တက်တူး ချစ်သူ ကွီး တို့အတွက် ရွှေဥဒေါင်းပုံတက်တူးများသည် ထူးခြားဆန်းပြားသောတက်တူးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဒေါင်းငှက်ပုံတက်တူးများသည် လှပကျော့ရှင်းမှုကို ကိုယ်စားပြုပြီး အရောင်မျိုးစုံအသုံးပြုကာ တက်တူးရေးထိုးနိုင်ပါတယ်။
ဒေါင်းပုံတက်တူးများတွင် များသောအားဖြင့် ငှက်ရဲ့အမြီးသည် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ၆၀ ရာခိုင်နှုန်းခန့်ကို နေရာယူထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် တက်တူးဒီဇိုင်းကို သေချာပုံဖော်ကာ အချိုးကျကျ ရေးထိုးဖို့လိုအပ်ပါတယ်။
ကွီးတို့အနေနဲ့ မိမိရဲ့ခန္ဓာကိုယ်ပေါ်မှာ ရွှေဥဒေါင်းပုံ တက်တူးများနဲ့ အနုပညာလက်ရာမြှောက်အောင် ပုံဖော်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် တက်တူးဒီဇိုင်းများကို ရေးထိုးနိုင်ပါတယ်။
ပန်းပွင့်များကြား လှပနေတဲ့ ဥဒေါင်းပုံတက်တူး
အနက်ရောင်ကိုသာ ပုံဖော်ကာ အသုံးပြုထားတဲ့ တက်တူး

ခြေသလုံးပေါ်မှာ ရေးထိုးထားတဲ့ ဒေါင်းငှက်ပုံတက်တူး

လက်ပေါ်မှာ ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်း

လှပကျော့ရှင်းနေတဲ့ ဒေါင်းငှက်ပုံတက်တူး

ဒေါင်းပုံတက်တူးနှင့် သိမ်းငှက်ပုံတက်တူး

လက်ကောက်ဝတ်မှာ ရေးထိုးထားတဲ့ တက်တူးအသေးစား

ခြေထောက်တစ်ခုလုံးမှာ နေရာယူထားတဲ့ ဒေါင်းပုံတက်တူးအကြီးစား

ဒေါင်းနှင့် ခြင်္သေ့ပုံတက်တူး

ဆေးသုတ်တံကို ကိုင်ထားတဲ့ ဒေါင်းပုံတက်တူး

အထက်ဖော်ပြပါ ဒေါင်းပုံတက်တူးများသည် အမျိုးသားတက်တူးချစ်သူများကြားသာမက အမျိုးသမီးတက်တူးချစ်သူများအကြားပါ ရေပန်းစားပါတယ်။
ရွှေဥဒေါင်းပုံတက်တူးများသည် လှပကျော့ရှင်းခြင်းကို ကိုယ်စားပြုသလို မာန်မာနကြီးမားထောင်လွှားခြင်းကိုလည်း ကိုယ်စားပြုပါသေးတယ်။ လူတစ်ယောက်ချင်းစီရဲ့ အဓိပ္ပာယ်ဖွင့်ဆိုပုံပေါ်မူတည်ပြီး တက်တူးအဓိပ္ပာယ်များသည်လည်း ပြောင်းလဲသွားပါတယ်။
Source: Nextluxury.com
Featured Image: Nextluxury.com

