တက်တူး ချစ်သူအများစုကတော့ ကိုယ့်ဘဝရဲ့ တန်ဖိုးရှိတဲ့ နေ့စွဲတွေ ၊ အရေးကြီးတဲ့ နံပါတ်ကိန်းဂဏန်းတွေ ၊ ကံကောင်းစေတယ်လို့ ယုံကြည်ထားကြတဲ့ အက္ခရာနံပါတ်တွေကို တက်တူးတစ်ခုအနေနဲ့ အရေပြားပေါ်မှာ တစ်သက်စာ မှတ်တမ်းတင် ရေးထိုးလေ့ ရှိကြပါတယ်။ ဒီလို့ ကိန်း ဂဏန်းနဲ့ နံပါတ်တွေ ရေးထိုးရာမှာ အများစု ထိုးဖြစ်ကြတဲ့ တက်တူးစတိုင်တစ်မျိုးက ရောမကိန်းဂဏန်း တက်တူးတွေပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ရောမ ဂဏန်းတွေနဲ့ အမိုက်စားတက်တူးပုံတွေ ရေးထိုးချင်တဲ့ ကွီးတို့အတွက် ဘယ်လို တက်တူးဒီဇိုင်းတွေ‌ ရေးထိုးလို့ ရနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ရောမဂဏန်း နေ့စွဲ တက်တူးဒီဇိုင်း

Photo : The Trend Spotter

ကွီး တို့ ဘဝထဲက အဓိပ္ပာယ်အရှိဆုံး နေ့ရက်တွေကို ရောမဂဏန်း ပုံစံနဲ့ တက်တူးရေးထိုးမယ်ဆိုရင်တော့ လုံးဝအထာကျနေမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ မွေးနေ့ ၊ ချစ်သူ စဖြစ်တဲ့ နေ့ ၊ မင်္ဂလာဆောင်တဲ့ နေ့ အစရှိသဖြင့် ဘဝရဲ့ အမှတ်တရအဖြစ်ဆုံး နေ့စွဲတစ်ခုခုကို ရောမကိန်းဂဏန်းနဲ့ အမိုက်စား တက်တူးပုံရေးထိုး နိုင်ပါတယ်။

(၂) ရောမဂဏန်းနဲ့ နာရီပုံတက်တူးဒီဇိုင်း


Photo : The Trend Spotter

နာရီပုံ တက်တူးဒီဇိုင်းတွေက တက်တူးချစ်သူ ကွီးတွေကြား အရေးများတဲ့ ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ နာရီပုံ တက်တူးတွေက ဘဝနဲ့ သေဆုံးခြင်းဆိုတဲ့ အဓိပ္ပာယ်သက်ရောက်မှုတွေ ရှိပါတယ်။ နာရီဒိုင်ခွက်ပေါ်က နံပါတ်တွေနေရာမှာ ရောမကိန်းဂဏန်းစတိုင်နဲ့ ဆွဲဆောင်မှုရှိရှိ ရေးထိုးလို့ ရပါတယ်။

(၃) ရောမဂဏန်းနဲ့ နှင်းဆီပုံ တက်တူးဒီဇိုင်း


Photo : The Trend Spotter

ရောမဂဏန်းနဲ့ နှင်းဆီပုံ တက်တူးဒီဇိုင်းကလည်း လူကြိုက်များတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ ယောကျ်ားလေးတွေရော မိန်းကလေးတွေ ရေးထိုးလေ့ရှိကြတဲ့ တက်တူးဒီဇိုင်းလည်း ဖြစ်ပါတယ်။ အနီရောင် နှင်းဆီက စိတ်အားထက်သန်မှု ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ဆက်စပ်နေပြီး အနက်ရောင်ကတော့ ဝမ်းနည်းခြင်းနဲ့ သေဆုံးခြင်းကို ကိုယ်စားပြုပါတယ်။

(၄) ရောမဂဏန်းနဲ့ ငှက်မွေးပုံ တက်တူးဒီဇိုင်း


Photo : The Trend Spotter

ရောမဂဏန်းကို လွတ်လပ်မှု ၊ ဉာဏ်ပညာ ၊ ခွန်အားတွေနဲ့ ဆက်စပ်နေတဲ့ ငှက်မွေးပုံ တက်တူးဒီဇိုင်းနဲ့ တွဲဖက်ရေးထိုးရင် အမိုက်ဆုံးဖြစ်ပါတယ်။ အမွေးအတောင် အမျိုးအစားအလိုက် အဓိပ္ပာယ်ဖွင့်ဆိုပုံခြင်းမတူကြပဲ လင်းယုန်ငှက်ရဲ့ အမွေးကတော့ ရဲစွမ်းသတ္တိကို ကိုယ်စားပြုပြီး ဇီးကွက်အမွေး ကတော့ ဉာဏ်အလင်းကို ကိုယ်စားပြုပါတယ်။

(၅) ရောမဂဏန်းနဲ့ နာမည် တက်တူးဒီဇိုင်း

Photo : The Trend Spotter

ရိုးရိုးရှင်းရှင်းနဲ့ အထာကျချင်တဲ့ ကွီး တို့ကတော့ ရောမဂဏန်းနဲ့ နာမည်ကို တွဲဖက်ပြီး ရေးထိုးနိုင်ပါတယ်။ ကိုယ့်ရဲ့ နာမည် ၊ မိဘတွေရဲ့ နာမည်၊ မောင်နှမနဲ့ အချစ်ရဆုံး သူငယ်ချင်းတွေ ၊ လက်တွဲဖော်တွေရဲ့ နာမည်လေးတွေကိုလည်း ရေးထိုးနိုင်ပါတယ်။ နာမည်နဲ့ ဆက်စပ်မှုရှိတဲ့ နေ့စွဲတစ်ခုခုကိုတော့ ရောမဂဏန်း စတိုင်နဲ့ တွဲဖက်ရေးထိုး လို့ရပါတယ်။

Featured Photo : The Trend Spotter