cup Mode တွေလည်း ထည့်သွင်းပေးထားပြီး တော်တော်လေး မိုက်တယ်ဆိုတဲ့ ဂိမ်းအတွေ့အကြုံကို ခံစားရရှိနိုင်စေမှာပဲ ဖြစ်ပါတယ်။ Ultimate Soccer ဂိမ်းကလည်း Free To Play ဆော့လို့ ရပါတယ်။

(၃) World Soccer League

World Soccer League

Photo :  Android Authority

World Soccer League ကတော့ တကယ်ကြီးကို မိုက်တဲ့ ဘောလုံးဂိမ်း တစ်ခုလို့ ပြောရမှာပါပဲ။ ဒီဂိမ်းမှာ အသင်းပေါင်း ၁၂၀ ကျော် ၊ ကစားသမားပေါင်း ၂၀၀၀ ကျော်နဲ့ Game Modes ၄ ခု ၊ ပြိုင်ပွဲတွေနဲ့ ဘာသာစကား ၁၅ မျိုးအထိ ရွေးချယ်နိုင်အောင် ဖန်တီးပေးထားပါတယ်။ ဂိမ်းပုံစံ ရိုးရှင်းပြီး နည်းနည်းလေး နှေးတဲ့ဘက်ကို သွားတယ်ဆိုပေမယ့် Graphics ကတော့ ကောင်းတဲ့ အထဲမှာ ပါပါတယ်။ World Soccer League ဂိမ်းလေးကိုလည်း Free To Play ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

(၄) Head Soccer La Liga

Head Soccer La Liga
Photo :  Android Authority

Head Soccer La Liga ရဲ့ ထူးခြားချက်ကတော့ ဒီဂိမ်းက စပိန်မှာ Official La Liga ဘောလုံးဂိမ်း တစ်ခုဖြစ်တာပါ။ ကစားပွဲ ၁ ပွဲအတွင်းမှာ Players ၂ ဦး အတူတူ ဆော့ကစားနိုင်သလို AI နဲ့လည်း ယှဉ်ပြိုင်ကစားလို့ ရပါတယ်။ ဒီဂိမ်းက Pong ဂိမ်းနဲ့ ဆင်တူတယ်ထင်ရပေမယ့် မတူကွဲပြားတဲ့ထူးခြားချက်တွေ အများကြီး ပါပါတယ်။ Gameplay ပုံစံက ရိုးရိုးရှင်းရှင်းလေးနဲ့ တော်တော်လေး ဆွဲဆောင်မှု ရှိရှိ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ Head Soccer La Liga ဂိမ်းကလည်း Free To Play ဂိမ်းအမိုက်စားလေး တစ်ခုပါပဲ။

Source : Android Authority

Featured Photo : Electronic Arts – EA