ယောကျာ်လေး တော်တော်များများက ဆံပင်စတိုင်နဲ့ ပတ်သတ်လာရင် အရမ်းကြီး ခေါင်းမစားချင်ကြပါဘူး။ အဓိကအားဖြင့်တော့ ပေါ့ပေါ့ပါးပါးနဲ့ သပ်သပ်ရပ်ရပ် ရှိရမယ့် ၊ အထူးတလည် ပုံသွင်းနေစရာမလိုပဲ စတိုင်ကျတဲ့ ဆံပင်စတိုင်တွေကို နှစ်သက်ကြပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ ယောကျာ်းလေးတွေအတွက် တကူးတက သ,နေစရာမလိုပဲ စတိုင်ကျဖို့ ညှပ်သင့်တဲ့ ဆံပင်ကေတွေကို ပြောပြပေးပါမယ်။

(၁) Crew Cut

Crew Cut

Photo : The Trend Spotter

သပ်သပ်ရပ်ရပ်နဲ့ မျက်နှာကို ပိုထင်းသွားစေမယ့် ဆံပင်ကေ လို့ပြောရင် Crew Cut က ထိပ်ဆုံးက ပါပါတယ်။ ယောကျာ်းဆန်တယ် ၊ ပေါ့ပါးသပ်ရပ်ရှိတယ် ၊ ရိုးရိုးရှင်းရှင်းနဲ့ အများကြီး ပုံသွင်းစရာမလိုပဲ စတိုင်ကျ စေမှာပါ။ Crew Cut ရဲ့ ပုံစံကတော့ ဘေးနောက်တွေကို ခပ်ပါးပါးညှပ်ထားပြီး အဓိကအားဖြင့် ရှေ့ဆံပင်ကို အနည်းငယ် အရှည်ထားကာ လှန်ဖြီးထားရမှာပါ။ စိန်တုံးပုံ မျက်နှာကျရှိသူတွေ ၊  မျက်နှာကျလေးထောင့်ဆန်တဲ့သူတွေနဲ့ ပိုပြီး လိုက်ဖက်ပါတယ်။

(၂) Clean Shave

Clean Shave

Photo : The Trend Spotter

နောက်တယ်လို့တော့ မထင်ပါနဲ့။ ကွီးတို့က Jason Statham တို့ Dwayne Johnson တို့လို ဟောလိဝုဒ် စတားတွေရဲ့ အမာခံဖန်ဆိုရင် ဒီဆံပင်ကေက ဘယ်လောက်ထိ အထာကျတယ်ဆိုတာကို လက်ခံနိုင်မှာပါ။ ကတုံးကိုပြောင်နေအောင် တုံးထားပြီး နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်မွှေးထားမယ်ဆိုရင် ပိုပြီးလိုက်ဖက်ပါတယ်။ ဆံပင်ထိန်းသိမ်းမှုနဲ့ ပတ်သတ်ပြီးတော့ ဘာမှကိုလုပ်စရာ မလိုတော့တာပါ။ တကယ်လို့ ကွီးတို့က ကတုံးအပြောင်ကြီး ရိတ်ဖို့ မရဲဘူးဆိုရင် ခပ်တိုတို ခပ်ပါးပါး Buzz Cut ဆံပင်စတိုင် ထားကြည့်လို့ ရပါတယ်။

(၃) Ivy League

Ivy League

Photo : The Trend Spotter

ယောကျာ်းဆန်ဆန်နဲ့ ကြည့်ကောင်းစေတဲ့ နောက်ထပ် ဆံပင်ပုံစံ တစ်ခုကတော့ Ivy League ပါ။ ဒီဆံပင်ကေ ကလည်း Low-maintenance Haircut တစ်ခုပါပဲ။ ဘေးနောက်ကို သပ်သပ်ရပ်ရပ် ညှပ်ထားပြီး အပေါ်ကိုတော့ အနည်းငယ် ခပ်ရှည်ရှည် ထားရပါမယ်။ မျက်နှာကျရှည်တဲ့ ကွီးတွေနဲ့ ပိုလိုက်ဖက်ပြီး မျက်နှာကို ပိုမိုပေါ်လွင်မှာစေမှာပဲ ဖြစ်ပါတယ်။

(၄) French Crop

French Crop

Photo : The Trend Spotter

ဒီဘက်ခေတ် ခေတ်လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ဆံပင်ကေ တစ်ခုပါ။ French Crop က Stylish ဖြစ်တယ် ၊ Modern ဆန်တယ် ၊ တကူတက ပုံသွင်းနေစရာမလိုပဲ စတိုင်ကျ စေမှာ ဖြစ်ပါတယ်။ ဘေးနောက်ကို ခပ်ပါးပါး ရှိတ်ထိုးထားပြီး အပေါ်ဆံပင်ကိုတော့ အရှည်ထားရမှာပါ။ ရှေ့ဆံပင်ကို ခပ်တိတိညှပ်လို့ရသလို မျက်နှာကျပေါ်မူတည်ပြီး အတိုအရှည် စိတ်ကြိုက်ချိန်ဆ ညှပ်လို့ရပါတယ်။

Featured Photo : AugustMan